*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 29 January 2014

သမ္မတ ကို ပေါ်တင် လှော်ဘီ လုပ်သည်


သမ္မတ ကို ပေါ်တင် လှော်ဘီ လုပ်သည်.......။

သမ္မတကြီး ဦးသိန်းစိန်ဟာ ဧရာဝတီတိုင်းသား ရိုးသား ကြိုးစားတဲ့ ခေါ်င်းဆောင်ကောင်း တစ်ယောက်ပါ..။ စစ်အစိုးရကနေ အနှစ် ၅၀ မှ တစ်ခါ ပေါက်ဖွားလာတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ပါ...။ရိုးသားသူ ၊ မျိုးချစ်စိတ်ရှိသူ ၊ မာန မရှိသူ ၊ မိမိ အတွက် အတ္တမာန ကင်းရှင်းသူ၊ တစ်ယောက်ပါ..။

ဦးသိန်းစိန်ဟာ တကယ်တော့ အရင် စစ်အစိုးရရဲ့  နောက်ခံ ကြောင့် လူတော် လူကောင်းတစ်ယောက်ဖြစ်ပေသော်ငြားလဲပဲ အတိတ်ရဲ့  မျက်နှာဖုံး အစွတ်ခံထားရသူ တစ်ယောက် ဖြစ်ပါတယ်..။တကယ်တော့ စစ်သားဟာလဲ ပြည်သူ ပါပဲ..။ 

အတိတ်ကို အတိတ်မှာ ထား ပြီး အနာဂတ်မှာ ကောင်းတာကို ကောင်းတာမြင် ၊ ကောင်းတာ လုပ်တာကို အသိမှတ်ပြုပြီး လက်တွဲကာ လျှောက်လှမ်းကြမယ် ဆိုရင် ဦးသိန်းစိန်သည်လဲ ပြည်သူ့ ဆန္ဒကို ရှေ့ ရှု့ သူ တစ်ဦး ပီပီ ၂၀၁၅ မှာ လျှောက်လှမ်း ကျော်ဖြတ်နိုင်မယ့် သူ တစ်ယောက်ပဲ ဖြစ်ပါတယ်..။

ပြည်သူတွေထဲကို ကြည့်မယ်ဆိုရင် အရင် စစ်အစိုးရလက်ထက်က ၂၅ သိန်းကျော်တန်တဲ့ လက်ကိုင်ဖုန်းတွေ ဟာ ခုဆိုရင်  ဆိုက်ကားသမား ၊ ပဲပြုတ်သည်က အစ ဖုန်းတွေ ကိုင်နိုင်နေပါပြီ...၊ ကျွန်တော်တို့ တွေ သိန်း ၁၅၀ လောက်နဲ့  မှန်လုံကားစီးနိုင်နေကြပါပြီ ။ အရင်က မမက်ဖူးတဲ့ အိမ်မက်တွေ အစစ်အမှန်ဖြစ်လာပါပြီ.။ မြစ်ဆုံစီမံကိန်းကိုလဲ ပြည်သူ ဆန္ဒနဲ့  ရပ်ခိုင်းခဲ့တယ်..။

အရင် စစ်အစိုးရလက်ထက်က ရန်သူ လိုသတ်မှတ်ပြီး  ဖမ်းဆီး ထိမ်းသိမ်းခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားတွေကို သမ္မတ တစ်ယောက် အမိန့် နဲ့  အကုန်လွှတ်ပေးခဲ့တယ်..။ အရင် စစ်အစိုးရလက်ထက်က အခြေအနေ နဲ့  ဆန့် ကျင့်စွာ ပဲ ဒေါ်အောင်ဆန်းစုကြည်ကို အပြုသဘောနဲ့  နိုင်ငံရေး စင်မြင့်ပေါ်ကို ကမ်းလှမ်းခဲ့တဲ့ သူ တစ်ဦးပါ..။ ၈၈ က ကျောင်းသားခေါင်းဆောင်တွေ ပါတီထောင်ပြီး နိုင်ငံရေးလုပ်ခွင့်တွေ ပေးခဲ့သူ တစ်ဦးပါ..။ ပြည်သူတွေ လမ်းတွေပေါ် ဆန္ဒတွေ ဖော်ထုတ်တာကို မြင်စေခဲ့သူ ပါ..။

အနောက်နိုင်ငံတွေက ပိတ်စို့ ခဲ့တဲ့ စီးပွားရေးတွေကို အထိုက်အလျှောက် ပြန်လည်ဖွင့်ပေးခဲ့တဲ့ သူတစ်ဦးပါ..။

