*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 18 January 2014

မြို့ပြရောဂါ အတွက် ဆေးခါးကြီး တစ်ခွက်

yangon_day_1
 January 13, 2014

ရန်ကုန်မြို့လယ်တွင် လူဦးရေတစ်ရာခန့်ရှိသော လူအုပ်ကြီးက တစ်နေရာအား စိတ်ဝင်တစ်စား ၀ိုင်းအုံ ကြည့်နေ သည်။ ဈေးသည်မဟုတ်၊ မျက်လှည့်ပွဲ တစ်ခုမဟုတ်၊ ရန်ပွဲမဟုတ်ပါ အဆိုပါ လူအုပ်ကြီးထဲတွင် အစိုးရ အာဏာပိုင်များ၊ ယာဉ်ထိန်းရဲများနှင့် စည်ပင်သာယာရေး ၀န်ထမ်း များလည်း ပါဝင်သည်။

၂၀၁၃ နိုဝင်ဘာ ဒုတိယပတ်က လှည်းတန်း စိန်ဂေဟာရှေ့တွင် စည်းကမ်းမဲ့ ရပ်နားထားသော လိုက်ထရပ် ယာဉ်တစ်စီးအား ယာဉ်ထိန်းရဲ တပ်ဖွဲ့က ကရိန်းဖြင့်ဆွဲနေစဉ် လူအများက ၀ိုင်းအုံ ကြည့်နေခြင်းဖြစ် သည်။ နိုင်ငံတော်၏ ကား အဟောင်းဖျက်သိမ်းရေး အစီအစဉ်အရ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှစ၍ ကားအဟောင်းများ ဖျက်သိမ်းပြီး ကားအသစ်များကို တင်သွင်းခွင့်ပြုသည်။ 


ထို့ အပြင် နိုင်ငံသားတိုင်း ကို ကားသွင်းခွင့်ပြုခဲ့ရာ ၂၀၁၃ နှစ်ကုန် အရောက်တွင် အစီးရေနှစ်သိန်းခွဲနီးပါး တင်သွင်းခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် ရန်ကုန်တွင် တစ်နေ့ထက် တစ်နေ့ ကားအစီးရေ များသည်နှင့်အမျှ လမ်းမများတွင် ယာဉ်ကြော ပိတ်ဆို့မှုမှာ လည်း တစ်နေ့ ထက်တစ်နေ့ ဆိုးရွားလာသည်။ အဆိုပါ စိန်ခေါ်မှုကို ရင်ဆိုင်ရန် အတွက် လက်ရှိ အစိုးရသစ် လက်ထက်တွင် ယာဉ်ကြောပိတ်ဆို့မှုများသော လမ်းဆုံများတွင် ခုံးကျော်တံတားများ တည်ဆောက်ခြင်း၊ လမ်းချဲ့ထွင်၍ရသော လမ်းများအား ချဲ့ထွင်ခြင်းများကို ပြုလုပ်ခဲ့သည်။

သို့သော် ယာဉ်ကြော ပိတ်ဆို့မှုများ လျော့ကျမသွား၍ ယခုနောက်ဆုံးမြို့တွင်း ၆ လမ်းသွား လမ်းမကြီး အပါအ၀င် အဓိကလမ်းမကြီး များ ၃၇ လမ်းကို ၂၀၁၃ နိုဝင်ဘာ ၁၁ ရက်မှစတင်ကာ ဆယ်စုနှစ် တစ်ခု အတွင်း ပထမဆုံး အကြိမ် ယာဉ်မရပ်ရဇုန်များ အဖြစ် တရားဝင်သတ်မှတ်ခဲ့ပြီး ယာဉ်ရပ်နားပါက ဖမ်းဆီးခဲ့ သည်။

မြို့တွင်းရှိ ကျန်ရှိသော လမ်းမကြီး ၂၀ အား ဒီဇင်ဘာ ၁၂ ရက်က ထပ်မံ၍ ယာဉ် မရပ်ရလမ်းများအဖြစ် သတ်မှတ်ခဲ့သည်။ ထို့အပြင် မကြာမီ စည်ပင်သာယာ နယ်နမိတ် အတွင်းရှိ ၃၃ မြို့နယ်အတွင်းရှိ လမ်းမကြီး များကို ယာဉ်မရပ်ရဇုန်အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ကြေညာထားသည်။

