*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 8 January 2014

ဦးသန့်ရဲ့မြေး ဦးသန့်မြင့်ဦး{ ဒေါက်တာ သန့်မြင့်ဦး} ကို ကမ္ဘာ့ထိပ်တန်းတွေးခေါ်သူစာရင်း ထည့်သွင်း

ဂုဏ်ယူပါတယ်... ဦးသန့်ရဲ့မြေး ဦးသန့်မြင့်ဦး

ဒေါက်တာသန့်မြင့်ဦးကို ကမ္ဘာ့ထိပ်တန်းတွေးခေါ်သူစာရင်းထည့်သွင်း
=======================================
ခေတ်မင်းကို၊ ရွှေအာကာ
 ရန်ကုန် ၊ ဒီဇင်ဘာ ၎
 =======================================

ကမ္ဘာကျော် Foreign Policy မဂ္ဂဇင်းက ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ဥက္ကဋ္ဌဒေါက်တာ သန့်မြင့်ဦးအား ကမ္ဘာ့ထိပ်တန်း တွေးခေါ်သူများစာရင်းတွင် ထည့် သွင်းဖော်ပြခဲ့ကြောင်း သိရသည်။

''ရန်ကုန်မြို့ပြအမွေအနှစ်ထိန်း သိမ်းရေးအဖွဲ့မှာရှိတဲ့ တစ်ဦးတစ် ယောက်တိုင်းရဲ့ ကြိုးစားအားထုတ် မှုကို အသိအမှတ်ပြုခံရတာဖြစ်သ လို မြို့ပြစီမံခန့်ခွဲမှုရဲ့ အရေးပါမှု ကို ထုတ်ဖော်ပြသလိုက်တာပါပဲ'' ဟု ရွေးချယ်ခြင်းခံရသူ ဒေါက်တာ သန့်မြင့်ဦးက ပြောသည်။

 ရန်ကုန်မြို့စီမံကိန်းရေးဆွဲခြင်း၊ မြို့ပြအမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ခြင်းနှင့်ပတ်သက်၍ ပြည်သူများ အာရုံစိုက်မိစေရန် ကြိုးပမ်းခဲ့မှုများကြောင့် Foreign Policy ကရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 င်္ Foreign Policy မဂ္ဂဇင်းသည် ကမ္ဘာ့ထိပ်တန်းမဂ္ဂဇင်း တစ်စောင် ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု တွင် အခြေစိုက်သည်။ ကမ္ဘာ့ထိပ်တန်းတွေးခေါ်သူများ စာရင်းကို ၂ဝဝ၅ခုနှစ်မှစတင်ကာ နှစ်စဉ်ပြုစုထုတ်ပြန်ခြင်းဖြစ်ရာယခု စာရင်းသည် (၁ဝ)ကြိမ်မြောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 ယမန်နှစ်က ထုတ်ပြန်သော စာရင်းတွင် နံပါတ်တစ်နေရာကို နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် နိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည် တို့ ပူးတွဲရရှိခဲ့သည်။
 ယခုနှစ်ထုတ်ပြန်သော စာရင်း တွင်ဒေါက်တာသန့်မြင့်ဦးအပါအဝင် ရုရှားနိုင်ငံသမ္မတဗလာဒီမာပူတင်၊ ပုပ်ရဟန်းမင်းကြီးဖရန်စစ်၊ ဂျပန် ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနှင့် Amazon.com တည်ထောင်သူ ဂျမက်ဖ် ဘီဇေ့စ်တို့ပါဝင်ကြောင်းသိရသည်။

 ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးဦးသန့်၏မြေးဖြစ်သူ ဒေါက် တာသန့်မြင့်ဦးသည်သမိုင်းသုတေ သီပညာရှင်တစ်ဦးဖြစ်ပြီး မြန်မာ နိုင်ငံသမိုင်းဆိုင်ရာနှင့်စပ်လျဉ်းသည့် စာအုပ်များ ရေးသားပြုစုခဲ့သည်။

 ဒေါက်တာသန့်မြင့်ဦးသည် ကိန်းဗရစ်တက္ကသိုလ် ထရီနီတီ ကောလိပ်တွင် သမိုင်းဆရာတစ်ဦး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဟားဗတ်နှင့်ကိန်းဗရစ်တက္ကသိုလ် များတွင် ပညာလေ့လာဆည်းပူးခဲ့ ကြောင်း သိရသည်။

