*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 27 January 2014

ကလေးရယ် ငါ့ရင်ထဲလည်း မျက်ရည်ပေါင်းများစွာ စီးကျနေတယ်

ကလေးရယ်---ကလေးရယ်
ကလေးရယ်---ကလေးရယ်
ကလေးရယ်---ကလေးရယ်


အရမ်းကြောက်နေလား ကလေးရယ်
ငါ့ရင်ထဲလည်း မျက်ရည်ပေါင်းများစွာ စီးကျနေတယ်
ဘ၀ ဆိုတာကလည်း တရားတဲ့ ချိန်ခွင်တစ်ခုမှမဟုတ်တာပဲ
အရမ်းကြောက်နေလား ကလေးရယ်

တချိန်မှာ မင်းတို့အနာဂါတ်ဟာ ဆူးခင်းလမ်းတွေများပြည့်နေမလား
ငါမတွေးရဲဘူးကလေးရယ်
မင်းကြောက်နေသလားဟင် -- ဒါမှမဟုတ် အမှောင်လွှမ်းတဲ့ညနက်ထဲ
မင်းချမ်းနေရှာမလားကလေးရယ်--
ငါလည်း မင်းကိုကြည့်ပြီး ငိုနေမိတယ်

လူချမ်းသာတွေ ဟော်တယ်တက်ပြီးဇိမ်ယစ်နေချိန်
မင်း ကြောက်နေရတယ်ကလေးရယ်
လူချမ်းသာတွေ မွေ့ရာအကောင်းစားတွေအပေါ် အိပ်နေချိန်
မင်း လမ်းေးပျာက်နေရတယ်ကလေးရယ်
“ သနားလိုက်တာ ” ဆိုတဲ့စကားကို ငါ့အကြိမ်ကြိမ်ပြန်မျိုချနေတယ်
မင်းအတွက်ငါလုပ်ပေးနေတာ မျက်ရည်တွေနဲ့ ငိုနေခြင်းပေါ့ကွယ်

လူပဲကွယ် -- လူပဲ
မင်းလည်း အချိန်တန် ဗိုက်ဆာမှာပေါ့
မင်းလည်း အချိန်တန် အိပ်ချင်မှာပေါ့
မင်းလည်း အချိန်တန် ပညာသင်ချင်မှာပေါ့
မင်းလည်း ---
မင်းလည်း ------
ငါ့စကားလုံးတွေ ပျောက်ရှခဲ့ရပြီကလေးရယ်

ကလေးရယ် --ကလေးရယ်
မင်းမေမေကရော ဘယ်မှာလဲကွယ်
မပြည့်စုံခြင်းနဲ့ အိပ်မက်တစ်ခြမ်းမှာ --မင်းကျပျောက်ခဲ့ရတာ
ဘ၀ ဆိုတဲ့အရာတွေပါလား --- မင်းသိပ်ကြောက်နေသလား ကလေးရယ်
ဆာလောင်မွတ်သိပ်ခြင်းနဲ့မင်းရယ်
ဟင်းမကောင်းလို့ မေမေ့ကိုညူဆူတတ်တဲ့ ကလေးတွေရယ်
ငါယှဉ်ကြည့်မိတယ်
မင်း --- အတွက် ကံတရားက ဘယ်မှာလဲ ကလေးရယ်

အနာဂါတ်အတွက် ကြယ်ပွင့်လေးတွေတဲ့လား
အကြောက်တရားနဲ့စိုးရွံ့ထိတ်လန့်ခြင်းတွေ
ကလေးရေ ---ကလေးရေ --
မင်းမငိုပါနဲ့ကွယ်
မင်းမငိုပါနဲ့ကွယ်
မင်းမငိုပါနဲ့ကွယ်
ငါ့ မျက်ရည်တွေနဲ့ငါ တေးတစ်ပုဒ်ဆိုပြချင်တယ်

“ အရှုံးမပေးနဲ့ မိငယ်ရယ် --ရဲရင့်မှ ကျော်ဖြတ်သွား -- ”

သက်တန့်ချို
 
 ကလေးရယ်...... အရမ်းကြောက်နေလား ကလေးရယ်... ငါ့ရင်ထဲလည်း မျက်ရည်ပေါင်း.များစွာ စီးကျနေတယ် ....
 
