*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday, 20 November 2013

အသေမဦးမီ… ဆည်းဆာရိပ်ဝယ်



ပြီးခဲ့သည့်နှစ်ဆန်းပိုင်း က ကမ္ဘာပေါ်တွင်လူသား သန်းပေါင်း ၇ဝဝဝပြည့် သွားပြီဖြစ်လေသည်။ ထိုအထဲတွင် သက်ကြီးရွယ်အိုမှာ ဆယ်ရာခိုင်နှုန်း (သန်းပေါင်း ၇ဝဝ) ရှိနေ သည်။ ၂ဝ၂၅အရောက်တွင် ယခုလက်ရှိ သက်ကြီးဦးရေထက်နှစ်ဆ ဖြစ်လာမည်ဟုလည်း ဆိုသည်။

သို့ဆိုလျှင်၂ဝ၂၅ ၌ကမ္ဘာ့သက် ကြီးဦးရေသည် တရုတ်နိုင်ငံ၏ လူ ဦးရေနှင့်တူညီလာမည် လည်း ဖြစ် သည်။ မြန်မာနိုင် ငံ တွင်တော့ လူဦးရေသန်း၆ဝတွင် သက်ကြီး ရွယ်အိုအချိုး အစားက လာမည့် နှစ်နှစ် အတွင်း မှာ ပင် ဆယ် ရာ ခိုင်နှုန်း အထိ တိုးတက်လာ မည်ဖြစ် ရာခြောက်သန်းကျော် မျှရှိ လာမည်ဟုပင် ခန့်မှန်းကြည့် နိုင် ပါသည်။



မြန်မာ့လူမှုဓလေ့အရ အိမ်ထောင်တစ်ခုရယ်လို့ ဖြစ် တည်လာလျှင် သူ့ဘက်ကိုယ့် ဘက် မရွေးကြ၊ မကြည့်ကြ ဘဲ ဆင်းသက်ပေါက်ပွားလာသော ရင်သွေးသား သမီးမြေြး မစ်များ နှင့်အတူ သိုက်သိုက် ဝန်းဝန်းနေ ကြသည့် အလေ့ရှိသည်မို့ အစွန့် ပယ်ခံသက်ကြီးရွယ်အို အနည်း အကျဉ်းသာ တွေ့နေရပါသည်။ 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ေ ရးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှထုတ်ပြန်ထားသော စာရင်းအရ -
မြန်မာနိုင်ငံတိုင်းဒေသကြီး နှင့်ပြည်နယ်အသီးသီးတွင် လူမှုဝန်ထမ်းအသိအမှတ်ပြု ဘိုးဘွားဂေဟာ ၅၈ လုံးရှိသည်။ ဘိုးဘွားဂေဟာခေါ် သက်ကြီး စောင့်ရှော က်ရေးဂေ ဟာကြီး များတိုင်းဒေ သကြီးနှင့် ပြည်နယ် အသီးသီး တွင်ရှိသည်။ 

ကချင်တစ်လုံး၊ ကယား နှစ်လုံး၊ ချင်း တစ်လုံး၊ စစ်ကိုင်း နှစ်လုံး၊ တနင်္သာရီ နှစ်လုံး၊ ပဲခူး ကိုးလုံး၊ မကွေး ငါးလုံး၊ မန္တလေး ကိုးလုံး၊ မွန် သုံးလုံး၊ ရခိုင်နှစ်လုံး၊ ရန်ကုန်ဆယ့်တစ်လုံး၊ရှမ်း လေးလုံး၊ဧရာဝတီခြောက် လုံး နှင့်နေပြည်တော်တစ်လုံးတို့ ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်ဦးမြင့်ဆွေကတော့ မြန်မာနိုင်ငံတွင် ဘိုးဘွားရိပ် သာ ၆၁ခု ရှိသည်ဟု ဆိုသည်။ ပုဂ္ဂလိကကုမ္ပဏီများ၊ စေတနာ ရှင်များကဆောင် ရွက်နေသည့် ဂေဟာများပါထည့်သွင်းတွက် ချက်ထား သည်ဟု ယူဆရပါ၏။ 

ဘိုးဘွားဂေဟာ ၆၁လုံး တွင် သက်ကြီးရွယ်အိုဦးရေ ၂၅ဝဝကျော် ကို စောင့်ရှောက် ထား သည်။ ရန်ကုန်တိုင်းဒေသ ကြီးတစ်ခုတည်းမှာပင်အသက် ၉၅နှစ်နှင့် အထက် ပုဂ္ဂိုလ်၂၇ဝ ဦးကျော် ရှိနေသည်။ ရန်ကုန် တိုင်းဒေသကြီးသည်သက်ကြီး ရွယ်အို ဦးရေအ များ ဆုံးလည်းဖြစ် သည်။

