*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 11 November 2013

Royal Green River အပျော်စီး သင်္ဘောသစ် ရန်ကုန်မြစ်အတွင်း အပျော်စီးသင်္ဘော ခရီးစဉ် စတင်ပြေးဆွဲမည်


Royal Green River အပျော်စီး သင်္ဘောသစ် ရန်ကုန်မြစ်အတွင်း အပျော်စီးသင်္ဘော ခရီးစဉ် စတင်ပြေးဆွဲမည်

Royal Green River အပျော်စီး သင်္ဘောသစ်ဖြင့် ရန်ကုန်မြစ်အတွင်း အပျော်စီးသင်္ဘော ခရီးစဉ်များအား ယခုလအတွင်း စတင်ပြေးဆွဲမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Royal Green River အပျော်စီးသင်္ဘော ခရီးစဉ်အား အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့များတွင် ဗိုလ်တထောင်ဆိပ်ကမ်းမှ စတင်ထွက်ခွာမည်ဖြစ်ကာ အချိန်နှစ်နာရီခန့် ရန်ကုန်မြစ်အတွင်း ရှုခင်းများကြည့်ရှု အပန်းဖြေပြီး ဗိုလ်တထောင် ဆိပ်ကမ်းသို့ ပြန်လည်ဆိုက်ကပ်မည်ဟု သိရသည်။

"နိုဝင်ဘာလကစပြီး အပတ်စဉ် စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ရန်ကုန်မြစ်အတွင်း အပျော်စီးသင်္ဘော ခရီးစဉ် ပြေးဆွဲမှာပါ။ စင်းလုံးငှား ခရီးစဉ်တွေလည်း ငှားရမ်းနိုင်မှာပါ" ဟု Royal Green River အပျော်စီးသင်္ဘော ကုမ္ပဏီမှ MD ဦးဌေးအောင်က ပြောပါသည်။

Royal Green River အပျော်စီး သင်္ဘောသစ်အား ယခုနှစ် ခရီးသွား ရာသီတွင် မန္တလေး၊ ပုဂံ၊ ဗန်းမော်စသည့် ရက်ရှည်ခရီးစဉ်များကိုလည်း စင်းလုံးငှား အနေဖြင့် ငှားရမ်းနိုင်မည်ဖြစ်သည်။ Royal Green River အပျော်စီး သင်္ဘောတွင် အိပ်ခန်းရှစ်ခန်း၊ ထမင်းစားခန်း၊ ဘားကောင်တာများ ပါဝင်ပြီး ညအိပ်ခရီးစဉ်တွင် ခရီးသည် ၁၆ ဦး တည်းခိုလိုက်ပါ နိုင်မည်ဖြစ်ပြီး နေ့ခရီးစဉ်များတွင်မူ ခရီးသည် ၅၀ ဦး လိုက်ပါနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် နိုဝင်ဘာလမှ စတင်ကာ မန္တလေးမြို့ အခြေပြု၍ အပျော်စီး သင်္ဘောခရီးစဉ် ပြေးဆွဲသည့် သင်္ဘောကုမ္ပဏီသစ်များ တိုးချဲ့လာကြပြီး သင်္ဘောစီးရေများလည်း တိုးချဲ့ပြေးဆွဲလာသည်။

ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် အပျော်စီးသင်္ဘော ခရီးစဉ်များ စီစဉ်ပြေးဆွဲနေသော မြန်မာနိုင်ငံသားပိုင် Irrawaddy Princess River Cruise သင်္ဘောကုမ္ပဏီ၏ သုံးစင်းမြောက် သင်္ဘောသစ်ဖြစ်သော Princess Royal အပျော်စီး သင်္ဘောအား မန္တလေး-ပုဂံ နှစ်ညအိပ် သုံးရက်ခရီးစဉ်နှင့် ပုဂံ-မန္တလေး နှစ်ညအိပ် သုံးရက်ခရီးစဉ်များအား ယခုလတွင် ပြေးဆွဲမည် ဖြစ်သည်။

မြန်မာနိုင်ငံသို့ လာရောက်သော နိုင်ငံခြားသား ခရီးသွား ဧည့်သည်များသည် မန္တလေးမြို့မှတစ်ဆင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် အလှအပများကို ခံစားပြီး စစ်ကိုင်း၊ မင်းကွန်း၊ ပုဂံ၊ ဗန်းမော် စသည့်ဒေသများသို့ အပျော်စီးသင်္ဘော ခရီးစဉ်များဖြင့် သွားရောက်လည်ပတ်ခြင်းအား အထူးစိတ်ဝင်စားမှု ရှိသောကြောင့် မြန်မာနိုင်ငံရှိ ခရီးသွား ကုမ္ပဏီများသည် အပျော်စီး သင်္ဘောများ တည်ဆောက်ပြီး အပျော်စီးသင်္ဘော ခရီးစဉ်များကို စီစဉ်လာကြခြင်းဖြစ်ကြောင်း သိရသည်။

Royal Green River အပျော်စီး သင်္ဘောအား ရန်ကုန်မြစ်အတွင်း တွေ့ရစဉ် (Photo:www.royalgreenriver.com)

