*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 29 November 2013

ကျွန်တော် သမီးလေးနဲ့ ဆော့နေတုန်း...

 Friday, November 29, 2013

ကျွန်တော် သမီးလေးနဲ့ ဆော့နေတုန်း...

`ဖေဖေ...နိုင်ငံခြားပြန်သွားမလို့ဆို´
`အင်း...´

`ဘယ်တော့ ပြန်လာမှာလဲ´
`နောက်တစ်ပတ်ရဲ့ နောက်ထပ် တစ်ပတ်´

`အကြာကြီးလိုပဲ...အဲ့ဒီ့နောက်တပတ်ရဲ့ နောက်ထပ်တပတ်ရဲ့ ဘယ်နေ့ပြန်လာမှာလဲ´
`စနေနေ့ ပြန်ရောက်မှာ´

`ဘာလို့ အဲ့လောက်တောင်အကြာကြီးနေမှာလဲ´
`သမီးလေး အတွက် ဖေကြီး အရုပ်တွေအများကြီးဝယ်ပေးဖို့ ပိုက်ဆံသွားရှာမှာ´

သမီးလေး ခေါင်းလေးကိုစောင်းပြီး မျက်လုံးကို အပေါ်ကိုမော့ကြည့်ပြီး ခဏငြိမ်သွားတယ်။

`ဒါဆို မနက်ပြန်ရောက်မှာလား ညပြန်ရောက်မှာလား´
`ညမှ ပြန်ရောက်မှာ´

`ဘာလို့စောစောပြန်လာပြီး သမီးနဲ့ မဆော့တာလဲ။´
ကျွန်တော် သမီးမေးခွန်းတွေကို ဆက်ဖြေချင်စိတ်မရှိတော့။ ခဏလောက်ငြိမ်သက်သွားမိတယ်။

`ဖေဖေ...မအိပ်ချင်သေးဘူးဆိုရင်...သမီးနဲ့ ဒါလေး ထပ်ကစားပါလားဟင်...´

ကျွန်တော့်ကိုမော့ကြည့်လိုက်တဲ့ မျက်ရည်တွေဝေ့နေတဲ့ သမီးမျက်လုံးတွေကို ကြည့်ရင်း ကျွန်တော့်ရင်ဘတ်ထဲ စူးခနဲဖြစ်သွားတယ်။ သမီး လိုချင်တာ ကျွန်တော် ၀ယ်ပေးမယ့် အရုပ်တွေမဟုတ်ဘူး ဆိုတာကို ကျွန်တော် သိလိုက်ရပါပြီ။



(အဲ့ဒီ့ စကားပြောခန်းတိုတိုလေးကိုဖတ်ပြီး မိဘနဲ့ ဝေးနေတဲ့ ကျွန်တော် ရင်ဘတ်ထဲ စူးခနဲဖြစ်သွားတယ်။)


သိုးငယ်


ကျွန်တော် သမီးလေးနဲ့ ဆော့နေတုန်း...

`ဖေဖေ...နိုင်ငံခြားပြန်သွားမလို့ဆို´

`အင်း...´

`ဘယ်တော့ ပြန်လာမှာလဲ´
`နောက်တစ်ပတ်ရဲ့ နောက်ထပ် တစ်ပတ်´

`အကြာကြီးလိုပဲ...အဲ့ဒီ့နောက်တပတ်ရဲ့ နောက်ထပ် တပတ်ရဲ့ ဘယ်နေ့ပြန်လာမှာလဲ´
`စနေနေ့ ပြန်ရောက်မှာ´





`ဘာလို့ အဲ့လောက်တောင်အကြာကြီးနေမှာလဲ´
`သမီးလေး အတွက် ဖေကြီး အရုပ်တွေအများကြီးဝယ်ပေးဖို့ ပိုက်ဆံသွားရှာမှာ´

သမီးလေး ခေါင်းလေးကိုစောင်းပြီး မျက်လုံးကို အပေါ်ကိုမော့ကြည့်ပြီး ခဏငြိမ်သွားတယ်။

`ဒါဆို မနက်ပြန်ရောက်မှာလား ညပြန်ရောက်မှာလား´
`ညမှ ပြန်ရောက်မှာ´

`ဘာလို့စောစောပြန်လာပြီး သမီးနဲ့ မဆော့တာလဲ။´
ကျွန်တော် သမီးမေးခွန်းတွေကို ဆက်ဖြေချင်စိတ်မရှိတော့။ ခဏလောက်ငြိမ်သက်သွားမိတယ်။

`ဖေဖေ...မအိပ်ချင်သေးဘူးဆိုရင်...သမီးနဲ့ ဒါလေး ထပ်ကစားပါလားဟင်...´

ကျွန်တော့်ကိုမော့ကြည့်လိုက်တဲ့ မျက်ရည်တွေဝေ့နေတဲ့ သမီး မျက်လုံးတွေ ကို ကြည့်ရင်း ကျွန်တော့် ရင်ဘတ် ထဲ စူးခနဲဖြစ်သွားတယ်။ သမီး လိုချင်တာ ကျွန်တော် ၀ယ်ပေးမယ့် အရုပ်တွေ မဟုတ်ဘူး ဆိုတာကို ကျွန်တော် သိလိုက်ရပါပြီ။



(အဲ့ဒီ့ စကားပြောခန်း တိုတိုလေးကို ဖတ်ပြီး မိဘနဲ့ ဝေးနေတဲ့ ကျွန်တော် ရင်ဘတ်ထဲ စူးခနဲဖြစ် သွားတယ်။)


သိုးငယ်
 From...Facebook

No comments:

Post a Comment