မြန်မာနိုင်ငံနှင့် သက်ကြီးရွယ်အို စောင့်ရှောက်မှု

အင်္ဂလိပ်- မြန်မာ ဒုတိယ စစ်ပွဲအလွန် ၁၈၅၆ခုနှစ်က ဖြစ်သည်။ပြင်သစ်နိုင်ငံ ပဲရစ် မြို့မှ ခရစ်ယာန် ဘုန်းတော်ကြီး ဘီဂင်ဒက်သည် မြန်မာနိုင်ငံ၊ မော်လမြိုင်မြို့သို့ ခရစ် ယာန် သာသနာပြုရန် ရောက်ရှိလာခဲ့ သည်။ သူက မြန်မာစကားကို ကောင်းမွန်ရည်လည်စွာ တတ် ကျွမ်းသူဖြစ်သည်။ မြန်မာနိုင် ငံဒေသ အနှံ့အပြားသို့ သွားလာ ခဲ့ပြီး ဗုဒ္ဓဘာသာဝင်များနှင့် ကြိမ်ဖန်များစွာတွေ့ဆုံသည်။သည့်နောက်ပိုင်း ရတနာ ပုံ နေပြည်တော်သို့ရောက်ရှိ ကာ မင်း တုန်းမင်း တရားကြီးနှင့် တွေ့ ဆုံပြီးဘာ သာရေး ကိစ္စ များ ကိုဆွေးနွေးခဲ့သည်။ 

မင်းတုန်း မင်းကချီးမြှင့်သော ဆင်သုံး စီး၊ လှေတစ်စင်းဖြင့်ဘရင်ဂျီဘာ သာဝင်များရှိရာ ဒေသများသို့ ဗန်းမော်အထိ ဆန်တက် သည်။ ဂေါတမ ဘုရားရှင်၏ဗုဒ္ဓဝင် ( Life and Legand of Gautama )စာအုပ်ကိုရေးသားပြီး ၁၈၅၈ခုနှစ်တွင် ပုံနှိပ် ထုတ်ဝေခဲ့သည်။

 ပြင်သစ် ဘုန်း တော်ကြီးဘီဂင်ဒက်သည် ၁၈၈၉ ခုနှစ်တွင်ရန်ကုန်မြို့ စတော့ ကိတ်လမ်း(သိမ်ဖြူလမ်း)တွင် လူအိုရုံကိုစတင် တည်ဆောက် ခဲ့ပြီး နောက် ပိုင်း ခရစ်ယာန် သီလရှင်ဂိုဏ်းသို့ လွှဲပြောင်း ပေးခဲ့ သည်။သို့ ဖြင့် မြန်မာနိုင် ငံတွင်လူအို ရုံခေါ်သက်ကြီး ရွယ်အိုစောင့်ရှောက်ရေးဂေဟာ စတင်ပေါ်ပေါက် လာခဲ့သည်။

၁၉ဝ၈ခုနှစ်ဝန်းကျင်တွင် ထိုလူအိုရုံသို့အသက်၎ဝ အရွယ်ဗုဒ္ဓဘာသာဝင်မြန်မာ အမျိုး သမီးကြီး တစ်ဦးဖြစ် သည့် မန္တလေးမြို့မှပိုးကုန်သည် ဒေါ်ဦးဇွန်လာရောက်ပြီး လှည့် ပတ်ကြည့်ရှုသည်။

ခိုကိုးရာ မဲ့ဖြစ်နေသော ဘိုးဘွားများ ကို ကျွေးမွေးပြုစုစောင့်ရှောက်ခြင်း သည် မြတ်သော အလှူ၊ မြတ်သော ဒါနဖြစ်သည်ကို တွေးမိသည်။ ခရစ်ယာန်သာ သနာပြုတို့နည်းတူ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့သည်လည်း ထို လုပ်ငန်းကိုလုပ်ဆောင်သင့် သည်ဟု သူမြင်သည်။

သို့နှင့် ကွယ်လွန်သူ မိဘ နှစ်ပါးအား ရည်စူး၍ ခိုကိုးရာ မဲ့သက်ကြီးရွယ်အိုများ ကို ပြုစု စောင့်ရှောက် သည့်လုပ်ငန်း တစ်ခုလုပ်ကိုင်ရန်သန္နိဋ္ဌာန် ချလိုက်တော့သည်။

