*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 3 January 2014

မသေမရှင် ရိုက်သတ်ခံထားရသည့် မြန်မာအမျိုးသမီး



 ရွှေလုပ်သား

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နှင့် ၆၅ ကီလိုကွာဝေးသော မပာာချိုင်နှင့် ဆက်စပ်နေသော စမွတ်စုန်ခမ်းခေါ် မဲ့ကောင်းမြို့ ရှိ အဝေးပြေး ကားလမ်း မပေါ်တွင် မြန်မာမိန်းခလေး တစ်ဦးအား မသေမရှင် ရိုက်သတ် ထား သည်ကို မဲ့ကောင်းမြို့ရှိ အရေးပေါ်ကယ်ဆယ်ရေးမှ ရောက်လာပြီး မဲ့ကောင်းမြို့ရှိ စုန်ဓက် ဖဖွတ် လို့ လား ဆေးရုံသို့ ကုသခံယူစဉ် ဆေးရုံးရှိ တာဝန် ထမ်းဆောင်နေသော ထိုင်းဘာသာပြန် ကိုစိုးဝင်းက ခု လိုပြောပြပါတယ်။ 


“၆ ရက်နေ့ နံနက် ၉ နာရီ မှာ ဆေးရုံရောက်လာတော့ သူက စကားပြောလို့ သိပ်မ ရတော့ ဘူး ဆရာ မလေးတွေ ကတော့ ပါးစပ်ထဲက သွေးတွေ စုတ်ထုတ်ပေးနေ ရတယ် ပေါ့ စကားပြောနိုင်အောင် ဘာဖြစ် လဲဆိုတော့ ပါးစပ်ထဲမှာလဲ သွေးတွေပြည့်နေပြီ ဦးနှောက်မှာလဲ သိပ်အလုပ်မ လုပ်တော့ပုံဖြစ်နေပြီ ။

ဆေးရုံက ဆရာဝန်ကတော့ ဓါတ်မှန်ရိုက်ရမယ် လူနာက ဘာဖြစ်လာလဲ ဆိုတာ သိရအောင် နောက်တခု သံသယ ဖြစ်နေတာက မိန်းခလေးရဲ့ အတွင်းခံ အဓမ္မ ဆွဲရမ်းထားတာ မျိုးတွေ တွေ့ရနေတယ် ဒါပေမဲ့ ဦးခေါင်းကို အမာနဲ့ ရိုက်ထားတာလို့ ကောက်ချက်ချတယ် နောက်ပြီး ကောင်မလေးမှာ ပါလာတဲ့ ဘဲအိပ်ကို ကြည့်လိုက်တော့ မှတ်ပုံတင်ပါတယ် စာအုပ်လေးပါတယ် အဲဒီစာအုပ်ထဲမှ ဖုန်း နံပါတ်တွေ ပါတယ် အဲဒီ ဖုန်းနံပါတ်တွေကို ဆက်သွယ်လုပ်တော့ မိသားစု ထဲမှ ဖုန်းနံပါတ်လေးတွေ ရလာတယ်။ 

တဖြည်းဖြည်း ဆက်သွယ်တော့ ၅ ရက်နေ့လောက်က ကော့သောင်းဘက်က တက်လာတယ် လို့ပြောတယ် ကားမောင်းသမား ဆီက ဖုန်းနံပါတ်လဲ ရတယ် ကားမောင်းသမား ထိုင်းလူမျိုး ပြောပြပုံ အရ သိပ်မသင်္ကာ စ၇ာ စကားလေးတွေ ထွက်နေတယ်..