အေးချမ်းမွန် Credit To >Eleven Media Group<Thanks
https://www.facebook.com/excellencemedia

 Royal Green River အပျော်စီး သင်္ဘောအား ရန်ကုန်မြစ်အတွင်း တွေ့ရစဉ် (Photo:www.royalgreenriver.com)

Royal Green River အပျော်စီး သင်္ဘောသစ်ဖြင့် ရန်ကုန်မြစ်အတွင်း အပျော်စီးသင်္ဘော ခရီးစဉ်များအား ယခုလအတွင်း စတင်ပြေးဆွဲမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Royal Green River အပျော်စီးသင်္ဘော ခရီးစဉ်အား အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့များတွင် ဗိုလ်တထောင်ဆိပ်ကမ်းမှ စတင်ထွက်ခွာမည်ဖြစ်ကာ အချိန်နှစ်နာရီခန့် ရန်ကုန်မြစ်အတွင်း ရှုခင်းများကြည့်ရှု အပန်းဖြေပြီး ဗိုလ်တထောင် ဆိပ်ကမ်းသို့ ပြန်လည်ဆိုက်ကပ်မည်ဟု သိရသည်။...


"နိုဝင်ဘာလကစပြီး အပတ်စဉ် စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ရန်ကုန်မြစ်အတွင်း အပျော်စီးသင်္ဘော ခရီးစဉ် ပြေးဆွဲမှာပါ။ စင်းလုံးငှား ခရီးစဉ်တွေလည်း ငှားရမ်းနိုင်မှာပါ" ဟု Royal Green River အပျော်စီးသင်္ဘော ကုမ္ပဏီမှ MD ဦးဌေးအောင်က ပြောပါသည်။

Royal Green River အပျော်စီး သင်္ဘောသစ်အား ယခုနှစ် ခရီးသွား ရာသီတွင် မန္တလေး၊ ပုဂံ၊ ဗန်းမော်စသည့် ရက်ရှည်ခရီးစဉ်များကိုလည်း စင်းလုံးငှား အနေဖြင့် ငှားရမ်းနိုင်မည်ဖြစ်သည်။ Royal Green River အပျော်စီး သင်္ဘောတွင် အိပ်ခန်းရှစ်ခန်း၊ ထမင်းစားခန်း၊ ဘားကောင်တာများ ပါဝင်ပြီး ညအိပ်ခရီးစဉ်တွင် ခရီးသည် ၁၆ ဦး တည်းခိုလိုက်ပါ နိုင်မည်ဖြစ်ပြီး နေ့ခရီးစဉ်များတွင်မူ ခရီးသည် ၅၀ ဦး လိုက်ပါနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် နိုဝင်ဘာလမှ စတင်ကာ မန္တလေးမြို့ အခြေပြု၍ အပျော်စီး သင်္ဘောခရီးစဉ် ပြေးဆွဲသည့် သင်္ဘော ကုမ္ပဏီသစ်များ တိုးချဲ့လာကြပြီး သင်္ဘောစီးရေများလည်း တိုးချဲ့ပြေးဆွဲလာသည်။

ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် အပျော်စီးသင်္ဘော ခရီးစဉ်များ စီစဉ်ပြေးဆွဲနေသော မြန်မာနိုင်ငံသားပိုင် Irrawaddy Princess River Cruise သင်္ဘောကုမ္ပဏီ၏ သုံးစင်းမြောက် သင်္ဘောသစ်ဖြစ်သော Princess Royal အပျော်စီး သင်္ဘောအား မန္တလေး-ပုဂံ နှစ်ညအိပ် သုံးရက်ခရီးစဉ်နှင့် ပုဂံ-မန္တလေး နှစ်ညအိပ် သုံးရက်ခရီးစဉ် များအား ယခုလတွင် ပြေးဆွဲမည် ဖြစ်သည်။

မြန်မာနိုင်ငံသို့ လာရောက်သော နိုင်ငံခြားသား ခရီးသွား ဧည့်သည်များသည် မန္တလေးမြို့မှတစ်ဆင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် အလှအပများကို ခံစားပြီး စစ်ကိုင်း၊ မင်းကွန်း၊ ပုဂံ၊ ဗန်းမော် စသည့်ဒေသ များသို့ အပျော်စီးသင်္ဘော ခရီးစဉ်များဖြင့် သွားရောက်လည်ပတ်ခြင်းအား အထူးစိတ်ဝင်စားမှု ရှိသောကြောင့် မြန်မာနိုင်ငံရှိ ခရီးသွား ကုမ္ပဏီများသည် အပျော်စီး သင်္ဘောများ တည်ဆောက်ပြီး အပျော်စီး သင်္ဘော ခရီးစဉ်များကို စီစဉ်လာကြခြင်းဖြစ်ကြောင်း သိရသည်။



အေးချမ်းမွန် Credit To >Eleven Media Group<Thanks
https://www.facebook.com/excellencemedia



From...Facebook

No comments:

Post a Comment