*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 22 December 2013

ဖုန်း အားသွင်းစက် အတု အယောင်များ ပြဿနာ



လွန်ခဲ့သော နှစ် အနည်းငယ်ခန့်က USB အခြေခံ ထားတဲ့ နည်းပညာသုံး ဖုန်းများနဲ့ တစ်ခြားသော လက်ကိုင် သုံး ပစ္စည်း အမျိုးမျိုး အတွက် လိုအပ်တဲ့ အားသွင်းစက် များကို ဝယ်ယူရင် မိမိတို့ ဝယ်ယူ အသုံးပြုနေတဲ့ ဖုန်း တစ်ခြား လက်သုံး ပစ္စည်းတွေ ဝယ်ယူ ခဲ့တဲ့ ကုမ္ပဏီ (သို့မဟုတ်) အမှတ်တံဆိပ် စတဲ့ ဆက်စပ်မှုရှိတဲ့ အထောက် အထား တစ်ရပ် ပါရှိတဲ့ အားသွင်း စက်တွေကိုသာ ဝယ်ယူ အသုံးပြုနေရတဲ့ အဖြစ်မှ ကျော်လွှား လွန်မြောက်အောင် ဆောင်ရွက်ခဲ့ရကြောင်း ESC လို့ခေါ်တဲ့ လျှပ်စစ်ဆိုင်ရာ ပစ္စည်းများ လုံခြုံမှု ကောင်စီ က ပြောဆို ခဲ့တာ ဖြစ်ပါတယ်။


အမှန်ကတော့ မိမိတို့ကိုယ်ပိုင် အသုံးအဆောင်ဖြစ်တဲ့ ဖုန်းနဲ့ တခြားသော လက်သုံးပစ္စည်း Gadget တွေ မှာ ပြန် လည် အားဖြည့်ဖို့ အားသွင်းစက်ကလေးတစ်ခုကို ဘယ်နေရာသွားသွား ဆောင်သွားသင့် တာ ကတော့ လိုအပ်ချက် တစ်ခုအနေနဲ့ မှန်ကောင်းမှန်စရာ ရှိပေမယ့် ဒီပြဿနာအတွက် ဖြေရှင်းရမယ့် နည်းလမ်းတွေ ကတော့ လွယ်မယောင်နဲ့ ခက်ဆိုသလို တွေ့ကြုံရဖွယ်ရှိကြောင်း သုံးသပ်စဉ်းစား စရာဖြစ် ပါတယ်။


အားသွင်းစက် တစ်လုံးလောက် ရှိရင် ဘယ်လက်ကိုင် ပစ္စည်း ကိုမဆို သုံးလို့ ရမယ်ဆိုတဲ့ အတွေးဟာ သဘော တရားအနေ နဲ့ မှန်ကောင်းမှန်ပေမယ့် လက်တွေ့ကျကျ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ ကို လေ့လာ စူးစမ်းပြီးမှသာ တိကျတဲ့ အခြေတစ်ရပ်ကို ထုတ်သင့်ကြောင်းေ​​ဝဖန်ပြော ဆိုကြတာ ဖြစ်ပါ တယ်။ 


လျှပ်စစ်ဆိုင်ရာ ပစ္စည်းများ လုံခြုံမှုကောင်စီဖြစ်တဲ့ ECS ရဲ့ လုံခြုံမှုဆိုင်ရာ ထုတ်လုပ်မှု မန်နေဂျာ တစ်ဦးဖြစ် တဲ့ စတိဗ်ကတ်တလာရဲ့ ပြောဆိုချက်အရ မိုဘိုင်းဖုန်းများနဲ့ ပတ်သက်ပြီး ရောင်းဝယ်တဲ့ လုပ်ငန်းတွေမှာ ဖုန်းအားသွင်းစက်တွေကို ပူးတွဲရောင်းဝယ်မှုနဲ့ ပတ်သက်ပြီး ဥရောပကောင်စီရဲ့ ဆန္ဒနဲ့အညီ ဖုန်းများကို အားသွင်း စက်နဲ့ မတွဲဘဲ လွတ်လပ်စွာ ရောင်းဝယ်ဖောက် ကားနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားဖို့ သဘော တူညီချက်ရရှိပြီး ဖြစ်ကြောင်း 

