၂၀၁၅ ကို အာရုံစိုက်ပါ
( My warning for all, the Voice weekly today issue )
better to focus on the bird in hand than on those flying in the sky .
အခြေခံဥပဒေ ပြင်ဆင်ရေးက အသစ်ရေးဆွဲရေး အယူအဆရဲ့ ရှေ့ကိုတဖြည်းဖြည်းရောက်လာပါတော့မယ်။ လက်ရှိအနေအထားမှာ ပြင်ရေး၊ သစ်ရေး ငြင်းခုံမှုကလည်း ပါးလျားလာနေ ပါပြီ။ လက်တွေ့ကျသော ချဉ်းကပ်မှုများ အားဖြင့်သာ ထိရောက်သော အလုပ်များကို ဖြစ်ပေါ်စေနိုင်ပြီး လိုရာခရီး လည်း ပေါက်မြောက်နိုင် မယ်ဆိုတာခေါင်းအေးအေးနဲ့ စဉ်းစား မိတဲ့ အချိန်မှာ လက်ခံလို့ ရနိုင်ကြ မယ်ဖြစ် ပါတယ်။ပြင်ေ ရး သစ်ရေး သွေးဆူပွဲက ရပ်လုနီးအခြေအနေရောက် လာတာ ကျွန်တော်တို့ ကံကောင်းတယ် လို့တောင်ပြောရမ ယ်ထင်ပါရဲ့။
( My warning for all, the Voice weekly today issue )
better to focus on the bird in hand than on those flying in the sky .
အခြေခံဥပဒေ ပြင်ဆင်ရေးက အသစ်ရေးဆွဲရေး အယူအဆရဲ့ ရှေ့ကိုတဖြည်းဖြည်းရောက်လာပါတော့မယ
ဒါပေမယ့် လူထုကို ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် မေးမြန်းဆွေးနွေးမှုမပြုနိုင်ကြဘဲ အလွန် ကျဉ်းမြောင်း လှတဲ့ဘောင်တစ်ခ
တပ်မတော်သား၂၅ရာခိုင်နှုန်းနဲ့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ် အများစုရှိနေတဲ့ လွှတ်တော်များကနေ ဘယ်လောက် အတိုင်းအတာအထိပြင်ဆ င်ရေးကို လိုက်လျောနိုင်မယ်ဆိုတာ ခန့်မှန်းပြောဆိုဖို့ရာ
မလွယ်လှ တဲ့ကိစ္စဖြစ်ပါတယ်။
ကျွန်တော်တို့ စိတ်ရှည်လက်ရှည်နဲ့ လက်တွေ့ကျကျဝိုင်းဝန်းကြိုး စား အားထုတ်ကြမယ်ဆိုရင် ၂၀၁၅ မှာ ဆုံမှတ်တစ်ခုကိုရောက်ရှိမှာ ဖြစ်ပါတယ်။ အဲဒီဆုံမှတ်ဟာ ဒီမိုကရေစီ သေချာပေါက်ဖြစ် တော့ မယ်ဆိုတဲ့ အာမခံချက် ကိုရဲရဲပေးနိုင်တဲ့  ဆုံမှတ်ဖြစ်နိုင်ပါတယ်။
၁။ ပြည်ခိုင်ဖြိုးပါတီ အာဏာရပါတီအဖြစ်မှ အတိုက်အခံပါတီ အဖြစ်ရောက်ရှိ နိုင်ခြင်း။
၂။အတိုက်အခံပါတီများက နည်းလမ်းတကျ လုပ်ကိုင်ဆောင်ရွက်ကြလျှင် အစိုးရဖွဲ့နိုင်၊ လွှတ်တော်ကို လွှမ်းမိုးနိုင်ခြင်း။
