*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday, 17 December 2013

ဘီလျံနာ ပရောဖက်ဆာကြီးရဲ့ ငါးမျှားခြင်း သင်ခန်းစာ


မြို့ငယ်လေး တစ်မြို့ဖွား ဘီလျှံနာ ပရော်ဖက်ဆာကြီးဟာ သူ့ဇာတိရပ်ရွာ မှာ အေးအေးလူလူ ခေါင်းချဖို့ ပြန်လာတယ်။
ဒါပေမဲ့ နောက်ဆုံးအနေနဲ့ သူ့ရပ်ရွာက လူ ငါးဦးကို သင်တန်းတစ်ခုပေးမတဲ့။
ဘ၀ပညာ သင်တန်းလို့ပဲ ဆိုပါတော့ ....။

သူက စီးပွားရေးမှာ အောင်မြင်ခဲ့တဲ့ ဘီလျှံနာ ဖြစ်ခဲ့သလို အထင်ကရ တက္ကသိုလ်ကြီးတစ်ခုမှာ ပရော်ဖက်ဆာ လုပ်ခဲ့သူလေ။ သူ ဘာသင်ပေးပေး တန်ဘိုး မဖြတ်နိုင်မှာတော့ အမှန်ပဲ။ ဒါနဲ့ သင်ယူလိုသူ များစွာထဲမှာ ဒေသခံ လူငယ်လေး ၅ဦးကို ရွေးချယ် ခဲ့တယ်။


 

ပရော်ဖက်ဆာကြီးက ... “ကဲ ပထမဆုံး သင်ခန်းစာ စပြီ” တဲ့။
ငါးမြားတံ ၅ခု ပေးတယ်။ “သွား မျှား ချေ” တဲ့။
ခက်တာက ၅ယောက်လုံး ငါးမမျှားတတ်ဘူး။ ငါးမျှား ခြင်းနဲ့ မယဉ်ပါးဘူး။
ငါးရှိမယ့် ကန်ကိုတောင် သူတို့နေရာကနေ နေ့တစ်စိတ်ခရီးလောက် သွားရတယ်။။

ဟိုရောက်တော့ အသီးသီး သင့်ရာနေရာရှာပြီး ကြိုးစားပမ်းစား မျှား ။
ညကျတော့ ပရော်ဖက်ဆာကြီးဆီ ပြန်ရောက်။
နှစ်ယောက်က ငါးရလာတယ်။ သုံးယောက်က မရဘူး။

ငါးရလာသူနှစ်ယောက်မှာ တစ်ယောက်ရတဲ့ငါးက အကြီးကြီးပဲ။
ပရော်ဖက်ဆာကြီးက အဲဒီလူမျက်လုံးတွေကို စေ့စေ့ကြည့်လိုက်တယ်။
“မင်း ငါးက မျှား လာတာမှ မဟုတ်ပဲ၊ ဈေးထဲက ၀ယ်ဖြည့်လာတာ မဟုတ်လား၊ အဲဒီကန်မှာ ဒီငါးမျိုး မရှိဘူး” တဲ့
 

ဟိုလူလည်း ၀န်ခံရတယ်။ ပရော်ဖက်ဆာကြီးက ...
“လောကမှာ အဖြောင့်ဆုံးလမ်းဟာ အနီးဆုံးပဲ၊ အောင်မြင်မှုဆီ သွားချင်ရင် ဖြောင့်မတ်ရတယ်၊၊ မင်းဟာ အများကြီး သင်ကြားရဦးမယ်”

နောက် ငါးမရသူ သုံးယောက်ဘက် လှည့်တယ်။
“ကဲ မင်းတို့ရဲ့ ငါးမျှား ခြင်းအတွေ့အကြုံအကြောင်းပြောပါဦး”

တစ်ယောက်ကို မေးတော့ ...
သူက ... မျှား တော့ မျှားတာပဲတဲ့၊ ငါးမှ မရှိတာ တဲ့။ ဒါကြောင့်မရဘူး။

နောက်တစ်ယောက်ကျတော့ ...
ဟိုနေရာက ငါးလေးပွက်လိုက်၊ ငါးမျှား တံချလိုက် ဒီနေရာက ငါးလေးပွက်လိုက် ငါးမျှား တံလိုက်ချလိုက်နဲ့ အပြေးအလွှား ဗျာများခဲ့သတဲ့။ သူလည်း ငါးမရဘူး။

နောင်တစ်ယောက်ကျတော့ ...
ငါးက သူ့ချိတ်ကို လာဟပ်တယ်။ သူမဆွဲတင်ရဲဘူး။ ပြန်လွှတ်သွားမှာစိုးလို့၊ ဒင်းရုန်းနေတာကို ထိုင်စောင့်နေသတဲ့။ မောပြီးရပ်သွားမှ ဆွဲမယ်ပေါ့လေ။ မရပ်ဘူး။ ဟိုက ရုန်းရင်း လွတ်သွားသတဲ့။ ဒါနဲ့ ငါးမရလိုက်ဘူး ။

ငါးရတဲ့သူကျတော့ ပြောပြတာ ရှင်းပါတယ်။
ငါးပွက်တဲ့နေရာကို ရှာတယ်၊ ငါးမျှား တံချတယ်၊ အကြာကြီး ထိုင်စောင့်တယ်၊ ငါးလာဟပ်တယ်၊ ဆွဲတင်တယ်၊ လျော့လိုက် ဆွဲလိုက် လုပ်တော့ နောက်ဆုံးကိုယ့်ဘက်ပါလာတယ်။

ပရော်ဖက်ဆာကြီးက ပြောပြတယ်။

“အောင်မြင်မှုဆိုတာ ငါးလိုပဲ၊ ငါးမျှား ခြင်းအတတ်က မင်းတို့ရဲ့ အရည်အချင်းကို ကိုယ်စားပြု တယ်။ အောင်မြင်မှုကို လူတိုင်း မက်မောကြတယ်၊ ဒါပေမဲ့ တကယ်စစ်မှန်တဲ့ အောင်မြင်မှု ရဖို့ လုပ်ပါ၊ ဟိုလူလို မဖြောင့်မှန်တဲ့ နည်းနဲ့ မလုပ်နဲ့၊ သူ့အောင်မြင်မှုဟာ တာရှည် မခံတတ်ဘူး။

... အောင်မြင်မှုနောက်လည်း မလိုက်နဲ့။ အရည်အချင်းနောက်ပဲ လိုက်ပါ။
ငါးနောက် တကောက်ကောက်လျှောက်လိုက်နေတဲ့သူ ဘာဖြစ်သလဲ တွေ့တယ် မဟုတ်လား။

... ငါးမြားတံချထားသလို မိမိအရည်အချင်းကို ပြင်ဆင်ထား။ အောင်မြင်မှုဆိုတဲ့ ငါးက လာဟပ်ရင် အလိုက်သင့်သာ ဆွဲတင်ပေတော့။

... လာဟပ်ပါလျက် မဆွဲပဲလည်း မနှောင့်နှေးနဲ့။ လာဟပ်မယ့်နေရာမှာ နေဖို့လည်း မပျက်ကွက်နဲ့။

မင်းဘက်က အရည်အချင်းဆိုတဲ့ ငါးမြားတံနဲ့ ချိတ်ကို အသင့်ချထားရင်
အောင်မြင်မှု ဆိုတဲ့ ငါးက မုချကို လာဟပ်ပါတယ်” 


 From...Lamin Maung





No comments:

Post a Comment