“ကားဖမ်းတာ ရပ်ကွက်ထဲ အနုကြမ်း ၀င်စီးသလိုပဲ။ လမ်းပိတ်မှာ စိုးလို့ ကရိန်းနဲ့ဖမ်းတာတဲ့။ ကရိန်းပေါ်တင် တာကို ၀ိုင်းအုံကြည့်တဲ့ လူတွေကြောင့် နာရီဝက်ကျော်လောက် ကားပိတ်သွားတယ်”ဟု ကမာရွတ်မြို့နယ် အတွင်း စည်းကမ်းမဲ့ ရပ်နား ထားသောယာဉ်ကို ပထမဆုံးအကြိမ်ဖမ်းယူစဉ် ကြည့်နေသူတစ်ဦးကပြော သည်။

ဖမ်းဆီး အရေးယူရာတွင် စည်းကမ်းမဲ့ ရပ်နားထားသော ယာဉ်များ ချလန်ဖြတ် အရေးယူသည့် စနစ်သာမက လက်ရှိနိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော ယာဉ်ကို ကရိန်းဖြင့် ဆွဲယူသယ်ဆောင်သွားသည့်စနစ်ကိုပါ စတင်ကျင့်သုံးသည်။

ကရိန်းဖြင့် ဆွဲယူဖမ်းဆီးခြင်း ခံခဲ့ရသော ကမာရွတ်မြို့နယ်မှ ယာဉ်ပိုင်ရှင် တစ်ဦးက “အစ်ကိုတို့က စည်းကမ်း မလိုက်နာချင်လို့ မဟုတ်ပါဘူး။ စည်းကမ်းလိုက်နာလို့ မရတာပါ။ ကားကို ကိုယ့်တိုက်အောက်မှာ မှမရပ်ရင် ရပ်စရာမရှိတော့ဘူး။ ဖမ်းတဲ့သူတွေကလည်း တာဝန်အရဖမ်းရတယ် ဆိုတာ နားလည်ပါတယ်။ 

ဒီတော့ ရပ်စရာမရှိလို့ရပ်မိတဲ့သူကအပြစ်လား၊တာဝန်အရဖမ်းတဲ့သူကအပြစ်လား၊မပြောတတ်တော့ဘူး”ဟု သူ၏ ခံစားချက် ကိုပြောသည်။ ယာဉ်မရပ်ရဇုန်များ သတ်မှတ် ဖမ်းဆီးခြင်းကို ရန်ကုန်မြို့နေ မော်တော်ယာဉ် သုံးစွဲသူများ က ဝေဖန်မှုများရှိသည်။ သို့သော်လည်း ယင်းစနစ်သည် လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ခန့်က ရှိရင်းစွဲမြို့တော်စည်ပင်သာယာရေး ဥပဒေတွင် ပါဝင်သည်ဟုဆိုသည်။

“စည်ပင်သာယာ နယ်နမိတ်ထဲမှာ ယာဉ်မရပ်ရဘူးဆိုတာ ခုမှထပြီး သတ်မှတ်လိုက်တာ မဟုတ်ပါဘူး။ အရင် ကတည်းကရှိပြီးသား ဥပဒေဖြစ်တဲ့အတွက် ကျန်ရှိနေတဲ့ လမ်းတွေကို အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာ တစ်ဆင့်ချင်း ပိတ်ပင်သွားမှာပါ”ဟု မြို့တော်စည်ပင်လမ်း၊ တံတားဌာနမှ အင်ဂျင်နီယာတစ်ဦးကဆိုသည်။

ဖြေလျှော့ပေးသည့် အနေဖြင့် ယခင်က အရေးယူဆောင်ရွက်ခြင်း မပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်တွင် မြို့တော် လိုအပ်ချက်အရ ဥပဒေအား ပြန်လည်အသက်သွင်း ရခြင်းဖြစ်ကြောင်း မြို့တော်စည်ပင်မှ အရာရှိ တစ်ဦးကပြောသည်။ စည်ပင်မှ ပြန်လည်အသက်သွင်းခဲ့သော ယာဉ်မရပ်ရ စနစ်ကို ရှစ်လခန့်အလိုတွင် ယာဉ်ပိုင်ရှင်များအား အသိပေးခဲ့သော်လည်း ယာဉ်ပိုင်ရှင်များမှာ မြို့တွင်းကားရပ်နား ရာ မြေနေရာ မလုံလောက်ခြင်း၊ အသိပေးချက်များကို သေချာစွာ နားမလည်ခြင်း တို့ကြောင့် အဖမ်းခံရသူများ သည်။