၃။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တပ်မတော်အကြား သဘောတူညီမှုမှာ သိသာစွာ တိုးတက်ဖြစ်ပေါ်လာနို င်ခြင်း( သို့မဟုတ် ) ငြိမ်းချမ်းရေးကို အတိုင်းအတာတစ်ခုအထိတည်ဆောက်ပြီး စီးနိုင်ခြင်း။
၎။ နိုင်ငံတော်၏ စီးပွားရေးမှာ ယခုနှင့်နှိုင်းစာလျှင် များစွာ ထူးခြားကောင်းမွန်သောအနေအထား တစ်ခုသို့ အခိုင်အမာ ရောက်ရှိနေနိုင်ခြင်း။
၅။ ကျန်ရှိနေသော အစိုးရနှင့် လွှတ်တော်သက်တမ်း နှစ်နှစ်ကျော်ခန့်ကာလအတွင်း နှစ်ဘက်စလုံးက
အားသွန်ခွန်စိုက် အားထုတ်ကြိုးပမ်းကြမည် ဆိုပါက ဒီမိုကရေစီရေးနှင့်ပတ်သက်လျှင် အရေးပါဆုံး အခြေခံလိုအပ်ချက် ဖြစ်သော တပ်မတော်နှင့် အတိုက်အခံတို့ကြား နားလည်မှု ယုံကြည်မှု တစ်စုံတစ် ရာသော အတိုင်း အတာသို့ရောက်ရှိအောင်ဆောင်ရွက်နိုင်ခြင်း
စတဲ့ အချက် ငါးချက် ဆုံမယ့်နိုင်ငံတည်ဆောက်ရေး အ တွက်ကြီးမားတဲ့တိုးတက်မှုကို အားဖြည့်ပေးနိုင် မယ့် ဆုံမှတ်တစ်ခုဟာ ၂၀၁၅ မှာကျွန်တော်တို့ကို စောင့်ကြိုနေတာဖြစ်ပါတယ်။
အခြေခံဥပဒေ ပြင်ဆင်ရေးကို အလောတကြီး နဲ့ တောင်းဆိုမယ် ကြိုးစားမယ် ဆိုရင်အဲဒီဆုံ မှတ်ကို ရောက် ဖို့ဆိုတာ သေချာပေါက် ပြောလို့မရနိုင်ပါဘူး။ ဒီကြားထဲမှာအခြေခံဥပဒေကို ပြင်ဖို့ လုံးဝ ကြိုးစား လို့မရကြောင်း သက်သေပြပြောဆိုနေတာမဟုတ်ပါ။
ချင့်ချင့်ချိန်ချိန်နဲ့ လုပ်ကြကိုင်ကြဖို့ ဆိုလိုရင်းဖြစ် ပါတယ်။
ဘယ်အတိုင်းအတာ ပြင်ဆင်လို့ရမယ် ဆိုတာသေသေချာချာ လေ့လာဆန်းစစ်
ညှိနှိုင်းတိုင် ပင်ကြဖို့ ဆိုလိုရင်းဖြစ်ပါတယ်။
အခုလောလောဆယ် NLD က လုပ်နေတဲ့ လူထုနဲ့ တွေ့ဆုံ ဆွေးနွေး သဘောထားရယူတဲ့ကိစ္စမှာ NLD က ပုဂ္ဂိုလ်များပြော ဆိုတာရှိပါ တယ်။ တပ်က အာဏာကိုအခြေခံဥပဒေအရ အသာစီး ရယူ ထား တဲ့ သဘောမျိုးပြော ဆိုတယ်လို့ နားလည်ရပါတယ်။ ဒီမိုကရေစီစံနှုန်းဖြစ်တဲ့ လူထုအာဏာသဘော တရားလုံးဝမရှိကြောင်းဆိုလိုတယ်လို့ နားလည်ရပါတယ်။
ကျွန်တော့်အနေနဲ့ ဒီအချက်ကို လုံးဝသဘောမတူပါ။ တပ်က အခြေခံဥပဒေနဲ့ပတ်သက်လို့ ဆုံးဖြတ်ပိုင်ခွင့် ကို ပါဝင်ရယူထားတယ်ဆိုတာ မှန်ပါတယ်။ ဒီမိုကရေစီနဲ့မကိုက်ညီတဲ့ အခြေခံဥပဒေ ဆိုတာလည်းအမှန်ပါ ပဲ။ ဒါပေမယ့် စံနှုန်းတွေနဲ့ တိုင်းတာချိန်ထိုးရင် အပြည့်အဝကိုက်ညီမှု မရှိခြင်းသာဖြစ်ပြီး လူထုအာဏာ ( people power ) လုံးဝမရှိဘူးဆိုတာ လုံးဝမမှန်ပါ။