The Union Daily

LIKE (Y) SHARE✓ I ♥ MYANMAR

#iLoveMyanmar #Myanmar #iLoveMM #WeLoveMyanmar 
ဂုဏ်ယူပါတယ်...  
 ကမ္ဘာကျော် Foreign Policy မဂ္ဂဇင်းက ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ဥက္ကဋ္ဌဒေါက်တာ သန့်မြင့်ဦးအား ကမ္ဘာ့ထိပ်တန်း တွေးခေါ်သူများစာရင်းတွင် ထည့် သွင်းဖော်ပြခဲ့ကြောင်း သိရသည်။ 
''ရန်ကုန်မြို့ပြအမွေအနှစ်ထိန်း သိမ်းရေးအဖွဲ့မှာရှိတဲ့ တစ်ဦးတစ် ယောက်တိုင်းရဲ့ ကြိုးစားအားထုတ် မှုကို အသိအမှတ်ပြုခံရတာဖြစ်သ လို မြို့ပြစီမံခန့်ခွဲမှုရဲ့ အရေးပါမှု ကို ထုတ်ဖော်ပြသလိုက်တာပါပဲ'' ဟု ရွေးချယ်ခြင်းခံရသူ ဒေါက်တာ သန့်မြင့်ဦးက ပြောသည်။ ရန်ကုန်မြို့စီမံကိန်းရေးဆွဲခြင်း၊ မြို့ပြ အမွေ အနှစ်များ ထိန်းသိမ်း စောင့်ရှောက်ခြင်းနှင့် ပတ်သက်၍ ပြည်သူများ အာရုံစိုက်မိစေရန် ကြိုးပမ်းခဲ့မှု များကြောင့် Foreign Policy ကရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 င်္ Foreign Policy မဂ္ဂဇင်းသည် ကမ္ဘာ့ထိပ်တန်းမဂ္ဂဇင်း တစ်စောင် ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု တွင် အခြေစိုက်သည်။ ကမ္ဘာ့ထိပ်တန်းတွေးခေါ်သူများ စာရင်းကို ၂ဝဝ၅ခုနှစ်မှ စတင်ကာ နှစ်စဉ်ပြုစု ထုတ်ပြန်ခြင်းဖြစ်ရာယခု စာရင်းသည် (၁ဝ)ကြိမ်မြောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယမန်နှစ်က ထုတ်ပြန်သော စာရင်းတွင် နံပါတ်တစ်နေရာကို နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် နိုဘယ် ဆုရှင်ဒေါ်အောင် ဆန်း စုကြည် တို့ ပူးတွဲရရှိခဲ့သည်။
 ယခုနှစ်ထုတ်ပြန်သော စာရင်း တွင်ဒေါက်တာသန့်မြင့်ဦးအပါအဝင် ရုရှားနိုင်ငံသမ္မတဗလာဒီမာပူတင်၊ ပုပ်ရဟန်းမင်းကြီးဖရန်စစ်၊ ဂျပန် ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနှင့် Amazon.com တည်ထောင်သူ ဂျမက်ဖ် ဘီဇေ့စ်တို့ပါဝင်ကြောင်းသိရသည်။ 
ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးဦးသန့်၏မြေးဖြစ်သူ ဒေါက် တာသန့်မြင့်ဦးသည်သမိုင်းသုတေ သီ ပညာရှင်တစ်ဦးဖြစ်ပြီး မြန်မာ နိုင်ငံသမိုင်းဆိုင်ရာနှင့်စပ်လျဉ်းသည့် စာအုပ်များ ရေးသားပြုစုခဲ့ သည်။ ဒေါက် တာ သန့်မြင့်ဦးသည် ကိန်းဗရစ်တက္ကသိုလ် ထရီနီတီ ကောလိပ်တွင် သမိုင်းဆရာ တစ်ဦး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ဟားဗတ်နှင့် ကိန်းဗရစ်တက္ကသိုလ် များတွင် ပညာလေ့လာ ဆည်းပူးခဲ့ ကြောင်း သိရ သည်။ 
  
 ဒီဇင်ဘာ ၎
 ခေတ်မင်းကို၊ ရွှေအာကာ ရန်ကုန် ၊
 The Union Daily LIKE SHARE✓ I MYANMAR

No comments:

Post a Comment