*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 27 December 2013

Cherry QQ ကားများကြောင့် တက္ကစီ စလစ်များ ဈေးနှုန်း ကျဆင်း

 
Cherry QQ ကားများကို အပ်နှံခွင့်ပေးလိုက်ပြီး နောက်တက္ကစီ စလစ်ဈေးနှုန်းများ ကျဆင်း သွားခဲ့ကြောင်း ကားဝယ်/ရောင်းများ ထံမှ သိရှိရသည်။

ဒီဇင်ဘာလ ဆန်းပိုင်း က Cherry QQ ကားများ ကို အပ်နှံခွင့်ပေးလိုက်ပြီး နောက်ပိုင်း ထိုကားများ ၏ ဈေး ကွက် မှာ မြင့်တက် သွားခဲ့ပြီး ကကြီးတန်း ကားများမှာ ဈေးနှုန်းများ ကျဆင်းသွားခဲ့သည်။ အလားတူ တက္ကစီ စလစ်ဈေးကွက်၌ QQ ကားများ ပါဝင်လာခြင်းကြောင့် လည်း အငှားယာဉ် စလစ်ဈေးများ လည်း ကျဆင်း သွား ခဲ့သည်။


ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော စလစ်ဈေးကွက်နှင့် ပတ်သက်၍ ကားဝယ်/ရောင်းတစ်ဦးက “လဆန်းပိုင်း လောက်က Cherry QQ တွေကို အပ်နှံခွင့်ပေးတယ်ဆိုတာ အတိအကျ မသိကြသေးတဲ့ အတွက် စလစ်ဈေးအလှုပ်အခတ်မဖြစ်ခဲ့ပါဘူး၊ ဒါပေမဲ့ Cherry QQ တွေကို တရားဝင်အပ်နှံခွင့်ပြုတယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာပြီး နောက်ပိုင်းမှာတော့ တက္ကစီစလစ်ဈေးကွက် ကမောက်ကမ ဖြစ်သွားခဲ့ပါတယ်၊ 

အရင်က သိန်းငါးဆယ် ၀န်းကျင်မှာ ရှိတဲ့ Cherry QQ ကားတွေက သိန်း ခြောက်ဆယ် နားကပ်သွားပြီး ၆၈သိန်း ၀န်းကျင်မှာ ရှိတဲ့ ကကြီးတန်း ကားတွေက ၆၃သိန်း နားကပ် သွားခဲ့ပါတယ်၊ မြန်မာနိုင်ငံမှာ Cherry QQ ကားတွေဘယ်လောက်ထိ အပ်နှံကြမလဲ ဆိုတာ မသိသေးတဲ့ အတွက် တက္ကစီ စလစ်ဈေး ကခန့်မှန်းလို့ မရ ဖြစ်နေပါတယ်” ဟုဆိုခဲ့သည်။
 
 Cherry QQ ကားများ အပ်နှံခွင့်ပေးခဲ့ပြီးနောက်ပိုင်း ဖြစ်ပေါ် ခဲ့သော တက္ကစီ စလစ်ဈေးများမှာ Cherry QQ ကား သည် ၆၁သိန်း ၀န်းကျင်၊ ကကြီးတန်း ကားသည် ၆၃သိန်း ၀န်းကျင်နှင့် အမည်ပေါက် တက္ကစီ စလစ် တစ်စောင် သည် ကျပ် ၆၈သိန်း ၀န်းကျင် ပေါက်ဈေး ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

Automobile Journal
 Myanmar Latest News

No comments:

Post a Comment