ပထမ လူမှုဝန်ထမ်း အမျိုးသမီး ပါရမီရှင်ဒေါ်ဦးဇွန်း

မြန်မာနိုင်ငံသား ဗုဒ္ဓဘာ သာဝင်တစ်ဦးအနေဖြင့် ပထမ ဆုံး ခိုကိုးရာမဲ့သက်ကြီးရွယ်အို များကိုပြု စုစောင့်ရှောက်ရေး ဂေဟာ(လူအိုရုံ)ဖွင့်၍ ပြုစု ခဲ့သူဒေါ်ဦး ဇွန်းကို မြန် မာသက္က ရာဇ်၁၂၃ဝပြည့်နှစ်ဝါခေါင် လဆန်း ၅ရက်(သောကြာနေ့)တွင် ပိုးကုန်သည် ဦးအီနှင့်ဒေါ်မျှင် တို့မှမွေးဖွားခဲ့သည့်။ 

တစ်ဦးတည်းသော သမီးဖြစ် ၍ ပစ္စည်း ဥစ္စာကြွယ် ဝချမ်းသာခဲ့သည်။ ဗုဒ္ဓဘာသာကိုယုံကြည် ကိုးကွယ်၍ သဒ္ဓါထက်သန် သူဖြစ်ခြင်းကြောင့် အသက် ၃ဝအရွယ်မှာပင် မန္တလေးမြို့ရှိ ပတ္တမြားဆရာတော်ကြီးအား အုတ်ကျောင်း ဆောက် လုပ် လှူ ဒါန်းခဲ့ သဖြင့်ပတ္တမြားအုတ် ကျောင်းအမ ဒေါ်ဦးဇွန်းဟုထင် ရှားခဲ့သည်။ 

အိမ်ထောင်မပြုဘဲ မိဘနှစ်ပါး နှင့်အတူနေစဉ်မှာ ပင် မိဘများ ကွယ်လွန်ခဲ့သဖြင့် အမွေအားလုံး ရလိုက် သည်။ ထိုရသမျှ တိုက်အိမ်၊ငွေသား၊ လယ်ယာမြေစသည်တို့ကို မမက်မော၊ မိဘနှစ်ပါးကို ရည်စူး၍အလှူ အတန်းပြု လိုသည်။
 
သို့နှင့် ရန်ကုန်ကို စိတ်ပြေ လက်ပျောက်ခရီးထွက်ခဲ့ရာမှ အပြန်တွင်လူအိုရုံတည်၍ သက်ကြီးရွယ်အိုများ အား စောင့်ရှောက် သွားရန် ဆုံး ဖြတ်လိုက် ခြင်းလည်းဖြစ်သည်။
 
ရန်ကုန်မှ မန္တလေးသို့ပြန်ရောက် သောအခါ မင်းကွန်းဘက်တွင် ထိုလုပ်ငန်းကို စတင်အကောင် အထည်ဖော်သည်။ မင်းကွန်း ရွာရှိမင်းကွန်းစေတီနှင့် မင်းကွန်းခေါင်းေ လာင်းကြီး အနီးအေးချမ်းငြိမ် သက်သောနေရာ တွင်ကမ္မဋ္ဌာန်း ကျောင်းသုံးကျောင်းတည် ဆောက်၍ အဘိုးအိုတစ်ဦးနှင့် အဘွားအိုနှစ်ဦး ကို ဒေါ်ဦးဇွန်း ကိုယ် တိုင် အဖော် မိန်းကလေး တစ်ဦးနှင့်အတူစတင်ပြုစု စောင့်ရှောက်ရာမှမြန်မာ နိုင် ငံတွင်မြန်မာ လူအိုရုံစတင် ပေါ်ပေါက်လာခြင်းပဲဖြစ် သည်။အပြုစုခံသုံးဦးမှာ အဘိုး ဖိုးဆင့်(၉၅ )နှစ်၊ အဘွား ဖွားစိုး (၉၈)နှစ်နှင့်ဖွားမယ်(၈၅)နှစ်တို့ ဖြစ်သည်။

ရှစ်နှစ်အတွင်းမှာပင် မင်းကွန်းလူအိုရုံဟူ၍ ဖြစ် လာပြီးအဘိုး၊အဘွား ၂၅ဝ ဦး ကိုလက်ခံစောင့်ရှောက် နိုင် ခဲ့သည်။ မင်းကွန်း တွင်သာမက တစ်နိုင်ငံလုံး တွင်လူအိုရုံများ တည်ထောင်စောင့် ရှောက် ခွင့် ရရန်အကြံ ရှိသည့် အတွက်၁၂၈၉တွင် သထုံ မြသပိတ်တောင်ခြေ၊ ၁၂၉ဝတွင်ပေါင်းတည်၊ ၁၂၉၅တွင်နှင်းဆီ ကုန်း(ရန်ကုန်)၊ ၁၂၉၉ တွင် ပခုက္ကူတို့၌တည် ထောင်ခဲ့သည်။ဒေါ်ဦး ဇွန်းသည်အသက်၆ဝ အရွယ်မှာ ပင် ပေါင်း တည် မြို့လူအိုရုံ၌သီလရှင် ဘဝကူးပြောင်းကာ ဆရာကြီးဘွားသုမာ လာဖြစ်လာခဲ့သည်။ 

