Wednesday, December 11, 2013
ဆီးဂိမ်း/အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးက အပူးဂဏန်းတွေနဲ့ တိုက်ဆိုင်နေတဲ့အတွက် ဘာဖြစ်နို်င် တယ်လို့ ထင်ပါသလဲ။
အားကစားဝန်ကြီးကတော့ ဒါဟာ "အောင်မြင်မှုနိမိတ်အပေါ် ရပ်တည်နေသည်ဟု ခန့်မှန်းကြောင်း" ပြောဆို ခဲ့တယ်လို့ 7Day သတင်းစာမှာ ပြီးခဲ့တဲ့လ ၂၅ ရက်နေ့ ရေးထားပါတယ်။
သူရဦးရွှေမန်းနဲ့တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ခြင်းဖြစ်ပါတယ် တဲ့။
ဦးရွှေမန်းက ဘယ် လို တုံ့ပြန်ပြောဆိုတယ် ဆိုတာကိုတော့ သတင်းထဲ ရေးမထားပါ။
အပူးဂဏန်းလပ်ကီးက ကိုယ့်အတွက်လည်း ဖြစ်နိုင်သလို တခြားသော ပြိုင်ဘက်များအတွက် လည်း ဖြစ် သွားနိုင်ပါတယ်။
သို့သော်လည်း ဒီတကြိမ်တော့ ကိုယ်ဟာ အိမ်ရှင်ဖြစ်တဲ့အတွက် အပူးဂဏန်းလပ်ကီးက ကိုယ့် အတွက် ဖြစ် နိုင်ပေတယ်လို့ ယူဆမှုများလည်း ရှိနိုင်တယ် မဟုတ်လား။
ဝန်ကြီးပြောသလိုပဲ ... ဒီတခေါက်ဆီးဂိမ်းက အပူးဂဏန်းတွေနဲ့ပါပဲ။
အပူးဂဏန်း ၁၁၊ ၂၂၊ ၃၃၊ ၄၄ တို့အကြောင်း သတင်းစာမှာ ဖွင့်ဆိုထားပါသေးတယ်။
၁၁ - ဒီဇင်ဘာ ၁၁ မှာ ဖွင့်ပွဲလုပ်မယ်၊
၂၂ - ဒီဇင်ဘာ ၂၂ မှာ ပိတ်ပွဲ၊
၃၃ - အားကစားနည်းပေါင်း ၃၃ မျိုး ပါဝင်တယ်၊
၄၄ - ၄၄ နှစ်ကြာမှ မြန်မာပြည်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တယ်၊
၅၅ - ရွှေတံဆိပ်ဆုပေါင်း ၅၅ ဆုပဲ ရမယ်ဆိုရင်တော့ ကောင်းတယ်လို့လည်း ပြောနိုင်သလို မကောင်းဘူးလို့လည်း ပြောနိုင်ပါလိမ့်မယ်။
ကောင်းတယ် ဆိုတာက ခါတိုင်းဆီးဂိမ်းတွေမှာ မြန်မာက ရွှေရရှိမှု အရေအတွက် ၂ဝ ဝန်းကျင်ထက် မကျော် ခဲ့လို့ပါ။
မကောင်းဘူး ဆိုတာက အိမ်ရှင်နိုင်ငံဖြစ်ပြီး ၅၅ ခု ရအောင် မလုပ်နိုင်ဘူးလို့ ပြစ်တင်မှုတွေ ရှိလာနိုင် လို့ပါ။
ဒီအချက်အလက်မတွေနဲ့ ပတ်သက်ပြီး ဆက်စပ် ဖတ်သင့်တာကတော့ ဧရာဝတီပင်မစာမျက်နှာ ကဆောင်းပါး - ဆီးဂိမ်းတွင် မြန်မာအားကစားများ အတွက် “ရွှေ” ရဖို့ စီစဉ်ထားသလော ဖြစ်ပါတယ်။
http://burma.irrawaddy.org/sport/2013/10/19/49753.html မှာ ဖတ်ပါ။
ပြီးခဲ့တဲ့ ဆီးဂိမ်းမှာ အိမ်ရှင်အင်ဒိုက ရွှေပေါင်း ၁၇၁ ဆု ယူခဲ့ပါတယ်။
အဲဒီတုန်းက ဘယ်နိုင်ငံတွေ ရွှေဘယ်လောက် ယူခဲ့တယ် ဆိုတာကို လေ့လာလိုသူများ အတွက် ပြန် လည် ဖော်ပြလိုက်ပါတယ်။
Indonesia 171
Thailand 105
Vietnam 96
Malaysia 59
Singapore 42
Philippines 36
Myanmar 16
Laos 9
Cambodia 4
East Timor 1
Brunei 0
ဧရာဝတီ အားကစားစာမျက်နှာ - http://burma.irrawaddy.org/sport
ဧရာဝတီ Facebook / ဧရာဝတီ Twitter
.
No comments:
Post a Comment