ဦးသိန်းစိန် ကောင်းတာ ဘယ်လောက်လုပ်လုပ် အရင် စစ်အစိုးရရဲ့ ချီးထုတ်မှန်သမျှ သူ့ ခမျှ အနံက ထွက်နေလေတော့ အပြစ်ပဲ တင်သမျှခံနေရတာလဲ တကယ်တော့ ရောထွေးမနေပဲ ဘယ်သူ ဟာ ပြသနာရဲ့  အဓိက ဖန်တီးသူဖြစ်တယ်ဆိုတာ ရှင်းအောင် မြင်တတ်ရင် နားလည်လာမှာပါ...။

ဥပမာ အရင်စစ်အစိုးရ ဦးသန်းရွှေလက်ထက်က တရုတ်ကို မြစ်ဆုံ ကိုရောင်းစားတယ်..။ အခု ဦးသိန်းစိန် အစိုးရတက်လာတယ်..စစ်တပ်ကနေ လာတယ် ဆိုပြီး ဦးသိန်းစိန်ပါ အပြစ်မြင် ၊ အပြစ်တင်ခံရတယ်..။

အစွယ်လိုသူ မိဖုရား ၊ ခိုင်းစေသူ မင်းဧကရာဇ် ၊ မြှားပစ်သူ မုဆိုး ...အစရှိသဖြင့် ကျွန်တော်တို့ တွေ ကျေးဇူးပြုပြီး ခွဲအောင်မြင်ကြမယ်ဆိုရင် ဘယ်သူဟာ အဓိက တရားခံလဲ ဆိုတာ မြင်နိုင်ပါတယ်..။

အခု သမ္မတကြီး ဦးသိန်းစိန် ရိုးသားတယ် ၊ အပြောထက် အလုပ်နဲ့  တစ်ခုပြီး တစ်ခု သက်သေပြတယ်..။ ပြည်သူ့ ဆန္ဒကို နားထောင်တယ် ။စစ်အသွင်အပြင်ကနေ ဒီမိုကရက်တစ် တစ်ယောက် အဖြစ် စံပြ အဖြစ်နေပြနေသူ တစ်ဦး ဖြစ်တယ်..။သေချာတာကတော့ ဘယ်သူတက်တက် တိုင်းပြည်အနေနဲ့   ရေနံ နဲ့  မီးဇာထိလိုက်သလို ဟုန်းခနဲ့ ချက်ချင်း မီးထတောက်သလို မပြောင်းလဲ နိုင်တာကိုလဲ အားလုံးက လက်ခံနိုင်ရပါမယ်..။

အရင် စစ်အစိုးရလက်ထက် က အရှုပ်ထုတ်ကို အခုအချိန်မှာ သိကြားမင်းတက်တက် အပြစ်တင်ခံရမှာ မလွဲပါဘူး...။ ယိုပေါက်တွေ ဗလပွ နဲ့  ဆင်ကိုယ်ကို ဆိတ်သရေ ဖုန်းနေသလိုပါပဲ..။

အဲတော့ ယိုယွင်းပျက်စီးနေတဲ့ အခြေအနေ တစ်ခုမှာ တိုင်းပြည်ပြန်လည် တည်ဆောက်နေတဲ့ အခြေအနေတစ်ခုမှာ စစ်အစိုးရမကောင်းကြောင်းကို အတိတ်မှာ ထားပြီး လက်ရှိ အစိုးရရဲ့ ကောင်းကွက်တွေကို လက်ခံ အားပေးကာ ရိုးသားမှု့ ကိုအခြေခံ ၊ အလုပ်နဲ့  သက်သေပြပြီး ၊ အမြင်မှာပျော့သော်လည်း ၊စိတ်ဓါတ် မာကြောတဲ့ စစ်ရေးအမြင်ရှိပြီး ၊ဒီမိုကရက်တစ် လမ်းကြောင်းကို စံပြအဖြစ် လျှောက်လှမ်းနေတဲ့ သူအတွက် ဆန္ဒမဲ ပေးမယ် ဆိုရင် တိုင်းပြည် မြောင်းထဲ မရောက်နိုင်တဲ့ လူတစ်ယောက်လို့  မြင်မိပါတယ်...။

ဒီမိုကရေစီ ကို တစ်ဆင့်ချင်း မတူတဲ့ အမြင်တွေ ကို အသာထားပြီး တူညီတဲ့ အမြင်တွေ နဲ့  ရှေ့ ကို တစ်ဆင့်ချင်း အရောက်လှမ်းနိုင်မယ့် သူအဖြစ် ယုံကြည်ကြပါလျှင် ဦးသိန်းစိန်ကို မဲပေးကြ ပါလို့ တိုက်တွန်းပါရစေ..။