ဒီလိုလုပ်ကိုင်ရခြင်းဟာ မလိုအပ်ဘဲ အားသွင်းစက်တွေကို ပရမ်း ပတာ သုံးစွဲနေမှုကို လျော့ချဖို့နဲ့ လျှပ်စစ် ဓာတ်အားဖြုန်းတီးမှု မဖြစ်စေရေးအတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း စတိဗ်ကတ် တလာ က ပြော ဆို ခဲ့တာ ဖြစ်ပါတယ်။

၎င်းက ဆက်လက်ပြောဆို ရာမှာ တချို့သော မိုဘိုင်း Devices အမျိုးမျိုး ကို ကိုင်တွယ်နေသော သူများ ဟာ အရည် အသွေး မမှန်တဲ့ အတုအယောင် အားသွင်း စက်တွေ ဝယ်ယူ သုံးစွဲမှုကြောင့် Devices တွေ လောင် ကျွမ်းခံ ရမှု သို့မဟုတ် အပူလွန်ကဲ မှုနဲ့ ပတ်သက်တဲ့ ပြဿနာ အမျိုးမျိုးတွေကို ကြုံတွေ့နေရကြောင်း၊ ဒါကြောင့် ဒီပြဿနာ ကိုလည်း ပိုမို သတိထားပြီး ဖြေရှင်းရမယ့် နည်းလမ်းတွေကို မိုဘိုင်း Devices များစွာ သုံးစွဲနေသူတွေအတွက် လမ်းညွှန်ပေးသင့်ကြောင်း စတိဗ်ကတ်တလာက ရှင်းလင်းပြောဆို သွားတာ ဖြစ် ပါတယ်။


 မိုဘိုင်းပစ္စည်းများစွာ သုံးစွဲနေတဲ့ အင်္ဂလန်နဲ့ ဥရောပ နိုင်ငံတွေမှာ ဒီပြဿနာနဲ့ ပတ်သက်ပြီး အား သွင်း စက်တွေ အစား ဘယ်လို စက်မျိုးတွေ တီထွင် သုံးစွဲသင့် သလဲဆိုတဲ့ မေးခွန်း များ ပေါ်ထွက် လာပြီး ပြန်  လည် အားသွင်းစရာ မလိုတဲ့ နည်းပညာများကို ဖော်ထုတ် ဖို့ အချေအတင်ပြောဆိုမှုများ ရှိလာတာ ဖြစ်ပါ တယ်။

လျှပ်စစ် ဓာတ်အား ပြန်လည်ဖြည့်သွင်းပေးရမယ့် အားဖြည့်စက်တွေ နဲ့ ပတ်သက်ပြီး ဝေဖန် အကြုံပြု ပြော ဆိုမှုများ ရှိပေမယ့် ရေရေ ရာရာ အပြော တစ်ခု ထွက်လာ ဖို့ကတော့ ခက်ခဲကြံ့ကြာနေဦးမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ Apple ရဲ့ လုပ်နည်း လုပ်ဟန် အချို့ကို သတိပြုလေ့လာ သင့်ပါတယ်။ 


ဒီအချက်ကတော့ နှစ် စဉ်ဒေါ်လာ သန်းပေါင်း များစွာ ရရှိ နေတဲ့ Apple ရဲ့ အထူး ဆက်သွယ်ရေး ကရိယာ ကို ထုတ်လုပ်ရောင်း ချနေမှု ပဲ ဖြစ်ပါတယ်။ Apple အနေ နဲ့ ဒီလို တစ်ဖက်က အထူး ဆက်သွယ်ရေး ကိရိယာ များ ထုတ်လုပ်ရောင်း ချမှုနဲ့ အတူ အတု အယောင် အားသွင်း စက်များ ပပျောက်ရေးကို ကြိုးပမ်း လုပ်ဆောင်နေပေမယ့် တချို့သော သူများ ကတော့ သူတို့ရဲ့ UBS တွေ အတွက် အတုအယောင် ပစ္စည်းတွေ ကို သုံးစွဲနေမှု ဟာ ကြီးမား တဲ့ ပြဿ နာ တစ်ရပ်အဖြစ် တည်ရှိနေ ဆဲ ဖြစ်ပါတယ်။

အမှန် ကတော့ အားသွင်း စက်တွေကို သုံးစွဲ   ရာမှ သိသင့် သိထိုက် တာလေးတွေကို သိထားဖို့ လိုအပ် ပါတယ်။ ဒီ အတုအယောင် အားသွင်း စက်လေးတွေ ကို များသော အားဖြင့် တရုတ်နဲ့ ကိုရီးယားနိုင်ငံတွေ က ထုတ်လုပ် ကြ တာ ဖြစ်ပါတယ်။ 


