*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 17 November 2013

ဆီးကျိတ် ကင်ဆာ(ခေါ်) အမျိုးသား များ သုတ်ရည် ဂလင်း ကင်ဆာရောဂါ



အဆိုပါရောဂါကို ဆေးသိပံ္ပနည်းအရ ခိုင်လုံတဲ့အဖြေ မထုတ်နိုင်သော်လည်း တိရစ္ဆာန် အဆီ လွန်ကဲစွာစား သုံးသူများ၊ မျိုးရိုးစဉ်ဆက် ထို ကင်ဆာ ရှိသူများ၊ အစာအာဟာရ ချို့တဲ့ သူများ စသူ တို့မှာ ဖြစ်နိုင်ခြေ ပို များကြောင်း သိရပါတယ်။

ရောဂါ လက္ခဏာ များ အနေဖြင့် သုတ်ရည် ဂလင်း သိသိသာသာကြီး ထွားလာခြင်း၊ ဆီးသွားသည့် အခါ အားမ ရဖြစ်ခြင်း၊ ပြတ်တောင်း ပြတ်တောင်းဖြင့် ဆီးသွားရ ခက်ခြင်း၊ မကြာခဏ ဆီးသွားပြီး အထူးသဖြင့် ညဘက် မှာ ပိုသွားခြင်း၊ ဆီးသွားစဉ် နာကျင်ခြင်း၊ သုတ်ရည်ထဲ သွေးပါခြင်း၊ တင်ပါးနှင့် တင်ပါးဆုံရိုးတို့တွင် တဆစ် ဆစ်နာကျင်ခြင်း၊ ဆီးထဲသွေးပါခြင်း စသည်တို့ ဖြစ်ပေါ်တတ်သည် သိရသည်။
 


၎င်းကင်ဆာရောဂါကို လျော့ပါးသက်သာစေနိုင်မည့် အစားအသောက်များမှာ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ(အဖြူ)၊ ခရမ်းချဉ်သီး၊ ဖရဲသီး၊ ပင်လယ်စာ၊ ဂျုံနှင့် ဂျူံထွက်ပစ္စည်းများ၊ ဆန်လုံးညိုနှင့် ကွေကာ အုတ် စသည်တို့ဖြစ်ကြောင်း သိရသည်။


The Mirror Daily 





No comments:

Post a Comment