*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 10 January 2014

မြန်မာနိုင်ငံ ထွက်ကျောက်မျက် သယံဇာတများ အိမ်နီးချင်းနိုင်ငံများ ကို လုပ်ကျွေး သလိုဖြစ်နေဟု ဆို

 

မြန်မာနိုင်ငံ ၏ကျောက်မျက်သယံဇာတများ မှာ အိမ်နီးချင်းနိုင်ငံများချမ်းသာ ကြယ်ဝရေးအတွက် လုပ်ကျွေး နေသလိုဖြစ်နေကြောင်း ကျောက် မျက်လုပ်ငန်းရှင် များက ဝေဖန် ပြောကြားလိုက်သည်။

နိုင်ငံရေမြေနှင့် သဘာဝ တွင်းထွက်သယံဇာတပေါများ သော်လည်း ကုန်ချောမထုပ်ပိုး နိုင်ခြင်းကြောင့် အိမ်နီး ချင်းနိုင် ငံများအတွက် ကျောက်အကြမ်း ထည် ထုတ်လုပ်ရာ ဈေးကွက် ဖြစ်နေသည်ဟု ကျောက်မျက် လုပ်ငန်းရှင်များက ဆိုသည်။
 

မြန်မာနိုင်ငံကျောက်မျက် ရတနာ လုပ်ငန်းရှင် အသင်းဥက္ကဋ္ဌ ဦးတေဇက ““မြန်မာနိုင်ငံမှာ ကမ္ဘာ့အဆင့် မီကျောက်မျက် တွေထွက်ပြီး အခု အချိန်အထိ ကုန်ချောထုတ်လုပ်နိုင်မှု မရှိဘူး ဖြစ်နေတယ်။ တရုတ်နိုင်ငံက ဖျင်ကျိုး၊ ကျန်းရန်၊ ဆုခွေမြို့ သုံးခုဆိုရင် မြန်မာကျောက်မျက် ကို အခြေခံပြီးတိုးတက်လာတဲ့ မြို့ကြီးတွေ၊ ဒီမှာ အခုချိန်အထိ ဒီလိုဖွံ့ဖြိုးသွားတာ ဘာမှမရှိသေး ဘူး၊ အားလုံးကကျောက်အကြမ်း ထည် တင်ပို့နေကြရတယ်””ဟု ဆိုသည်။

ကျောက်မျက် အသင်းမှ ကျောက်အချောထည် ဈေးကွက် ပေါ်ပေါက်ရေး အတွက် အစိုးရ ပိုင်းမှ မူဝါဒပြောင်း လဲရေး၊ နည်း ပညာဆိုင်ရာပံ့ပိုးမှုများ၊ မလို လားအပ်သည့်ဥပဒေများအား ဖျက်သိမ်းရေး၊ နိုင်ငံတော်အ ခွန်ငွေ လစ်ဟင်းမှု မရှိစေရန်နှင့် လုပ်ငန်းရှင်များ အခွန်ဆောင် စေရန်အတွက် သင့်တင့်မျှတ သော အခွန်နှုန်းထား များ သတ် မှတ်ရန်လိုအပ်ကြောင်း ကျောက် မျက်ရတနာလုပ်ငန်းရှင်များက ပြောသည်။

ဧရာဝတီ မန်းကျောက်မျက် ရတနာလုပ်ငန်းရှင် ဦးထွန်းလှ အောင်က ““အခွန်တွေက အရမ်း များ လို့ရှောင် ရင် အစိုးရ အခွန် တွေကို လျှော့ချဖို့တွေလိုအပ် တယ်။ မူဝါဒတွေပြောင်းလဲ ဖို့အ တွက်လဲ ဥပဒေတွေ ကို လွှတ် တော်တင်ဖို့တွေရှိနေတယ်။ အ ခုဆိုရင် တရားမ၀င် နယ်စပ်တွေ ကနေ ထွက်နေတာတွေရှိနေ တယ်။ အဲဒီတော့ ဘယ်သူက ပိုအကျိုးရှိလဲ လို့ကြည့်ရင် အိမ် နီးချင်းနိုင်ငံတွေပဲ အကျိုးရှိသွား တယ်။ မြန်မာ က ကျောက်ထွက် ပြီး အိမ်နီးချင်းနိုင်ငံတွေကို လုပ် ကျွေးသလိုဖြစ်နေတယ်””ဟု ဆိုသည်။

မြန်မာနိုင်ငံ အတွင်း ကုန် ချောအဆင့်ထုတ် လုပ်နိုင်ရန် လူ့စွမ်းအား အရင်းအမြစ်နှင့် ကုန်ကြမ်း ပစ္စည်းပိုင်း တွင် အ ဆင်သင့်ရှိနေသော်လည်း နည်း ပညာနှင့် ကျောက်မျက်ဆိုင်ရာ အလုပ်ရုံများ တည်ထောင်ရန် လို အပ်နေဆဲဖြစ်ပြီး ယင်းလုပ် ငန်းများတည်ထောင်ရန် အတွက် အစိုးရ ပိုင်းပံ့ပိုးမှုနှင့် ငွေကြေး ဆိုင်ရာအရင်း အနှီးများစွာလို အပ်နေဆဲဖြစ်သည်ဟုယင်းက ထပ်မံပြောသည်။

တန်ဖိုးမြင့် မထုတ်နိုင်ခြင်း ကြောင့် ကုန်ကြမ်း အနေဖြင့် ရောင်းလိုက်သော ကျပ်သိန်း ၁၀၀တန်ကျောက် မျက်မှာ တန်ဖိုးမြင့် အဆင့်သို့ ရောက်ရှိလာပါက သိန်း၁၀၀၀ အထိတန်ဖိုး တက်လာခြင်းကြောင့် မြန် မာ့ ကျောက် မျက်ဈေး ကွက်မှာ ဖွံ့ ဖြိုးသင့်သလောက် မဖွံ့ဖြိုး ကြောင်း၊ ရေရှည်ဖွံ့ဖြိုးရေးအ တွက် နိုင်ငံတ ကာ အဆင့်မီ ကျောက်မျက်အရောင်းစင်တာ များဖွင့်လှစ်နိုင်ရန်များစွာ လို အပ်နေဆဲဖြစ်ကြောင်း အဆိုပါ အသင်းမှ သိရသည်။

Yangon Media Group
From...Thithtoo Lwin
 

No comments:

Post a Comment