လူတစ်ယောက်ကသူ့ရဲ့ ကား အသစ်ကို ပေါလစ်တိုက်နေတယ် အဲဒီအချိန်မှာ သူ့ရဲ့ ၆နှစ်အရွယ် သားလေး ဟာ ကျောက်ခဲနဲ့ ကားရဲ့ဘေးခြမ်းမှာ ခြစ်လိုက်တယ်။ သူတော်တော်စိတ်ဆိုး သွားပြီးသူ့ သား ရဲ့ လက်ကိုဂွနဲ့ သတိမထား မိပဲ အချက်ပေါင်းများ စွာ ထုရိုက်မိသွားတယ် ။
ဆေးရုံရောက်တော့ သားလေးရဲ့ လက်ချောင်း လေးတွေဟာ ကျိုးကြေကုန် လို့  မတတ်သာပဲ အကုန်ဖြတ် လိုက်ရရှာတယ် ။
ဖခင် ကိုတွေ့တော့ နာကျည်းနေတဲ့ မျက်ဝန်းတွေနဲ့ “ဖေဖေသားရဲ့လက်ချောင်းတွေ
ပြန်ပေါက် လာဦးပါ့ မလား”လို့ မေးရှာတယ်။
ဖခင်ဟာ အရမ်းခံစားသွားရပြီး
ပြောစရာစကားတွေပျောက်ဆုံး သွားတယ် ဒါနဲ
့သူ့ကားဆီကိုပြန် သွားပြီး သူ့ရဲ့ ကားအသစ်ကို အချက်ပေါင်းများစွာကန် တယ်
မောပန်းပြီးကား အနားမှာငုတ်တုတ် ထိုင်ရင်း သူ
့ရဲ့သားငယ်ခြစ်ထားတဲ့ခဲခြစ်ရာကို ကြည့်မိတယ်။
အဲဒီမှာ ရေးထားတာက....
“ဖေဖေကိုချစ်တယ်”တဲ့။ ။ သူဘယ်လိုမှ မခံစားနိုင်ပဲနောက်တစ်နေ့ မှာ
ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်တယ် ။
ဒေါသနဲ့ ချစ်ခြင်းမေတ္တာမှာ အကန့် အသတ်ဆိုတာမရှိဘူး အချစ်ကို သာရွေးချယ်ပြီး လှပပြီး နှစ်လို ဖွယ်ကောင်းတဲ့ ဘ၀ကိုသာရွေးချယ်ပါ ။ အရာဝတ္ထုဆိုတာအသုံးပြုဖို့ ၊လူဆိုတာချစ်ဖို့။ ဒါပေမယ့် ယနေ့ လောကကြီးရဲ့ ပြသနာက လူတွေကို အသုံးပြုပြီး အရာဝတ္ထုတွေကို ချစ်နေကြတယ် ။
ဒီနေ့ ကစပြီးစိတ်ထဲမှာ သတိထားပြီး မှတ်သားသွားပါ အရာဝတ္ထုတွေ ဆိုတာ အသုံးပြုဖို့၊ လူတွေ ဆိုတာ ချစ်ဖို့ ပါ ။
ဒီစာပိုဒ်လေးကို မ Share လို့လဲ ဘာမှ ထူးထူးခြားခြားပြောင်းလဲသွားမှာ မဟုတ်ပါဘူး ဒါပေမယ့် Share ခဲ့မယ်ဆိုရင် တစ်ခြားတစ်ယောက်ယောက်ရဲ့ ဘ၀ ကို သင်ပြောင်း လဲကောင်းပြောင်းလဲပေးနိုင် လိမ့်မယ် ။

From... Myawady News
No comments:
Post a Comment