*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 10 January 2014

မိုဘိုင်း ဖုန်းတွေ ဘယ်တုန်း က စပေါ် လာတာလဲ


အများသိတဲ့အတိုင်းပါပဲ။ ကျတော့တို့ ယနေ့အဆင်ပြေစွာ အသုံးပြုနေကြတဲ့ ဒီမိုဘိုင်းဖုန်း၊ စမတ်ဖုန်းတွေ ဟာ ဗြုန်းကနဲ့ တန်းပြီး ကနေ့တွေ့နေရတဲ့ Touch ဖုန်း ( ခလုတ်မပါတဲ့) ဖုန်းတွေလို တန်းဖြစ်လာခဲ့တာ မဟုတ်ပါဘူး။

အရင်တုန်းက ခလုတ်ပါ ဆယ်လူလာ ဖုန်းတွေကို ဘဘောင်္၊ ရထားတွေ မှာ ရေဒီယိုဆက်သွယ်ရေး အတွက်လောက် ပဲ သုံးကြတာဖြစ်ပါတယ်။

ဒီလိုသယ်ဆောင်ရ လွယ်ကူတဲ့ ဆယ်လူလာ ဖုန်းတွေကလည်း ဒုတိယကမ္ဘာစစ် ပြီး လောက်ကပဲ စပေါ်ခဲ့ တာဖြစ်ပါတယ်
 

ဒီ့ မတိုင်ခင် က '0G' systems လို့ခေါ်တဲ့ ရိုးရိုး အိမ်ဖုန်းတွေ ကတော့ပေါ်နေပါပြီ။ ဒါပေမဲ့သူက ခေါ်ဆို မူဈေးကြီး ပြီး အနည်းငယ်သာခေါ်ဆိုမူပြုနိင်ပါတယ်။
 
၁၉၇၃  လောက်မှာ သယ်ဆောင်ရ လွယ်ကူတဲ့ ပထမဆုံး မိုဘိုင်းဆဲလ်ဖုန်းတွေကို အမေရိကန် မာတီးနေ ရှင် တယ်လီကော်ပိုရေရှင်းတစ်ခုဖြစ်တဲ့ Motorola က စတင်ကာထင်ရှားစေခဲ့တာဖြစ်ပါတယ်။

ပထမဆုံး ဖုန်းခေါ်ဆိုမူ ဆယ်လူလာ နက်ဝတ် ကိုတော့ ၁၉၇၉ ခန့်မှာ ဂျပန်နိင်ငံမှာရှိတဲ့ NTT ကုမ္ပဏီက ထုတ်ဖော်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်မှာ တော့ ဖင်လန်၊နော်ဝေး၊ ဆွီဒင်စတဲ့ အခြားနိင်ငံတွေမှာ ရှိတဲ့ ကုမ္ပဏီတွေကလည်း မိုဘိုင်း နက်ဝတ်တွေ တည်ထောင်လာကြပြီး ၁၉၈၀ လောက်မှာတော့ အခြား နိင်ငံတွေမှာ ပါ ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်လာတာကို တွေ့ရပါတယ်။

ဒီတော့ ပထမဦးဆုံး မိုဘိုင်း နက်ဝပ် တည်တောင်တာ ကတော့ ဂျပန်နိင်ငံမှာ ရှိတဲ့ NTT တယ်လီကော်မြူး နီးကေးရှင်း ဖြစ်ကာ ပထမဦးဆုံး ဆယ်လူလာဖုန်း တည်ထွင် တာကတော့ အမေရိကန်နိင်ငံမှာ ရှိတဲ့ Motorola လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

ပထမဦးဆုံး လက်ကိုင် မိုဘိုင်းဖုန်းတွေ စပေါ်တဲ့ ခုနှစ်ကတော့ ၁၉၇၃ ပါ။

ဗဟုသုတတွေ တိုးမြင့်ကြပါစေ။


Aung Heine ( www.smart.com.mm )

No comments:

Post a Comment