ဒီလို ထုတ်လုပ်လိုက်တဲ့ ပုံစံမတူတဲ့ အားသွင်းစက်လေးတွေဟာ ပင်ကိုယ်အားဖြင့် သက် ဆိုင်ရာ အား သွင်း ရမယ့် Device အမျိုးမျိုး နဲ့ အဆင်ပြေစွာ လိုက်လျော ညီထွေ ဖြစ်ဖို့ လိုပါတယ်။ များသော အားဖြင့် ဒီ ပစ္စည်းလေးတွေ ရဲ့ စွမ်းရည် ဟာ USB အတွက် လုံလောက်တဲ့ စွမ်းဆောင် ရည် ရှိသော် လည်း တခြား ပစ္စည်းတွေ အတွက် ကွဲပြားခြားနား မှု ရှိကြောင်း၊ ဒါကြောင့် ပစ္စည်း အလိုက်ရွေးချယ် သုံးစွဲ သင့်ကြောင်း Apple ရဲ့ ကျွမ်းကျင် ပညာရှင်များက ပြောဆိုပါတယ်။

အားသွင်းစက် ကလေးတွေရဲ့ သဘာဝ အရ ခံနိုင်ရည် နှစ်အမ်ပီယာ အထိ ရှိတဲ့ Device အမျိုးမျိုး နှစ် အမ်ပီ ယာ အထိ ရှိတဲ့ Device မျိုးစုံကို အားသွင်းနိုင်ပါတယ်။ USB တစ်ခုဟာ တစ် အမ်ပီယာနဲ့ လုံလောက်ပါ တယ်။ ဖုန်း တစ်လုံးရဲ့ လိုအပ်ချက်ဟာ ၅၀၀ လောက်သာ ရှိပါတယ်။


 ipad နဲ့ iPad 2 တို့ကတော့ ၁၀ ပေလောက် အသုံးပြုကြပြီး Retina ပါရှိတဲ့နောက်ဆုံးပေါ် iPad ကတော့ ၁၂၀၀ လောက် သုံးစွဲမှာ ဖြစ်ပါတယ်။ ဒါကြောင့် ခံနိုင်ရည်အား နှစ် အမ်ပီယာလောက်အတွင်းမှာ ရှိနေတဲ့ Device အမျိုးမျိုးတွေမှာ အားသွင်းစက် တစ်မျိုး တစ်စားတည်းနဲ့ အသုံးပြုလို့ရတယ်လို့ Apple ရဲ့ ပညာရှင် များက ပြောဆိုတာ ဖြစ်ပါတယ်။

ဒီနေရာမှာ တချို့သော သူများရဲ့ အတွေ့အကြုံ အရ ပြောဆို ချက်များ ပေါ်ထွက် လာပါတယ်။ ဒါကတော့ လက်ကိုင်ဖုန်းတွေ မှာ သွင်းတဲ့ အားသွင်းစက် တချို့ဟာ တခြားသော မိုဘိုင်း Device တွေမှာ သုံးစွဲတဲ့ အခါ အဆင် မပြေမှုများ ကြုံတွေ့ရကြောင်း၊ သာဓက အားဖြင့် ဖုန်းမှာ အသုံးပြု  တဲ့ အားသွင်းစက်ကို တခြား Device များဖြစ်တဲ့ Tablet တို့ iPad တို့လို ပစ္စည်းတွေမှာ ပြောင်းသုံးကြည့်တဲ့ အခါ အဆင် မပြေမှု များ ကြုံတွေ့ ရကြောင်း .....


