*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 28 December 2013

မလေးရှားက မြန်မာ အလုပ်သမားအရေး စိုးရိမ်စရာ မရှိတော့ဟု ဆို

မလေးရှားမှာ အန္တရာယ်အခက်အခဲတွေရင်ဆိုင်နေရတဲ့  မြန်မာအလုပ်သမားတွေရဲ့ ကိစ္စ  မြန်မာ အစိုး ရ နိုင်ငံခြားရေး ဌာနက တာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာ အလုပ်သမား အေဂျင်စီက လူတွေ ဘယ်လို ကူညီပေးနေတယ် ဆိုတာကို သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးရဲ့ ဖေ့စ်ဘုတ်က တဆင့် အခုလို သတင်းထုတ်ပြန်ထားပါတယ်။ 

 
 
မလေးရှား နိုင်ငံ ကွာလာလမ်ပူ မြို့တွင် ပြီးခဲ့သည့် ဇွန်လဆန်း ၃ ရက်က မြန်မာ အလုပ်သမား တဦး ၏ ရုပ် အလောင်း ကို မလေးရှား ရဲ တပ်ဖွဲ့ဝင်များ စစ်ဆေးနေစဉ် (ဓာတ်ပုံ – Straits Times)
 
မလေးရှားရှိ မြန်မာသံရုံးမှ မြန်မာအလုပ်သမားဆိုင်ရာသံအရာရှိ ဦးစိုးဝင်း၊ မြန်မာ သံရုံး အရာရှိ(၁)ဦး၊ (မြန်မာအလုပ်သမားများကို စေလွှတ်လိုက်သော) မလေးရှား အလုပ်သမားအေဂျင်စီ တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် ကွာလာ လမ်ပူမှ ဆာရာဝပ်ပြည်နယ်သို့ လေကြောင်းခရီးဖြင့် ထွက်ခွါခဲ့ကြောင်း၊ 
 
မြန်မာ အလုပ်သမားများ ကူညီရေးအဖွဲ့သည် ဆာရာဝပ်ပြည်နယ် မြို့တော် ကူချင်းသို့ ယနေ့ နေ့လည် ပိုင်း တွင် ရောက်ရှိခဲ့ပြီး မနက်ဖြန် နေ့လည် ၁၂ နာရီ လေယာဉ်ဖြင့် စက်ရုံတည်ရှိရာသို့ ဆက်လက် ထွက်ခွါ မည် ဖြစ်ကြောင်း၊ 
 
ကူချင်းမှ စက်ရုံသို့ မော်တော်ကားဖြင့် ၁၄ နာရီ ခရီးရှိပြီး လမ်းခရီး စိတ်ချရမှု မရှိခြင်းကြောင့် မနက်ဖြန်မှ ဆက် လက် ထွက်ခွါရန် ဖြစ်ကြောင်း၊ မလေးရှားရှိ မြန်မာသံရုံး ကလည်း မလေးရှား အစိုးရသို့ အဆိုပါ
ဖြစ်စဉ် အား အသိပေး၍ ကာကွယ်စောင့်ရှောက်မှု အမြန်ဆုံးပေးရန် တောင်းဆို ထားပြီး သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများက လုံခြုံရေးဆောင်ရွက်ပေးထားသဖြင့် မြန်မာ အလုပ်သမားများ၏ အခြေအနေမှာ စိုးရိမ်စရာ မရှိတော့ကြောင်း၊ 
 
မြန်မာအလုပ်သမားများ၏ အခြေအနေမှာလက်ရှိအချိန်တွင် အေးဆေးတည်ငြိမ်နေပြီ ဖြစ်ကြောင်း၊ 
မြန်မာ အလုပ်သမားများထံသို့ မြန်မာအလုပ်သမားအေဂျင်စီမှ တာဝန်ရှိသူအချို့ ရောက်ရှိနေပြီ ဖြစ်ပြီး စက်ရုံ တာဝန်ရှိသူများနှင့် မြန်မာအလုပ်သမားများ၏ အခွင့်အရေး၊ လုံခြုံမှုကို ညှိနှိုင်းလျက် ရှိကြောင်း၊ 
နောက်ထပ် မြန်မာ အလုပ်သမားအေဂျင်စီ(၂)ခုမှ တာဝန်ရှိသူများ မြန်မာနိုင်ငံမှ ယနေ့ လေကြောင်းခရီး
ဖြင့် မလေးရှားသို့ လိုက်ပါသွားကြပြီ ဖြစ်ကြောင်း၊ 
 
မလေးရှားရောက် မြန်မာ(စစ်ကိုင်းတိုင်းဒေသကြီးမှ)ဇနီးမောင်နှံ(၂)ဦးက မြန်မာအလုပ်သမားများအတွက် ဆန်များ လာရောက် လှူဒါန်းပေးအပ်ထားပြီး ဖြစ်၍ အစားအသောက် အခက်အခဲ ပြေလည်နေပြီ ဖြစ်
ကြောင်း၊ 
 
မြန်မာနိုင်ငံသံရုံးမှ အလုပ်သမားအရာရှိနှင့် သံရုံးတာဝန်ရှိသူများသည် မြန်မာအလုပ်သမားအေဂျင်စီ၊ မလေး အလုပ်သမားအေဂျင်စီ၊ စက်ရုံတာဝန်ရှိသူများ၊ မလေးရှားအစိုးရမှ သက်ဆိုင်ရာ စသည်တို့ ပါဝင်သော အလုပ် ရှင်(အလုပ်သမားအေဂျင်စီပါဝင်)-အလုပ်သမား-(၂နိုင်ငံ)အစိုးရ (၃)ပွင့်ဆိုင် တွေ့ဆုံပြီး အလုပ် သမား အခွင့်အရေးဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ မြန်မာအလုပ်သမားများ၏ အခက်အခဲ များ၊ လုံခြုံဘေးကင်းမှု၊ ရေရှည်အာမခံချက် စသည်တို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ဆောင်ရွက်သွား မည် ဖြစ်ကြောင်း သိရှိရပါသည်။ 
 
အထက်က အတိုင်း အစိုးရအရာရှိတဦးက သတင်းထုတ်ပြန်ထားသော်လည်း မလေးရှားက လာတဲ့ တချို့ သတင်းတွေမှာ ယနေ့ ညနေပိုင်းအထိ ထိရောက်တဲ့ ကူညီမှုမျိုး အစိုးရပိုင်းဆီက မရသေးဘဲ စိုးရိမ်နေရဆဲ
ဖြစ်တယ်လို့ ကာယကံ ရှင်တချို့က ပြောနေကြပါတယ်။  
 
ဒါပေမယ့် ဧရာဝတီကတော့ သီးခြား အတည်ပြုလို့ မရသေးပါဘူး။ 

အိမ့်သံစဉ် ~
 

No comments:

Post a Comment