ရိုးသား ၊ ကြိုးစား ၊ ဧရာဝတီသားလို့  တင်စားလိုက်ပါရစေ...။

အားလုံးကို လေးစားလျှက်
ဘစည်(စင်ကာပူ)
28.1.2014


 သမ္မတကြီး ဦးသိန်းစိန်ဟာ ဧရာဝတီတိုင်းသား ရိုးသား ကြိုးစားတဲ့ ခေါ်င်းဆောင်ကောင်း တစ်ယောက်ပါ..။ စစ်အစိုးရကနေ အနှစ် ၅၀ မှ တစ်ခါ ပေါက်ဖွားလာတဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ပါ...။

ရိုးသားသူ ၊ မျိုးချစ်စိတ်ရှိသူ ၊ မာန မရှိသူ ၊ မိမိ အတွက် အတ္တမာန ကင်းရှင်းသူ၊ တစ်ယောက်ပါ..။ ဦးသိန်းစိန် ဟာ တကယ်တော့ အရင် စစ်အစိုးရရဲ့  နောက်ခံ ကြောင့် လူတော် လူကောင်း တစ်ယောက် ဖြစ် ပေ သော်ငြား လဲပဲ အတိတ်ရဲ့  မျက်နှာဖုံး အစွတ်ခံထားရသူ တစ်ယောက် ဖြစ်ပါတယ်..။တကယ်တော့ စစ်သား ဟာလဲ ပြည်သူ ပါပဲ..။ 


အတိတ်ကို အတိတ်မှာ ထား ပြီး အနာဂတ်မှာ ကောင်းတာကို ကောင်းတာမြင် ၊ ကောင်းတာ လုပ်တာကို အသိမှတ်ပြုပြီး လက်တွဲကာ လျှောက်လှမ်းကြမယ် ဆိုရင် ဦးသိန်းစိန်သည်လဲ ပြည်သူ့ ဆန္ဒကို ရှေ့ ရှု့ သူ တစ်ဦး ပီပီ ၂၀၁၅ မှာ လျှောက်လှမ်း ကျော်ဖြတ်နိုင်မယ့် သူ တစ်ယောက်ပဲ ဖြစ်ပါတယ်..။ ပြည်သူတွေထဲကို ကြည့်မယ်ဆိုရင် အရင် စစ်အစိုးရလက်ထက်က ၂၅ သိန်းကျော်တန်တဲ့ လက်ကိုင်ဖုန်းတွေ ဟာ ခုဆိုရင် ဆိုက်ကားသမား ၊ ပဲပြုတ်သည်က အစ ဖုန်းတွေ ကိုင်နိုင်နေပါပြီ...၊ 

ကျွန်တော်တို့ တွေ သိန်း ၁၅၀ လောက်နဲ့  မှန်လုံကား စီးနိုင်နေကြပါပြီ ။ အရင်က မမက်ဖူးတဲ့ အိမ်မက်တွေ အစစ်အမှန်ဖြစ်လာပါပြီ.။ မြစ်ဆုံစီမံကိန်းကိုလဲ ပြည်သူ ဆန္ဒနဲ့  ရပ်ခိုင်းခဲ့တယ်..။ အရင် စစ်အစိုးရလက် ထက် က ရန်သူ လိုသတ်မှတ်ပြီး ဖမ်းဆီး ထိမ်းသိမ်းခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားတွေကို သမ္မတ တစ်ယောက်  အမိန့်  နဲ့  အကုန်လွှတ်ပေးခဲ့တယ်..။ 

အရင် စစ်အစိုးရ လက်ထက်က အခြေအနေ နဲ့  ဆန့် ကျင့်စွာ ပဲ ဒေါ်အောင်ဆန်းစုကြည်ကို အပြုသဘော နဲ့  နိုင်ငံရေး စင်မြင့်ပေါ်ကို ကမ်းလှမ်းခဲ့တဲ့ သူ တစ်ဦးပါ..။ ၈၈ က ကျောင်းသားခေါင်းဆောင်တွေ ပါတီထောင်ပြီး နိုင်ငံရေးလုပ်ခွင့်တွေ ပေးခဲ့သူ တစ်ဦးပါ..။

 ပြည်သူတွေ လမ်းတွေပေါ် ဆန္ဒတွေ ဖော်ထုတ်တာကို မြင်စေခဲ့သူ ပါ..။ အနောက်နိုင်ငံတွေက ပိတ်ဆို့ ခဲ့တဲ့ စီးပွားရေးတွေကို အထိုက်အလျှောက် ပြန်လည်ဖွင့်ပေးခဲ့တဲ့ သူတစ်ဦးပါ..။ ဦးသိန်းစိန် ကောင်းတာ ဘယ်လောက်လုပ်လုပ် အရင် စစ်အစိုးရရဲ့  ချီးထုတ် မှန်သမျှ သူ့ ခမျှာ အနံ့က ထွက်နေလေတော့ အပြစ်ပဲ တင်သမျှခံနေ ရတာလဲ တကယ်တော့ ရောထွေးမနေပဲ ဘယ်သူ ဟာ ပြသနာရဲ့  အဓိက ဖန်တီးသူဖြစ်တယ် ဆိုတာ ရှင်းအောင် မြင်တတ်ရင် နားလည်လာမှာပါ...။ 