ဒါကြောင့် ဒီလို Charger မျိုးတွေနဲ့ ပတ်သက်ပြီး ပြဿနာကို ဘယ်လိုဖြေရှင်းသင့် တယ် လို့ ဆိုတဲ့ အကြံ ဥာဏ် ကို ဥရောပ သမဂ္ဂအထိ တင်ပြတောင်းခံနေရပြီး ဥရောပ သမဂ္ဂကလည်း အားသွင်းစက် အမျိုးမျိုး  အသုံးပြုနေခြင်းကြောင့် အားသွင်း လိုတဲ့ ပစ္စည်းနဲ့ လိုက်ဖက်မယ့် Charger ကိုရွေးချယ် သုံးစွဲ ရမယ့် အနေအထားမျိုး ကို ဖြေရှင်း ဖို့ နည်းလမ်း ရှာရမှာ ဖြစ်ကြောင်း၊ Charger တိုင်းဟာ အားလုံးသော Device များစွာနဲ့ သင့်လျော်မှု ရှိလိမ့်မယ်လို့ မယုံကြည်ကြောင်း ဥရောပသမဂ္ဂမှ တာဝန်ရှိသူများ က ပြောဆို တာ ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်လောက်မှာ ဥရောပ သမဂ္ဂအဖွဲ့ဟာ ဥရောပရဲ့ မိုဘိုင်း သုံးစွဲသူ များနဲ့ ဆက်နွယ် မှု ရှိတဲ့ အဖွဲ့အစည်း များစွာ နဲ့ ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး Charger များသုံးစွဲမှုဆိုင်ရာ နားလည်မှု စာချွန် လွှာ တစ်စောင်ကို အဖွဲ့ဝင်နိုင်ငံများ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီ သဘောတူ စာချုပ်အရ ဥရောပ သမဂ္ဂအဖွဲ့က သတ်မှတ် ထားတဲ့ ဖုန်းအာသွင်းစက် အမျိုးအစားများကိုသာ အသုံးပြုဖို့ လမ်းညွှန်မှု များကို အပြည့်အဝလိုက်နာခြင်း မရှိဘဲ ၎င်းရဲ့ သီးခြားထုတ်လုပ်ထားတဲ့ Lightning ကိုပဲ အသုံးပြုခဲ့ ပါ တယ်။ 


၎င်းဟာ Samsung ရဲ့ Charger ထက် တစ်ဆခွဲလောက် ပိုမိုမြန်နှုန်းမြင့်ပြီး သွက်လက်မြန်ဆန်တဲ့ သဘော ရှိပါတယ်။ Apple ဟာ ဥရောပ သမဂ္ဂရဲက လမ်းညွှန်မှုကို အပြည့်အဝ လိုက်နာခြင်းတော့ မရှိသေးပါဘူး။ ဘာကြောင့်လည်းဆိုရင် Apple ရဲ့ Connector တချို့ဟာ Android Devies တွေနဲ့ ဆက်စပ် အသုံးပြုလို့ မရတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ ဥရောပဈေးကွက်အတွင်းမှာ ရောက်ရှိနေတဲ့ ဈေးပေါတဲ့ တရုတ်နိုင်ငံလုပ် Charger များကို အသုံးပြုမယ့်အစား USB Charger များကို အသုံးပြုကြဖို့ ဥရောပသမဂ္ဂအဖွဲ့ဟာ ကြိုးပမ်းအားထုတ် မှု ပြုလုပ်နေပါတယ်။ 


၎င်းတို့ရဲ့ တိုက်တွန်း လှုံ့ဆော်မှုကြောင့် အတုအယောင်အားသွင်း စက်တွေ ကို ဈေး ကွက် အတွင်းမှာ လျော့ နည်း ကျဆင်းသွားရေးအတွက် ၂၀၀၉ ခုနှစ်က ပြုလုပ်ခဲ့တဲ့ နည်းလည်မှု စာချွန်လွှာ (mou) နဲ့အညီ ဥရောပဈေးကွက် ထဲက Charger တွေရဲ့ အရည် အသွေးနဲ့ စံချိန် စံညွန်းတွေကို သတ်မှတ် ကန့်သတ် ထားချက်တွေ နဲ့ ညီမညီ စစ်ဆေး ရွေးချယ်ဝယ်ယူကြဖို့နဲ့ အဆင့်အတန်းမမီတဲ့ Charger တွေကို တဖြည်းဖြည်း ပပျောက်သွားရေးအတွက် ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ကြဖို့ ဥရောပ သမဂ္ဂက တိုက်တွန်းပြော ဆိုသွားတာ ဖြစ်ပါတယ်။

Apple ကလည်း သူရဲ့ မိုဘိုင်း Devices များအားလုံးနဲ့ ကိုက်ညီမယ့် Charger များကို ဥရောပသမဂ္ဂရဲ့ လမ်း ညွှန်မှု နဲ့ အညီ ပြောင်းလဲသုံးစွဲသွားနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဒါ့အပြင် လာမယ့်  ၅ နှစ် အတွင်းမှာ မိနစ်ပိုင်း အတွင်းမှာ ပြန်လည် အားဖြည့်နိုင်စွမ်း ရှိတဲ့ Nano-Tube ဘက်ထရီ အမျိုး အစားသစ် ကိုလည်း ထုတ်လုပ် သွားဖို့ ကြိုးပမ်းမှာ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။


မိုးမခ

Ref & Credit: Net Guide Journal 

No comments:

Post a Comment