*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 12 January 2014

အမေရိကန် မြို့နယ် ၉ ခု အရေးပေါ်အခြေအနေ ကြေညာ


 ဓာတ်ပုံ – ရိုက်တာ

အမေရိကန်နိုင်ငံ အနောက် ဗာဂျီးနီးယားပြည်နယ်က လူ ၃ သိန်းလောက်ဟာ ဇန်န၀ါရီ ၁၁ ရက်နေ့မှာ ချိုးစရာ သုံးစရာ ရေချို မရှိတဲ့ ဒုတိယညကို ဖြတ်သန်းနေရပါတယ်။

ပြည်နယ်ရဲ့မြို့တော် ချာလ်စ်တွန်နားက အဲ့လ်ခ် မြစ်ထဲကို ဓာတုဖိတ်စင်မှု ဖြစ်ခဲ့တာပါ။ ခုတော့ ဓာတုပစ္စည်း ပမာဏ လျော့ကျလာနေပါပြီ။ စက်မှု လုပ်ငန်းသုံး ဖိုးမီသိုင်းစိုင် ကလိုဟက်ဆိင်း မက်သနော လို့ခေါ်တဲ့ ခရုဒ် MCHM ဂါလံငါးထောင်က ဇန်န၀ါရီ ၉ ရက်နေ့မှာ မြစ်ထဲကို ယိုစိမ့်ခဲ့တယ်လို့ အုပ်ချုပ်ရေးမှူး အီးယ် ရေး တွန်ဘလင်က စီအင်အင်သတင်းဌာနကို ပြောပါတယ်။




ဒါကြောင့် ဇန်န၀ါရီ ၁၀ ရက်နေ့မှာ မြို့နယ် ၉ ခုကို အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး သမ္မတ အိုဘားမား ကတော့ အရေးပေါ် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ခုလို ဓာတုဖိတ်စင်မှုကြောင့် အနောက် ဗာဂျီးနီးယား ပြည်နယ်ရဲ့ အကြီးဆုံးမြို့ ချာလ်စ်တွန်မှာ ကျောင်းတွေနဲ့ စီးပွားရေး လုပ်ငန်းတွေကို ပိတ်ခဲ့ ရပါတယ်။

ပြည်နယ်ရဲ့ အကြီးဆုံး ရေသန့်စင် စက်ရုံရဲ့ ဥက္ကဌ ဂျက်ဖ် မက်အင်တူးဟာ ကတော့ ဘယ်အချိန်ရောက် မှ ရေက သုံးဖို့ စိတ်ချရအောင်ဘေးကင်းမယ် ဆိုတာ သူ မပြောနိုင်သေးဘူးလို့ ပြောပါတယ်။ ဓာတုပစ္စည်း ပါနေတဲ့ ရေရဲ့ အနံ့က စမုံစပါးနံ့နဲ့ တူပြီး လူသေလောက်အောင် အဆိပ်ဓာတ် မမြင့်ပေမယ့် ဘေးကင်းရေးကို စဉ်းစား နိုင်တဲ့ ပမာဏကတော့ တွက်ချက်ရဦးမှာပါ။

အရေးပေါ်လုပ်သားတွေက ဓာတုဖိတ်စင်မှု သက်ရောက်တဲ့ ဒေသတွေနားက ဌာနတွေကို ရေတွေ ဖြန့် ဖြူးပေးနေပါတယ်။ ဒေသခံတွေကတော့ စတိုးဆိုင်တွေမှာ ရေသန့်ဗူးတွေ ၀ယ်ဖို့ တန်းစီနေပါတယ်။
ဇန်န၀ါရီ ၁၀ ရက်နေ့ ညနေအထိ အနောက်ဗာဂျီးနီးယား အဆိပ်သင့် ဌာနဆီကို လူ ၇၃၇ ယောက် ဖုန်းဆက်ပြီး ဓာတုဖိတ်စင်မှုနဲ့ သက်ဆိုင်နိုင်တဲ့ စိုးရိမ်မှုတွေနဲ့ လက္ခဏာတွေကို အစီရင်ခံခဲ့ ပါတယ်။ 

လက္ခဏာတွေထဲမှာ အော့အန် မူးဝေ ပျို့အန် ၀မ်းလျှော အင်ပြင်ထတာတွေ ပါဝင်ပြီး အပျော့စားကနေ အနေရ အများကြီး ပိုခက်တဲ့ အဆင့်ထိ အမျိုးမျိုး ဖြစ်ကြတယ်လို့ ရေကုမဏီ ပြောခွင့်ရ အဲလီဇဘက် ရှားမန်းက ပြောပါတယ်။ ရောက်လာသူ ၇၀ လောက်ရှိပြီး လူလက်တဆုပ်စာ လောက် ပဲ ဆေးရုံ တင်ရ တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ရေသန့်စက်ရုံရဲ့ မြစ်ညာပိုင်းမှာရှိတဲ့ သတ္တုတူးဖော်ရေး သံမဏိနဲ့ ဘိလပ်မြေ စက်ရုံတွေအတွက် အထူးစီမံ ထားတဲ့ ဓာတုပစ္စည်းတွေ ထုတ်လုပ်တဲ့ ဖရီးဒင်း industries က ပိုင်တဲ့ ကန်တခုကနေ ဓာတုပစည်းတွေ ယိုစိမ့်ခဲ့တာပါ။

ထူးခြားတဲ့ အနံ့ရကြောင်း ဒေသခံ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဌာနက အစီရင်ခံစာ ရခဲ့လို့စစ်ဆေး ရာက ခုလိုတွေ့ခဲ့တာလို့ ပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

မြောက်ကာရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူးက ရေ၊ ပစ္စည်းကိရိယာတွေနဲ့ ထောက်ပံ့ရေးတွေ သယ်ရာမှာ အလုပ်တွင်ကျယ်စေဖို့ ကုန်ကားတွေရဲ့ အရွယ်အစားနဲ့ အလေးချိန် ကန့်သတ်ချက်တွေကို ဇန်န၀ါရီ ၁၀ ရက်နေ့ က သက်ညှာခွင့် ပေးခဲ့ပါတယ်။
 

No comments:

Post a Comment