နောက်ဆုံး ဒဏ်ရာပြင်းထန်၍ သေဆုံးသွားပြီး မီးသဂြိုလ် ရန်အတွက် စမွတ်စုန်ခမ်းရှိ ပထုန် ဘုန်းကြီးကျောင်း ကို ပို့ထားရင်း အမျိုးတွေကို ဆက်သွယ်ထားကြောင်းသိရသည် ။ တစ်ချိန်ထဲမှာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ မှ သတင်းအချက်လက်ရယူ၍ အထူးတပ်ဖွဲ့ dsi နှင့် မြန်မာသံရုံး သို့ဆက်သွယ်ကာ သတင်းဌာနတချို့ကို လဲ အကူညီတောင်းခံကာ အမှု့မှန်ပေါ်ပေါက်ရန်အတွက် ဆက် လက်ဆောင် ရွက်နေဆဲ သေဆုံးသွားသော အမျိုးသမီးမှာ မခင်မြရီ အသက် ၂၃ နှစ် အဖအမည် ဦးအောင်စံသိန်း ကုလားချောင်းကျေးရွာ ပုံဏ္ကားကျွန်းမြို့နယ် မှဖြစ်ကြောင်းသိရှိရသည် ။

 ****************************************************************************************
 ****************************************************************************************

"စင်္ကာပူ က အစ်မ အကူညီတောင်းသည့် လူကုန်ကူး ခံရသူ၂ဦးလွတ်မြောက်ပြီ”

ကိုတီး
စင်္ကာပူတွင် အလုပ်လုပ်သည့် အစ်မဖြစ်သူ က အကူညီတောင်းခံသဖြင့် ထိုင်းငါးဖမ်းစက်လှေပေါ်တွင် ၁နှစ်ကြာ ရောင်းစားခံနေရသူ ၂ဦးအား ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ MAT နှင့် ပူးပေါင်း ဆောင်ရွက် သူများက ကယ်တင်ခဲ့ပြီးယမန်နေ့က မြန်မာအစိုးရလူ ကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ (မြ၀တီ)သို့ ပို့ဆောင်ပေး လိုက်ပြီးဖြစ်ကြောင်း သိရှိရသည်။

ဘန်ကောက်မြို့ မြန်မာသံရုံးသို့ စင်္ကာပူတွင် အလုပ်လုပ်ကိုင်နေသည့် အစ်မဖြစ်သူ မနီလာဝင်း က ဖုန်း ဆက်၍ နေပြည်တော် အလုပ်သမားဝန်ကြီးဌာနသို့၊ ထိုမှ ဘန်ကောက်မြန်မာသံရုံးသို့အကူညီ တောင်း ခဲ့ သည်။ ထိုမှတစ်ဆင့် MAT အဖွဲ့သို့ အကူညီတောင်းခံခဲ့ခြင်းဖြစ်သည်။ MAT အဖွဲ့က ထိုင်း တောင်ပိုင်း အခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED နှင့် ညှိနှိုင်းလျှက် ဘန်ကောက်မြို့ တောင်ဘက် ကီလို မီတာ ရှစ်ဆယ်ကျော် အကွာတွင်ရှိသော ခြုံဘူရီခရိုင် ချောင်း စမေးစံ လှေဆိပ်မှ လှေအမှတ် (၂၂) ပေါ်တွင် ၁နှစ်ကြာ ရောင်းစားခံနေရသည့် ပဲခူးတိုင်း မှ ကိုကျော်သူရထွန်း နှင့် ကိုကျော်မိုးလွင်တို့အား MAT အဖွဲ့က ဒီဇင်ဘာ ၂၃ ရက်နေ့တွင် သွားရောက် ကယ်ထုတ်ခဲ့ခြင်းဖြစ်သည်။

လွတ်မြောက်လာသည့် ကိုကျော်သူရထွန်း က“ ၂၀၁၂ ခု ဒီဇင်ဘာ ၈ ရက်နေ့က နာနတ်သီး စက်ရုံမှာ လုပ်ရ မယ်လို့ပြောပြီး မြ၀တီက ပွဲစားက ငါးဖမ်းလှေ ကိုရောင်းစားလိုက်တာပါ။ တစ်နှစ်တိုင်တိုင် လုပ်အားခ မရပဲ၊ မွန်အမျိုးသား ပိုက်ဆရာဆီမှာ အရိုက်နှက်ခံ အဆဲဆိုခံပြီး လုပ်ခဲ့ရတာ။ ခုမှ ဖုန်းကိုင်ခွင့်ရလို့ စင်္ကာပူက အမ ဆီကို ဖုန်းဆက်ပြီး အကူညီတောင်းလိုက်တာဖြစ်တယ်။ ကျနော်တို့လို ရောင်းစားခံနေရသူတွေ ပင်လယ်ထဲ မှာ တစ်ပုံကြီးပဲ။ ကူညီပေးကြပါ”ဟုပြောသည်။
 