 နှစ်လ အတွင်း ယာဉ်အစီးရေ ၁၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။ စည်းကမ်းမဲ့ ရပ်နား ယာဉ် များကို ဖမ်းဆီး သည့်အချိန်၌သာ ယာဉ်ကြောရှင်းသွားပြီးဖမ်းဆီး ရေးအဖွဲ့မရှိပါက စည်းကမ်းမဲ့ ယာဉ်များသည် ရပ်မြဲ အတိုင်းရပ် သည်ဟု အင်းစိန်မှ ဆူလေးသို့ ပြေးဆွဲသော ယာဉ်တစ်လိုင်းမှ ယာဉ်မောင်းတစ်ဦးကပြောသည်။

သို့သော် အဆိုပါ စနစ်မှာ ယာဉ်ကြောပိတ်ဆို့မှုကို အမှန်တကယ်လျော့ကျစေမည်လော ဟူသည့်အချက်ကို သက်ဆိုင်ရာ ဖွဲ့အစည်းများ ခေါင်းချင်းရိုက်ကာ အဖြေရှာနေကြချိန်တွင် အမှန်တကယ် ဖမ်းဆီးမှုပြု လုပ်နေ ရသော အောက်ခြေ၀န်ထမ်းများ၊ စည်ပင်၊ ယာဉ်ထိန်းရဲတို့မှာ အခက်အခဲပေါင်းစုံနှင့် ရင်ဆိုင်နေကြရသည်။

“အကျိုးအမြတ် အတွက် လုပ်နေရတာ မဟုတ်ပါဘူး။ တာဝန်အရ လူမုန်းခံပြီးလုပ်နေရတာပါ။ တစ်ခါတလေ လူတွေဝိုင်းအုံ လာပြီး ပြောဆိုတာတွေ၊ ကိုယ်ထိလက်ရောက် မဟုတ်ပေမယ့် စကားလုံးတွေနဲ့ စော်ကား တာတွေကိုလည်း သည်းခံရတယ်”ဟု ယာဉ်ထိန်းတပ်သားတစ်ဦးက သူ၏အတွေ့အကြုံကိုပြောသည်။

ဖမ်းဆီး ခံရသူများအနက် အချို့သည် အစိုးရ အာဏာပိုင်အဖွဲ့အစည်း၏နာမည်ကို သုံးပြီး အရေးမယူရန် ဖိအားပေးမှုများလည်း ရှိနေသည်။ ဖမ်းဆီး အရေးယူခဲ့မှုများတွင် အရာရှိအချို့၏ မော်တော်ယာဉ်များ ပါဝင်နေခြင်းတို့ ကလည်း စည်းကမ်းမဲ့ ရပ်နားထားသော ယာဉ်ဟူသမျှ ဖမ်းဆီးခွင့်ရှိသည့် စည်းမျဉ်း စည်းကမ်း များကို အလိုအလျောက် မသိကျိုးကျွံပြုထား လိုက်ရသည့် အခြေအနေများစွာရှိကြောင်း ဖမ်းဆီးရာတွင် ပါဝင်ဆောင်ရွက်နေရသူအချို့ကပြောသည်။

“အချို့ကပြောပါ လိမ့်မယ်။ ကားရွေးဖမ်းတယ်တို့၊ ဖမ်းပြီးသား ကားကို လူရောက် လာတော့ ပြန် လွှတ်ပေး တယ် တို့ဆိုတာ။ ရွေးဖမ်းတယ်ဆိုတာက အားလုံးကိုမဖမ်းနိုင်တဲ့အတွက် စံပြအနေနဲ့ဖမ်းတာပါ။ လူကြီးကား မို့လို့ မဖမ်းတာလည်း မဟုတ်ပါဘူး။ ဘယ်ကားမဆို စည်းကမ်းမဲ့ရပ်ရင် ဖမ်းပါတယ်”ဟု ဖမ်းဆီးထိန်း သိမ်းရေး အဖွဲ့(၁)တွင် ပါဝင်သူတစ်ဦးကပြောသည်။

