ကမ္ဘာပေါ်မှာ စစ်တမ်း အချက်အလက်များ ကို အမျိုးမျိုး ကောက် ယူနေကြပါ၏ ။
ဥပမာ –
အချမ်းသာ ဆုံးနိုင်ငံ များ ၊ အဆင်းရဲ ဆုံးနိုင်ငံများ ၊ ခြစားမှု
အများဆုံးနိုင်ငံ များ စသည် တို့ဖြစ်ကာ ယခု ကမ္ဘာပေါ် တွင် ရက်ရောမှု –
ပေးကမ်းမှု နိုင်ငံ များ စာရင်း – The World Giving Index 2013 ကို Charities
Aid Foundation ( CAF ) က ထုတ်ပြန် လိုက်ပါသည်။
၎င်း စာရင်းတွင် မြန်မာနိုင်ငံ သည် ကမ္ဘာပေါ် တွင် ဒုတိယမြောက် ရက်ရော
ပေးကမ်း မှု အများဆုံး နိုင်ငံ အဖြစ် ဖော်ပြထား၏ ။ ယင်းမှ မြန်မာနိုင်ငံ
သားတို့ ၏ အကျင့်စရိုက် ၊ စိတ်နေ စိတ်ထား ကို ခန့်မှန်းနိုင်ရန် အခွင့် အလမ်း
တစ်ခုပင် ။
မြန်မာနိုင်ငံ သည် အဆင်းရဲ ဆုံးနိုင်ငံ အဖြစ် လည်းကောင်း ခြစားမှု
များသည့် နိုင်ငံ အဖြစ် လည်းကောင်း ၊ ပြည်တွင်း စစ် ပဋိပက္ခ အရှည်ကြာဆုံး
နိုင်ငံ တစ်ခု အဖြစ်လည်း ကောင်း ၊ မကြာ ခဏ ဖော်ပြ ခံရသလို တစ်ချိန် တည်းမှာ
ရက်ရော မှု ပေးကမ်း မှု အများဆုံးနိုင်ငံ အဖြစ် သတ်မှတ် ခံရသည်မှာ
မြန်မာနိုင်ငံသား များ အနေဖြင့် မှု အလွန် နားလည်ရ ခက်သည့် ကိစ္စမဟုတ်ပါ။
ပုဂံခေတ် က သာမညောင်ည မုဆိုးမ များ တည်ခဲ့သည့် စေတီ ပုထိုးများ ယခု တိုင်
တွေ့နိုင်ပြီး “တစ်မူးရှိ လို့ တစ်ပဲ လှူ ဒို့ ရှမ်းတောင် သူ
လှူနိုင်ရိုးလား” ဆိုသည့် မြန်မာနိုင်ငံသား များ၏ စရိုက် ကို အမေ လူထု
ဒေါ်အမာ က “ ဒီလို ပေးကမ်း လှူဒါန်း တဲ့ စရိုက် ရှိတဲ့ ဒို့လူမျိုးတွေ ဟာ
ဘယ်တော့မှ မတိမ်ကော ဘူး” ဟုပင် ပြောသွားခဲ့ဘူး ပါတယ်။
LYT
Credit:Popular Myanmar News Journal
From...Myanmar Latest News
No comments:
Post a Comment