တစ်နှစ်ကြာ လူကုန်ကူးခံနေခဲ့ ရသည့် အလုပ်သမား၂ဦးအား မြန်မာသံရုံးမှ ထောက်ခံစာနှင့်အတူ MAT အဖွဲ့က ယမန်နေ့က မြ၀တီလူကုန်တားသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။

MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က “ ထိုင်းငါးဖမ်းလှေတွေပေါ်မှာ လူကုန်ကူးခံနေရတဲ့ မြန်မာ အလုပ် သမားတွေ သောင်းနဲ့ သိန်းနဲ့ ရှိနိုင်ပါတယ်။ အင်ဒိုလှေတို့ မှာ လိုက်နေရတဲ့ မြန်မာတွေ ဆိုရင် ၆ နှစ်လောက် ကမ်းကို ကပ်ခွင့်မရဘူး။ ကျနော်တို့ကို ဆက်သွယ်လို့ရတာတွေလောက်ပဲ ကျနော်တို့ အဖွဲ့က ကယ်ထုတ် လို့ရတာပါ။ ရောင်းစားခံနေရတဲ့ မြန်မာတွေ အားလုံးလွတ်မြောက်နိုင်မယ့် နည်းလမ်းကို ကျနော် တို့သိပါ တယ်။ ဒါပေမယ့် ကျနော်တို့ဟာ အစိုးရတစ်ရပ်မဟုတ်တာကြောင့် အကောင် အထည် ဖေါ် ခွင့်မရှိ ဘူး။ ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ UNIAP နဲ့ မြန်မာအစိုးရ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တာဝန်ရှိသူတွေကိုတော့ အကြံပြုဖူးပါတယ်” ဟုပြောသည်။

MAT သည် ၂၀၁၃ ခုနှစ်အတွင်း ယခုကယ်တင်မှုအထိ လူကုန်ကူးမှုနှိမ်နင်းခြင်း ၄၁ ကြိမ် ဆောင်ရွက်ရာ တွင် ထိုင်းနိုင်ငံ အတွင်း ရောင်းစားခံနေရသည့် မြန်မာအလုပ်သမားပေါင်း ၂၆၁ ဦးတို့အား ကယ်တင်နိုင် ခဲ့ပြီးဖြစ်သည်။ ထိုအထဲတွင် ၁နှစ်မှ ၉နှစ်အထိ လိင်အလုပ်သမ ရောင်းစား ခံနေရသည့် မြန်မာအမျိုး သမီး ၁၀ဦးအပါအ၀င် အမျိုးသမီးစုစုပေါင်း ၅၆ ဦး ပါဝင်သည်။ ထို့အပြင် လာအိုအမျိုးသမီး ၂၀ဦးနှင့်အမျိုး သား ၄ဦးတို့လည်း ပါဝင်ပါသည်။ လူကုန်ကူးသူ ပေါင်း ၂၃ဦးနှင့် လုပ်ငန်းရှင် ၂ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်။
 

အထူးသဖြင့် ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၅၀ ခန့်အကွာတွင်ရှိသော ကတန်မြို့ ငါဖမ်းလှေ ဆိပ်တွင် နှစ်ပေါင်းများစွာ လူသတ်၊ အဓ္ဓမပြုကျင့် နေသည့် မြန်မာလူကုန်ကူးဂိုဏ်းကြီးတစ်ခုအား ထိုင်းအစိုး ရ၊ မြန်မာအစိုးရတို့နှင့်အတူ MAT အဖွဲ့တို့ ပူးပေါင်းနှိမ်နင်းနိုင်ခဲ့သည်။