ဖမ်းဆီး ခံရသော ကားပိုင်ရှင်များ အနေနှင့်လည်း မသက်သာလှပေ။ မိမိယာဉ်အား ကရိန်းဖြင့်ဆွဲယူ ဖမ်းဆီး ခံရ ပါ က ကရိန်းဆွဲခ ကျပ်ငါးသောင်းအပြင် ဒဏ်ငွေ အနည်းဆုံးကျပ်တစ်သိန်းမှ ငါးသိန်း အထိ ပေးဆောင် ရ သည်။

ထို့အပြင် ယာဉ်ကို ချက်ချင်း ဒဏ်ငွေဆောင်ကာ မရွေးနိုင်ပါက တစ်နေ့လျှင် ကျပ်သုံးထောင်နှုန်းဖြင့် နေ့စဉ် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်သည်။

ထို့အပြင် စည်းကမ်းမဲ့ ရပ်နားသော ယာဉ်များ ဖမ်းဆီးအရေးယူရာတွင် နောက်ဆက်တွဲ အနေဖြင့် လိုင်စင် မဲ့မော်တော်ကားများပါ ဖမ်းဆီးရမိသည်များ လည်း ရှိသည်။

“ငါးစီးမှာ တစ်စီးလောက်က လိုင်စင်မဲ့ဖြစ်နေတယ်။ လိုင်စင်မဲ့ ယာဉ်ဖြစ်တဲ့အတွက် ဖမ်းခံရတဲ့ ယာဉ်ပိုင် ရှင်တွေ ကလည်း လာမရွေးကြတော့ဘူး။ အဆုံးခံလိုက်ကြတယ်”ဟု ဖမ်းဆီးရေးအဖွဲ့ဝင်ပါဝင်သည့် ယာဉ်ထိန်း ရဲတပ်သားတစ်ဦးကပြောသည်။

လက်ရှိ ဇန်န၀ါရီလဆန်းပိုင်းအထိ ကရိန်းဖြင့်တင်ဆောင်ကာ ဖမ်းဆီးအရေးယူခဲ့ရသော ယာဉ်အစီးရေ ၁၂၀၀ ကျော်အနက် အရေအတွက် သုံးရာကျော်မှာ လိုင်စင်မဲ့မော်တော်ကားများ ပါဝင်နေသည်။ ထိုကဲ့သို့ အရေးယူဆောင်ရွက်မှုများ သည် နိုင်ငံတကာတွ င်လည်း ကျင့်သုံးသော ယာဉ်ကြောကျပ်တည်းမှု ကို ဖြေ ရှင်းသောနည်းလမ်း တစ်ခုဖြစ်ပြီး ရန်ကုန်မြို့၌လည်း ယင်းစနစ်ကျင့် သုံးခြင်းသည် လုပ်ဆောင်သင့်သော နည်းလမ်းဖြစ်ကြောင်း မြို့ပြရေးရာကျွမ်းကျင်သူ ဦးအောင်မြင့်ကပြောသည်။

ကားမရပ်ရ ဇုန်များတွင် ကားရပ်သောကြောင့် အရေးယူမှု စနစ်ကို ကျင့်သုံးလာသော အခါ ကားရပ်ရန်နေရာ မရှိသော တိုက်ခန်းနေ ကားပိုင်ရှင်များ အတွက် မည်သည့်နေရာတွင် ကားရပ်ရမည်လဲဟူသောမေးခွန်း သည် ပေါ်လာသည်။

“တက္ကစီကို တိုက်အောက် မှာ ညသိပ်ထားတာ ကရိန်းနဲ့ ဆွဲခံလိုက်ရတယ်။ ကားပြန် ထုတ်တာနဲ့ ဘာနဲ့ တစ်သိန်းနီးပါးလောက် ကုန်သွားတယ်။ မရှိလို့ တက္ကစီမောင်းစားတာပါ။ အဲချိန်ကစပြီး ကားကို ဘယ်ချိန် လာဖမ်းမလဲ အမြဲကြည့်နေရတယ်”ဟု တက္ကစီယာဉ်မောင်း ကိုအေးဝင်းကပြောသည်။ 

