*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 26 December 2013

"သွေး " - စံဇာဏီဘို




  သွေးက ၄ မျိုးပဲရှိတယ်။

“အို” သွေးရှိတယ်။ တစ်ကမ္ဘာလုံးရဲ့ ၄၅% ရှိတယ်။

“အေ” သွေးရှိတယ်။ ကမ္ဘာ့ ၄၀%။

“ဘီ”က ၁၁%။

“အေဘီ”က ၄%။

အိုသွေး က ကမ္ဘာမှာ အရင့်ကျက်ဆုံးသွေး။ hunter တွေ၊ တိုက်မယ်၊ ခိုက်မယ်၊ အမဲလိုက်မယ်၊ ဖိုက်မယ်၊အငြိမ်မနေ လှုပ်ရှားနေမယ်။ ဒါ အိုသွေးသမားရဲ့ ဗီဇ။ သူက တကယ့်ကျောက်ခေတ်တုန်းကလူတွေရဲ့သွေး။ hunter တွေရဲ့သွေး။


အေသွေး ကျတော့ အငြိမ်နေမယ်။ သမိုင်းဦးပုံပြင်လို။ လယ်တွေစိုက်မယ်။ ယဉ်ကျေးမှုတွေ ထူထောင်မယ်။ အုပ်ချုပ်ရေးတွေလုပ်မယ်။

ဘီသွေး ကျတော့ သမိုင်းဦးခေတ်ကို ကျော်ပြီးတော့ ကုန်သွယ်ရေးရာခေတ်ကိုရောက်တယ်။ စီးပွားရှာမယ်။ ကုန်သွယ်မယ်။ အလုပ် လုပ်မယ်။

အေဘီသွေး က နောက်ဆုံးပေါ်သွေး။ အေဘီသွေးသမားတွေက New Age တွေ။ ကွန်ပျူတာတွေ၊ အီလက်ထရွန်းနစ်တွေ၊ မော်ဒန်Artတွေ တီထွင်တာ၊ လမ်းသစ်ကို ထွင်ပြီးဖောက်တာ။

အဲဒီအကြောင်းကို ဂျပန်က သိထားတယ်။ ၁၉၃၁ မှာ Imperial Army ကြီးကိုထူထောင်တဲ့အခါကျတော့ သွေးအုပ်စုတွေခွဲပြီးတော့ အို ကို ဖိုက်တာအုပ်စု၊ အေ ကို Admin အုပ်စု၊ ဘီအုပ်စုကို ထောက်ပို့ရေးကို ကိုင်ခိုင်းတယ်။ အေဘီအုပ်စုကို research လုပ်တာ၊ Propaganda လုပ်တာတို့၊ ဗျူဟာ Research လုပ်တာတို့၊ Strategic Researchတွေကို ကိုင်ခိုင်းပြီးတော့ Imperial Army ကို ဒုတိယကမ္ဘာစစ်ထဲ တွန်း သွင်းတာ။

စံဇာဏီဘို

From...လေလွင့်နေတဲ့လူ
 

No comments:

Post a Comment