*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday, 12 December 2013

ခင်ဗျားရော..ကျွန်တော်ရော.. "0" လို့ မြင်၏ { ကဗျာ }

                                                                                    From...Online Photo's

တကယ်တော့ ခင်ဗျားရယ်

ကျွန်တော်ရယ်.....အရေပြားကြည့် သက်သက်ပါ

အ၀တ် ဗလာ..အသိ နတ္ထိ

ရော့ ဒီမှာကြည့်ပါ

ဘာမှမရှိ

ဘာမှမရှိဘူး.........




လူ

ဥစ္စာ.

ရုပ်ရည်

ဗုံဆံပေါ်က

သကာရည်တွေပါဗျာ

ဟုတ်တယ်ဟုတ်.........

 
ကဲ မနက်ဖြန်..

ခေါင်းထဲအင်ဂျင်.နိုးထလို့ 

မီးပေးလိုက်ပါ.

ခင်ဗျား...ကိုယ့် ကိုကိုယ်

နာဇီ တပ်သားလား

မာသာ.ထရီဇာမြို့ သားလား

မဟတ္တမဂန္ဒီ.ရွာကလား

ဒေသတစ်ခုတော့ ခင်ဗျားရော

ကျွန်တော် ပါနေထိုင်တယ်..........


ဟို......လွန်းခဲ့ သော..ရှေ့ က

အတုထင်ရှား.သိဒ္ဓတ္ထအရှင်မင်းသား

အနတ္တ ရုပ်ရှင်ကား.ထပ်ခါ ခါရှူ့ စေသား

အို..လူသား....။ 



From...ချစ်မိုးဦး

No comments:

Post a Comment