ထို့အပြင် စည်းကမ်းမဲ့ ကားများကို ဖမ်းဆီးအရေးယူခြင်း သာမက ကားလမ်းနံဘေးရှိ ပလက်ဖောင်းဈေး သည်များ ကိုလည်း စနစ်တကျရှင်းလင်းရန်လိုသည်။ ထို့ကြောင့် ကားများအတွက် ရပ်နားရာနေရာများ ဖန်တီးပေးရန် လိုအပ်လာသောအချက်ကိုလည်း မြို့ပြရေးရာကျွမ်းကျင် ပညာရှင်များက ထောက်ပြပြော သည်။

အစိုးရက ကားရပ်နားဝင်းများ တည်ဆောက်ပေးရန်နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များက မိမိတို့ပိုင်မြေနေရာများ တွင် အထပ်မြင့် ကားရပ်နားရာနေရာများ တည်ဆောက်ရန် လိုအပ်ကြောင်းပညာရှင်ဦးအောင်မြင့် ကပြော သည်။ ရန်ကုန်မြို့တော်ဝန်ဦးလှမြင့်က ဒီဇင်ဘာ ၉ ရက်က ပြုလုပ်သော တိုင်းဒေသကြီး လွှတ်တော် အစည်း အဝေးတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကမာရွတ်မြို့နယ်၊ မြောက်ဥက္ကလာမြို့နယ်တို့တွင် အထပ်မြင့် ကား ရပ် နားရန်နေရာများ တည်ဆောက်ရန် မြေနေရာများ ရွေးချယ်ထားသည်ဟုဆိုသည်။

ယာဉ်ကြော ကျပ်တည်းမှုကို ဖြေရှင်းရန်အတွက် ခုံးကျော် တံတားများဆောက်နေရုံ၊ လမ်းများကိုချဲ့ထွင်ရုံ၊ စည်းကမ်းမဲ့ ရပ်နားယာဉ်များကို ဖမ်းဆီးနေရုံနှင့် မပြီးဘဲ တိကျသေချာသော အများပြည်သူ သယ်ယူ ပို့ဆောင်ရေးစနစ်၊ မြေယာနှင့်အသုံးချရေး စနစ်ကို ပီပြင်အောင်ဆောင်ရွက်ရန် လိုအပ်ကြောင်း မြို့ပြ စီမံကိန်း ဆိုင်ရာကျွမ်းကျင်သူ ဦးဝင်းမြင့်ကထောက်ပြပြောသည်။

“ဒါဟာ ရောဂါကိုဆေးမြီးတိုနဲ့ ကုတဲ့သဘောပဲ”ဟု ဦးဝင်းမြင့်ကဆိုသည်။ ယာဉ်မရပ်ရလမ်းများတွင် စည်း ကမ်း မဲ့ ရပ်နားယာဉ်များကို ဖမ်းဆီးခြင်းသည် ကောင်းမွန်သော စနစ်ဖြစ်သော်လည်း ထိရောက်သေချာ စွာ လုပ်ဆောင်သင့်ကြောင်း ၎င်းကပြောသည်။

“သူတို့က ဖမ်းချင်တဲ့ အချိန်ကြတော့ ဖမ်းတယ်။ မဖမ်းချင်ရင် မဖမ်းဘူး။ ဘယ်လိုတွေ ဖမ်းနေမှန်းကို မသိ  ဘူး။ တစ်နေရာတည်းမှာ အချိန်ပြည့်စောင့်ပြီး ဖမ်းနေရမယ်”ဟု မရမ်းကုန်းမြို့နယ်နေ အငှားယာဉ်မောင်း သမားတစ်ဦးက ဖမ်းဆီးအရေး ယူသည့် အစီအစဉ်အပေါ် ဝေဖန်သည်။

အမှန်တကယ် ဖမ်းမည်ဆိုပါက ယခင်ဟံသာဝတီ ကားပွဲစားတန်း(ကျွန်းတောလမ်း) တစ်လျှောက်တွင် ရပ်ထားသော ကားများကို အချိန်ပြည့်စောင့်ကြည့် ဖမ်းဆီးအရေးယူ သင့်ကြောင်း ၎င်းကထောက်ပြသည်။

အဆိုပါစနစ်အောင်မြင်ရန် အတွက် ဦးအောင်မြင့်က အောက်ပါအတိုင်းအကြံပြုသည်။

“ဒီလိုဖမ်းဆီးအရေးယူမှုကိုတော့ တစ်ပြေးညီ လုပ်ဆောင်ဖို့တော့ လိုအပ်တယ်”

Credit: 7Day News
From...Myanmar Latest News




No comments:

Post a Comment