မလွယ်လှ တဲ့ကိစ္စဖြစ်ပါတယ်။
ကျွန်တော်တို့ စိတ်ရှည်လက်ရှည်နဲ့ လက်တွေ့ကျကျဝိုင်းဝန်းကြိုး
၁။ ပြည်ခိုင်ဖြိုးပါတီ အာဏာရပါတီအဖြစ်မှ အတိုက်အခံပါတီ အဖြစ်ရောက်ရှိ
၂။အတိုက်အခံပါတီများက နည်းလမ်းတကျ လုပ်ကိုင်ဆောင်ရွက်ကြလျှင် အစိုးရဖွဲ့နိုင်၊ လွှတ်တော်ကို လွှမ်းမိုးနိုင်ခြင်း။
၃။ တိုင်းရင်းသားလက်နက်ကိုင် အဖ
၎။ နိုင်ငံတော်၏ စီးပွားရေးမှာ ယခုနှင့်နှိုင်းစာလျှင် များစွာ ထူးခြားကောင်းမွန်သေ
၅။ ကျန်ရှိနေသော အစိုးရနှင့် လွှတ်တော်သက်တမ်း နှစ်နှစ်ကျော်ခန့်ကာလအတွင်း
အားသွန်ခွန်စိုက် အားထုတ်ကြိုးပမ်းကြမည် ဆိုပါက ဒီမိုကရေစီရေးနှင့်ပတ်သက်လှ
စတဲ့ အချက် ငါးချက် ဆုံမယ့်နိုင်ငံတည်ဆောက်ရေး အ
အခြေခံဥပဒေ ပြင်ဆင်ရေးကို အလောတကြီး နဲ့ တောင်းဆိုမယ် ကြိုးစားမယ် ဆိုရင်အဲဒီဆုံ မှတ်ကို ရောက် ဖို့ဆိုတာ သေချာပေါက် ပြောလို့မရနိုင်ပါဘူး။ ဒီကြားထဲမှာအခြေခံဥပဒေကို ပြင်ဖို့ လုံးဝ ကြိုးစား လို့မရကြောင်း သက်သေပြပြောဆိုနေတာမဟုတ်ပါ။
အခုလောလောဆယ် NLD က လုပ်နေတဲ့ လူထုနဲ့ တွေ့ဆုံ ဆွေးနွေး သဘောထားရယူတဲ့ကိစ္စမ
ကျွန်တော့်အနေနဲ့ ဒီအချက်ကို လုံးဝသဘောမတူပါ။ တပ်က အခြေခံဥပဒေနဲ့ပတ်သက်လို့ ဆုံးဖြတ်ပိုင်ခွင့် ကို ပါဝင်ရယူထားတယ်ဆိုတာ မှန်ပါတယ်။ ဒီမိုကရေစီနဲ့မကိုက်ညီတဲ့ အခြေခံဥပဒေ ဆိုတာလည်းအမှန်ပါ
လက်ရှိအခြေခံဥပဒေကို ခွဲခြမ်းစိတ်ဖြာတဲ့အခါမှာ ဆန္ဒစွဲတွေ ၊စံနှုန်းစွဲတွေ ခဏလေး ဘေးဖယ်ပြီး ယထာ ဘူတ ကျကျ ကြည့်မယ်ဆိုရင်
၁။ တပ်က ပြင်ဆင်ခွင့်နဲ့ပတ်သက်ရင်( အရေးကြီးတဲ့ )ဆုံးဖြတ်ရေး ပါဝါ( power to decide) ကို ယူထားပါတယ်။
၂။ ဒါပေမယ့် အုပ်ချုပ်ရေးပါဝါ ( power to govern ) ကိုတော့ လူထုကိုပေးအပ်ထား တယ် ဆိုတာ ရှုင်းရှင်း လင်းလင်းမြင်နို င်မှာဖြစ်ပါတယ်။
ကျွန်တော်လို သာမန်နိုင်ငံရေးလေ့လာသူတစ်ေ ယာက်က ဒီလောက်လေးရှင်းပြရုံနဲ့သဘောထားတင်းမာ သူတွေ တစ်ခါတည်းလက်ခံသွားမယ်လို့ မယုံကြည်ပါ။ ဒါပေမယ့်