 ဥပမာ အရင်စစ်အစိုးရ ဦးသန်းရွှေလက်ထက်က တရုတ်ကို မြစ်ဆုံ ကိုရောင်းစားတယ်..။ အခု ဦးသိန်းစိန် အစိုးရ တက်လာတယ်..စစ်တပ်ကနေ လာတယ် ဆိုပြီး ဦးသိန်းစိန်ပါ အပြစ်မြင် ၊ အပြစ်တင်ခံရတယ်..။ အစွယ်လိုသူ မိဖုရား ၊ ခိုင်းစေသူ မင်းဧကရာဇ် ၊ မြှားပစ်သူ မုဆိုး ...အစရှိသဖြင့် ကျွန်တော် တို့ တွေ  ကျေးဇူးပြုပြီး ခွဲခြားပြီး မြင်ကြမယ်ဆိုရင် ဘယ်သူဟာ အဓိက တရားခံလဲ ဆိုတာ မြင်နိုင်ပါတယ်..။ 

အခု သမ္မတကြီး ဦးသိန်းစိန် ရိုးသားတယ် ၊ အပြောထက် အလုပ်နဲ့  တစ်ခုပြီး တစ်ခု သက်သေပြတယ်.. ။ ပြည်သူ့ ဆန္ဒကို နားထောင်တယ် ။ စစ်အသွင် အပြင်ကနေ ဒီမိုကရက်တစ် တစ်ယောက် အဖြစ် စံပြ အဖြစ်နေပြနေသူ တစ်ဦး ဖြစ်တယ်..။  သေချာတာကတော့ ဘယ်သူတက်တက် တိုင်းပြည် အနေ နဲ့  ရေနံ နဲ့  မီးဇာ ထိလိုက်သလို ဟုန်းခနဲ့  ချက်ချင်း မီးထတောက်သလို မပြောင်းလဲ နိုင်တာကိုလဲ အားလုံးက လက်ခံနိုင်ရပါမယ်..။

 အရင် စစ်အစိုးရလက်ထက် က အရှုပ်ထုတ် ကို အခုအချိန်မှာ သိကြားမင်း တက်တက် အပြစ်တင်ခံရမှာ မလွဲပါဘူး...။ ယိုပေါက်တွေ ဗလပွ နဲ့  ဆင်ကိုယ်ကို ဆိတ်သရေ ဖုန်းနေသလိုပါပဲ..။ အဲတော့ ယိုယွင်း ပျက်စီးနေတဲ့ အခြေအနေ တစ်ခုမှာ တိုင်းပြည်ပြန်လည် တည်ဆောက်နေတဲ့ အခြေအနေတစ်ခုမှာ စစ်အစိုးရ မကောင်းကြောင်းကို အတိတ်မှာ ထားပြီး လက်ရှိ အစိုးရရဲ့ ကောင်းကွက်တွေကို လက်ခံ အားပေးကာ ရိုးသားမှု့ ကိုအခြေခံ ၊ အလုပ်နဲ့  သက်သေပြပြီး ၊ အမြင်မှာပျော့သော်လည်း ၊စိတ်ဓါတ် မာကြောတဲ့ စစ်ရေးအမြင်ရှိပြီး ၊ဒီမိုကရက်တစ် လမ်းကြောင်းကို စံပြအဖြစ် လျှောက်လှမ်းနေတဲ့ သူအတွက် ဆန္ဒမဲ ပေးမယ် ဆိုရင် တိုင်းပြည် မြောင်းထဲ မရောက်နိုင်တဲ့ လူတစ်ယောက်လို့  မြင်မိပါတယ်...။

 ဒီမိုကရေစီ ကို တစ်ဆင့်ချင်း မတူတဲ့ အမြင်တွေ ကို အသာထားပြီး တူညီတဲ့ အမြင်တွေ နဲ့  ရှေ့ ကို တစ်ဆင့်ချင်း   အရောက်လှမ်းနိုင်မယ့် သူအဖြစ် ယုံကြည်ကြပါလျှင် ဦးသိန်းစိန်ကို မဲပေးကြ ပါလို့ တိုက်တွန်း ပါရစေ..။ ရိုးသား ၊ ကြိုးစား ၊ ဧရာဝတီသားလို့  တင်စားလိုက်ပါရစေ...။

 အားလုံးကို လေးစားလျှက်...............
 From...ဘစည်(စင်ကာပူ) 28.1.2014

No comments:

Post a Comment