ဂိုဏ်းခေါင်းဆောင်အား ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ AHTD မှ လက်ဖြောင့် သေ နတ်သမားက သေနပ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရှိရသည်။








***************************************************************************************
***************************************************************************************

Tee Saionetwo
 

 
ဘန်ကောက်မြို့နှင့် ၁၇၉ ကီလိုမီတာဝေးသော လရောင်းမြို့နယ် အတွင်း ရှိ ဆောက်လုပ်ရေးဆိုဒ် တစ်နေ ရာ တွင် မြန်မာနိုင်ငံသားတစ်ဦး ညနေပိုင်းအချိန် စက်ရုံအနီးရှိ ဈေးဆိုင်တွင် ဈေးဝယ် ရာတွင် အငြင်း အခုံဖြစ်ကာ ဒေသခံ ထိုင်းလူမျိုးများ ၏ ထိုးနှက်ခြင်းခံရပြီးနောက် ထိုင်းလူမျိုးများ ဝိုင်းလာပြီး သေနတ်ဖြင့် ပစ်ခတ်တာ ကြောင့် မြန်မာနိုင်ငံသား မောင်ထွန်း ၏ ဘယ်လက်မောင်းတွင် ဒဏ်ရာ ရရှိခဲ့သည်။ 

မကြာခင်မှာ ဘဲ လရောင်းမြို့နယ်ရဲတပ်ဖွဲ့မှ ရောက်ရှိလာပြီး မြန်မာနိုင်ငံသား ၁၂၉ ယောက်ကို ဖမ်းဆီးသွား ခဲ့တယ်လို့ အလုပ်သမားထဲ မှ ကိုဇော်မိုး ဖြစ်သူက M.A.T ကို ပြောပြပါသည်။
 

“ကျွန်တော်တို့ က လွတ်နိုင် တဲ့နေရာကို ရှောင်ကြ ရတာပါ ဘာသာစကားမပြောနိုင်တော့ အခက်ခဲ အမျိုးမျိုး ကြုံ တွေ့ရတယ် ညဆိုလဲ အလှည့်ကျ ကင်းစောင့်ပြီးမှ အိပ်ရတာပါ နောက်ဆုံးအ ခြေနေ ကတော့ အယောက် ၆၀ လောက်ပြန်လွတ်လာပြီလို့လဲ သိရပါတယ် အဲဒီလူတွေကလဲ စက်ရုံကို ပြန်မလာရဲဘူး ကျွန်တော်တို့လဲ သံရုံး အကူညီလိုချင်တယ် တတ်နိုင် ရင် သံရုံးက ဖုန်းနဲ့မပာုတ်ဘဲ ကိုယ်တိုင်လာရောက် ရှင်းပေးစေချင် တယ်”လို့ပြောပြသည် တချိန်ထဲမှာ ပင် M.A.T အဖွဲ့ မှ အတွင်းရေးမှုးတာဝန်ခံ ဦးအောင်မျိုး သန်း နှင့် FED မှ ဒါရိုက်တာ ကိုထူးချစ်တို့မှလဲ မြန်မာနိုင်ငံသားများကို တတ်နိုင်သလောက် ကုညီဆောင် ရွက်ပေးစေလိုကြောင်း ထောက်ပြကြသည် ။

 ၂-၁-၂၀၁၃ ရက်နေ့တွင် မြန်မာသံရုံးမှ သံမူးဦးအောင်မြင့် နှင့် ဒုအတွင်းဝန် ဦးထွန်းအေး တို့ မှ ဆောက်လုပ်
ရေးအလုပ်သမားများနှင့် ပတ်သက်သော အချက်လက်များကို စုဆောင်းနေသည်ပာုလဲသိရသည်နောက်ဆုံး အခြေနေအရ အလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင် မှ ကိုယ်တိုင်သွားရောက်ဖြေရှင်းနေသည်ပာု သိရ ပါသည်။

From...Search Myanmar

No comments:

Post a Comment