အများပြည်သူနဲ့ နိုင်ငံရေးလောကမှာ ရှိတဲ့ ဒီမိုကရေစီလိုလားသူအားလုံး
စဉ်းစားကြည့်ဖို့မီးမောင်းထိုးပြခြင်းသာဖြစ် ပါတယ်။ ဘာကြောင့် ဒီလိုပြောရသလဲဆိုေ တာ့ ဒီမိုကရေစီဆိုတာ လူထု အုပ်ချုပ်ခြင်ြး ဖစ်ပြီးတော့ လက်ရှိအခြေခံဥပဒေအရ အတိုက်အခံတို့ ကြိုးစားရင် အနိုင်ရတဲ့အခါဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေး ( အစိုးရဖွဲ့ရေး) ကို လူထု ကိုယ်စား လူထုကိုယ်စားလှယ်များက သေချာပေါက်ဆောင်ရွက်နိုင်တာ ကြောင့်ဖြစ်ပါတယ်။
၁။ တပ်က ပြင်ဆင်ခွင့်နဲ့ပတ်သက်ရင်( အရေးကြီးတဲ့ )ဆုံးဖြတ်ရေး ပါဝါ( power to decide) ကို ယူထားပါတယ်။
၂။ ဒါပေမယ့် အုပ်ချုပ်ရေးပါဝါ ( power to govern ) ကိုတော့ လူထုကိုပေးအပ်ထား တယ် ဆိုတာ ရှုင်းရှင်း လင်းလင်းမြင်နို
ကျွန်တော်လို သာမန်နိုင်ငံရေးလေ့လာသူတစ်ေ
လွှတ်တော်များမှာ အမတ်နေရာ ၇၅ရာခိုင်နှုန်းအနက် အများစုကို အနိုင်ရရှိရင် အတိုက်အခံအစိုးရဖွဲ့နိုင်ပါ တယ်။ တရားဥပဒေ ကိစ္စများကို စိတ်ကြိုက်ဆောင်ရွက်နိုင်ကြ မှာဖြစ်ပါတယ်။ တပ်အနေနဲ့အုပ်ချုပ်ရေးမှာ ဝန်ကြီးနေရာ အချို့ဝင်ယူထားတာကလွဲလို့အရပ်သားသမ္မတဟာ သူ့စိတ်ကြိုက် ကက်ဘိနက် ဖွဲ့နိုင်ပါ တယ်။ တိုင်းပြည်တည်ငြိမ်နေသရွေ့ တပ်က ဘာမှ ဝင်ရောက်စွက်ဖက်မှာမဟုတ်တဲ့ အပြင်အရပ်သား သမ္မတရဲ့လက်အောက်မှာ ကာကွယ်ရေးဦးစီးချုပ်က အခြေခံဥပဒေနဲ့ အညီ နိုင်ငံတော် ကာကွယ်ရေး နဲ့လုံခြုံရေး တာဝန်များကို ထမ်းဆောင်ပါလိမ့်မ ယ်။
ဒါကြောင့် လက်ရှိ အခြေခံဥပဒေ အရ လူထုမှာ ဘာပါဝါမှမရှိဘူး ဆိုတာတော်တော်လေး ပညာမပါ တဲ့ သုံးသပ်ချက်သာဖြစ်ပါတယ်။ ကျွန်တော်တို့ လောလို့မရပါဘူး။ ဒါ သိပ်ကိုသေချာပါတယ်။
သိပ်အလောတကြီးလုပ်ရင် လက်ရှိအနေအထားကိုတောင် ဆက်ထိန်းထားဖို့ အာမမခံနိုင်တာ အသေအချာ ပါ။ အရင် အာဏာရှင်စနစ်အောက် ပြားပြားမှောက်နေရတဲ့လူထုမှာ ဘာမျှော်လင့်ချက် ၊ ဘာ ဆုံးဖြတ်ပိုင်ခွင့်မှမရှိတာ နဲ့ ပြန်နှိုင်းယှဉ်ကြည့်ပါ။ လက်ရှိတိုးတက် ဖြစ်ထွန်းမှုတွေဟာ ဘာမှထူးခြားမှု မရှိဘူးလို့ြေ ပာရင်တော့ ဒါ တော်တော် အမြော်အမြင်မဲ့တဲ့တွေးခေါ်မှုဖြစ်ပါတယ်။