ဘ၀ ဆိုတာ ကလည်း တရားတဲ့ ချိန်ခွင်တစ်ခုမှ မဟုတ်တာပဲ အရမ်းကြောက်နေလား ကလေးရယ် တချိန်မှာ မင်းတို့ အနာဂါတ်ဟာ ဆူးခင်းလမ်းတွေများပြည့်နေမလား 
 
ငါမတွေးရဲဘူးကလေးရယ်...မင်းကြောက်နေသလားဟင် -- ဒါမှမဟုတ် အမှောင် လွှမ်းတဲ့ညနက်ထဲ မင်းချမ်းနေရှာမလား ကလေးရယ်-- ငါလည်း မင်းကိုကြည့်ပြီး ငိုနေမိတယ်... 
 
လူချမ်းသာတွေ ဟော်တယ်တက်ပြီး ဇိမ်ယစ်နေချိန် မင်း ကြောက်နေရတယ် ကလေးရယ် လူချမ်းသာတွေ မွေ့ရာအကောင်းစားတွေအပေါ် အိပ်နေချိန် မင်း လမ်းပျောက်နေရတယ်ကလေးရယ် “ သနားလိုက်တာ ” ဆိုတဲ့စကားကို ငါ့အကြိမ်ကြိမ်ပြန်မျိုချနေတယ် ။
 
မင်းအတွက်ငါလုပ်ပေးနေတာ မျက်ရည်တွေနဲ့ ငိုနေခြင်းပေါ့ကွယ် လူပဲကွယ် -- လူပဲ မင်းလည်း အချိန်တန် ဗိုက်ဆာမှာပေါ့ မင်းလည်း အချိန်တန် အိပ်ချင်မှာပေါ့ မင်းလည်း အချိန်တန် ပညာသင်ချင်မှာပေါ့ မင်းလည်း --- မင်းလည်း ------ 
 
ငါ့စကားလုံးတွေ ပျောက်ရှခဲ့ရပြီကလေးရယ် ကလေးရယ် --ကလေးရယ် မင်းမေမေကရော ဘယ်မှာ လဲကွယ် မပြည့်စုံခြင်းနဲ့ အိပ်မက်တစ်ခြမ်းမှာ --မင်းကျပျောက်ခဲ့ရတာ ဘ၀ ဆိုတဲ့အရာတွေပါလား --- မင်းသိပ်ကြောက်နေသလား ကလေးရယ် ဆာလောင်မွတ်သိပ်ခြင်းနဲ့ မင်းရယ် ...ဟင်းမကောင်း လို့ မေမေ့ကိုညူဆူ တတ်တဲ့ ကလေးတွေရယ် ငါယှဉ်ကြည့်မိတယ်......
 
 
မင်း --- အတွက် ကံတရားက ဘယ်မှာလဲ ကလေးရယ် အနာဂါတ်အတွက် ကြယ်ပွင့်လေးတွေ တဲ့လား အကြောက် တရားနဲ့စိုးရွံ့ထိတ်လန့်ခြင်းတွေ ကလေးရေ ---ကလေးရေ -- မင်းမငိုပါနဲ့ကွယ် မင်းမငို ပါနဲ့ကွယ် မင်းမငိုပါနဲ့ကွယ် ငါ့ မျက်ရည်တွေနဲ့ငါ တေးတစ်ပုဒ်ဆိုပြချင်တယ် “ အရှုံးမပေးနဲ့ မိငယ်ရယ် --ရဲရင့်မှ ကျော်ဖြတ်သွား -- ” 
 
From... သက်တန့်ချို
 
 

No comments:

Post a Comment