အသက်၇၆နှစ် အ ရွယ် ၁၉၄၄ခုနှစ်၊ မေလ ၁၁ရက်နေ့ တွင် မင်းကွန်းလူအို ရုံ၌ကွယ်လွန်ခဲ့ သည်။ ယခုဆို လျှင်အဘွားဒေါ်ဦးဇွန်းမှာ ၁၄၅နှစ်ပြည့် ပြီဖြစ်သည်။

သာမန်အားဖြင့်တော့ ဘိုးဘွားရိပ်သာများတွင် အသက် ၆ဝအထက်ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုများကိုလူမျိုး ဘာသာမရွေးလက်ခံစောင့် ရှောက်ပေးပြီး ဘိုးဘွားများ၏ စား ဝတ်နေရေး၊ကျန်းမာရေးက အစဆောင် ရွက် ပေးနိုင်ရန် ရိပ် သာကြီးကြပ်မှုကော်မတီများ ဖွဲ့ကာရေရှည်ရပ် တည်နိုင်အောင် ဆောင်ရွက်ပေး လျက်ရှိ သည်။သက်ကြီး ရွယ်အိုစောင့် ရှောက်ရေးလုပ် ငန်းများကို အစိုး ရမဟုတ်သော ပရဟိတအဖွဲ့ အစည်းများကလည်းဆောင် ရွက်ပေး နေမှုများရှိနေပါသည်။

ခိုကိုး ရာမဲ့သက်ကြီး ရွယ်အိုများ ကိုရာသက်ပန် စောင့်ရှောက် မှုအစီအစဉ်များကိုကိုယ်ထူ ကိုယ်ထ လုပ်ဆောင်နေသည့် Save The Age အဖွဲ့ ၊Help Age International အဖွဲ့ နှင့်အဘိုးအဘွား ၆၄ဦးကို လက်ခံစောင့်ရှောက်ပေးနေ သောစာရေးဆရာမ (ဒေါ်)သန်း မြင့်အောင်တည် ထောင်ထားသည့် “ဆည်းဆာရိပ်” mဂိလာန ဘိုးဘွားများ ထိန်း သိမ်းစောင့် ရှောက်ေ ရး အဖွဲ့များလည်း ရှိနေပါသည်။

ထို့အပြင်ခိုကိုးရာမဲ့ ဘိုး ဘွားတစ်ထောင်ကျော်ကို စောင့်ရှောက်ပေးထားသည့် သန်လျင်မြို့၊သဘာဝတရား ရိပ်သာလို ဘုန်းကြီးကျောင်း များလည်း ရှိနေပါသည်။
 
မြတ်စွာဘုရားရှင် ဟော ကြားတော်မူသော ဓမ္မပဒတွင်-

” ဤ ခန္ဓာကိုယ်၊ ရုပ်သည် ဆွေးမြည့်ဟောင်းမြင်း၊ အိုမင်း တတ်၏။ အနာရောဂါတို့၏ တည်ရာလည်းဖြစ်၏။ အပုပ် ရည် အမြဲယိုစီး၍ပုပ်ဆွေး ပျက် စီးတတ်၏။ 

အသက် ရှင်ခြင်း သည်သေခြင်းလျှင်အဆုံးရှိ၏” ဟု ဟောကြားထား ပါသည်။ သက်ရှိသတ္တဝါမှန်သမျှ အို၊ နာ၊ သေ ဆိုသော ဘေးဒုက္ခ သုံးမျိုး၌ သေခြင်းနှင့် မဆုံတွေ့မီ မိမိ ဘဝ၊ မိမိပတ်ဝန်းကျင်မှ ဆင်းရဲနွမ်းပါး၊ခိုကိုးရာမဲ့နေ သော သက်ကြီးရွယ်အိုများ အားပြု စုစောင့်ရှောက်ခြင်းဖြင့် အသေမဦးမီ ဆည်းဆာရိပ် ဝယ် မှေးစက်နို င်ရန်ကြံေ ဆာင်ပေး ကြပါစို့ဟုတိုက် တွန်းလိုက် ရပါသည်။

သိန်းအေး
ရည်ညွှန်း- (၁) ပထမမြန်မာများ (မင်းယုဝေ)
(၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက် စာမျက်နှာ
(၃) အင်တာနက်စာမျက်နှာများ၊ နေ့စဉ်ထုတ် သတင်းစာများ

From...Popularmyanmar.com



No comments:

Post a Comment