ဒီတော့ အားလုံးက ၂၀၁၅ ကို ပိုပြီး အာရုံစိုက်သင့်ပါတယ် ။ ကျွန်တော်တို့ဒီမိုကရေစီကို တက်လှမ်းနိုင်မယ့် ထူးခြားတဲ့လှေခါးထစ် တစ်ထစ်က ၂၀၁၅မှာ ရှိနေပါတယ်။နောက်တစ်ခုက အခြေခံဥပဒေပြင်ဆင်ရေးထက် ပိုပြီး သေချာခိုင်မာတဲ့ လက်တွေ့ ကျ တဲ့ ဒီမိုကရေစီရေးအတွက် ထိထိရောက်ရောက်လုပ်ဆောင်နို င် မယ့်လုပ်သမျှ အရာထင်နိုင်မယ့်၂၀၁၅ ရွေးကောက်ပွဲကို အာရုံစိုက်ကြမယ်ဆိုရင် ကျန်နေ တဲ့ နှစ်နှစ်ခွဲ ကာလမှာ ထိပ်တိုက် တွေ့မယ့်ကိစ္စတွေ လျော့နည်းနိုင်မှာဖြစ်ပါတယ် ။ တပ်မတော်အနေနဲ့နှစ်ပေါင်းများစွာ အချိန်ယူရေးဆွဲထားတဲ့ အခြေခံဥပဒေကို အလွယ်တကူချက်ချင်းလက်ငင်း ပြင်ဆင်ပေး ဖို့ဆိုတာအတိုင်း အတာတစ်ခုအထိပဲဖြစ်နိုင်ပါတယ်။
နောက်တစ်ခုက တပ်မတော်ကလည်း ဒီမိုကရေစီနိုင်ငံတော်တစ်ခု နဲ့ ကိုက်ညီတဲ့ တပ်မတော် အဖြစ် တဖြည်းဖြည်း တည်ဆောက်ယူနေတာ ကို ထည့်စဉ်းစားကြပါ။ လွှတ်တော်က ၂၅ရာခိုင်နှုန်း နဲ့ ဝန်ကြီးနေရာ သုံးနေရာကလွဲရင် ဘယ်အုပ်ချုပ်ရေး ကိစ္စမှာမှ မပါဘဲ နေလို့ ရအောင်ပြင်ဆင် တည်ဆောက်နေတာ အ မှန်ဖြစ်ပါတယ်။
လူထုနဲ့စည်းလုံးချစ်ခင်တဲ့ တပ်မတော်အဖြစ်ေ ရွှ့ယူနေတယ် ဆိုတာလည်း
ငြင်းလို့ရတဲ့ကိစ္စမဟုတ်ပါ။ တပ်ဘက် အရပ်ဘက် ရင်ကြားစေ့ရေး ကို
ပြောနေဆိုနေရင်း တပ်နဲ့ထိပ်တိုက်ဖြစ်မယ့်ကိစ္စများကိုလုပ်မိနေတယ် ဆိုတာလည်းနိုင်ငံတည်ဆောက်ရေး အတွက်မကောင်း လှတာအမှန်ဖြစ်ပါတယ်။ လက်ရှိအခြေခံဥပဒေ ကဒီမိုကရေစီနဲ့ကိုက်ပါညီပါတယ်လို့ တပ်ဘက်ကရော ပြည်ခိုင်ဖြိုးပါတီ ကပါပြောသံဆိုသံမကြားဖူးပါ။ ဒီမိုကရေစီစနစ်နဲ့ကိုက်ညီအောင် တိုင်းပြည် ကိုဖြည်းဖြည်း ချင်း တည်ဆောက်ယူမယ် ဆိုတာ နှစ်ဖက်စလုံးရဲ့ခံယူချက်ဖြစ်သင့်ပါတယ်။
ဒီတော့ ၂၀၁၅ ကို အေးအေးချမ်းချမ်းနဲ့ အရောက်လှမ်းကြပါ။ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကိုလည်း ဒီကြားထဲမှာရသလောက်လုပ်ပါ။ပြင်ဆင်ရေးကို လုပ်ချင်ရင် အရေးအကြီးဆုံးက တပ်နဲ့ ထိတွေ့ပါ။ ဆက်ဆံပါ။နားလည်မှု တိုးပွားအောင်လုပ်ပါ။ ညှိနှိုင်းတိုင်ပင်ပါ။ စကား ပြောဆိုကြည့်ပါ။
သူတို့ကမှ စကားမပြောတာဆိုရင် လက်ခံနိုင်စရာ မရှိပါဘူး။ သူတို့မပြောရင် ကိုယ်ပြောဖို့ ကြိုးစားပါ။ ကိုယ်က နိုင်ငံရေးသမား၊ သူတို့ကစစ်သားပါ။ စစ်သားဆိုတာ တောင့်တောင့်ကြီးနေတတ်တဲ့သဘာဝရှိ ပါတယ်။ မျက်နှာထားတင်း ပါတယ်။နိုင်ငံရေးသမားတွေဆိုတာက ပျော့ပြောင်းညင်သာရှိဖို့လိုအပ်တယ် လို့ထင်ပါတယ်။အနည်းဆုံး လွှတ်တော်များ အတွင်း စတင်ထိတွေ့ပြီး နားလည်ယုံကြည်မှုရတဲ့အထိတက် လှမ်းနိုင်ပါ တယ်။ တပ်နဲ့ နားလည်မှုမရဘဲ ပြင်ဆင်ရေးကို တွန်းလုပ်နေရင်ဘယ်လိုမှ ရလာဒ်မရှိတဲ့ ပုစ္ဆာာကို တွက်ချက်နေသလိုဖြစ်ပါလိမ့်မ ယ်။
၂၀၁၅ ဆုံမှတ်ဟာ လက်ရှိရထားတဲ့ အခြေအနေကောင်းများကို တစ်ဆင့်မြှင့်တင် ပေးနိုင်ရုံမျှမက အတိုက်အခံတို့ နိုင်ခဲ့ရင်လူထုပါဝါ လည်း အသက်ဝင်နိုင်တာဖြစ်လို့ အခြေခံဥပဒေ ပြင်ဆင်ရေးကို တတ်နိုင် သလောက် ဖြစ်နိုင်သလောက် အားထုတ်ရင်း နဲ့၂၀၁၅ ကို အာရုံစိုက်ကြပါလို့ တိုက်တွန်း ပါရစေ။ ။
ပိုက်တင်
Pite Tin Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်
From:
မြန်မာ့နိုင်ငံရေးဆောင်းပါးများဒါကြောင့် လက်ရှိ အခြေခံဥပဒေ အရ လူထုမှာ ဘာပါဝါမှမရှိဘူး ဆိုတာတော်တေ
သိပ်အလောတကြီးလုပ်ရင် လက်ရှိအနေအထားကိုတောင် ဆက်ထိန်းထားဖို့ အာမမခံနိုင်တာ အသေအချာ ပါ။ အရင် အာဏာရှင်စနစ်အောက် ပြားပြားမှောက်နေရတဲ့လူထုမှ
ဒီတော့ အားလုံးက ၂၀၁၅ ကို ပိုပြီး အာရုံစိုက်သင့်ပါတယ်
နောက်တစ်ခုက တပ်မတော်ကလည်း ဒီမိုကရေစီနိုင်ငံတော်တစ်ခု
ဒီတော့ ၂၀၁၅ ကို အေးအေးချမ်းချမ်းနဲ့ အရောက်လှမ်းကြပါ။ အခြေခံဥပဒေ
သူတို့ကမှ စကားမပြောတာဆိုရင် လက်ခံနိုင်စရာ မရှိပါဘူး။ သူတို့မပြောရင် ကိုယ်ပြောဖို့ ကြိုးစားပါ။ ကိုယ်က နိုင်ငံရေးသမား၊ သူတို့ကစစ်သားပါ။ စစ်သားဆိုတာ တောင့်တောင့်ကြီးနေတတ်တဲ့သဘ
၂၀၁၅ ဆုံမှတ်ဟာ လက်ရှိရထားတဲ့ အခြေအနေကောင်းများကို တစ်ဆင့်မြှင့်တင် ပေးနိုင်ရုံမျှမက အတိုက်အခံတို့ နိုင်ခဲ့ရင်လူထုပါဝါ လည်း အသက်ဝင်နိုင်တာဖြစ်လို့ အခြေခံဥပဒေ ပြင်ဆင်ရေးကို တတ်နိုင် သလောက် ဖြစ်နိုင်သလောက် အားထုတ်ရင်း
ပိုက်တင်
Pite Tin Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်
www.mmdailystar.com မှမျှဝေဖေါ်ပြသည်..
No comments:
Post a Comment