*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 19 February 2014

မိုဘိုင်း ဖုန်းပြောခ သက်သာရန် နည်းလမ်း


512x512_20140218_050721_063


Missed Call ပေးပါ
ပြောပြနေစရာတောင် မလိုပါဘူး။ အားလုံးသိကြမှာပေါ့။ Missed Call ပေးခြင်းဖြင့် ဖုန်းဘေလ် သက် သာ စေနိုင်ပါတယ်။ ဟိုဘက်က ဘာလို့ Missed Call ပေးလည်းမေးရင် ဖုန်းခေါ်တာမကိုင်လို့   နောက် မှပြန်ခေါ် မလို့ပါ လို့ အတည်ပေါက်နဲ့ ပြောလိုက်ပေါ့။ အချို့ လည်း လုပ်နေကြမှာပါ။

ပြောနေရင်း ဖုန်းချပါ
ပြောနေရင်း ဖုန်းချလိုက်ပေါ့။ တစ်ဖက်က ဘာလို့ ဖုန်းချလည်းမေးရင် ဖုန်းက ရုတ်တရက်ကျသွား လို့ပါပေါ့။ ဟုတ်ဘူးလား။ အသံ မကြားရလို့ပါ ဘာညာပေါ့။ တစ်ခါ တစ်လေကျ ကြားနေရင်တောင် မကြားချင်ယောင်ဆောင်ပြီး ဟယ်လို ဟယ်လိုနဲ့ ချလိုက်ပေါ့။ (လုပ်နေကျ အကွက်လေးတွေလေ )


 
Message မပို့ပါနဲ့
အချို့  က ဖုန်းမပြောပဲ စာပို့တာ သက်သာတယ် လို့ ထင်ကြတယ်။ အမှန်တော့ အဲဒါက ပိုကုန်တာ။ တစ်စောင်ကို ၂၅ ကျပ်လေ။ မဖြစ်မနေ ပို့ရမယ်ဆိုရင်တောင် တစ်စောင်တည်းနဲ့ ၁၀ ရက်လောက် ခွဲပြော ရမယ့် ဟာတွေကို တစ်ခါတည်း စုသာရေးပစ်။ 


 Character အလုံး ၁၆၀ တောင် ပေးသုံးတာပဲ ။ ပြီးတော့ ကြုံမှပြောလိုက်ပေါ့။ ၁၀ ရက်စာ စုရေးထား တာမို့ ၁၀ ရက် အတွင်း ပြောစရာရှိရင် ခင်ဗျား ကပဲ အရင်စဆက်ပါလို့လေ။

အင်တာနက် မသုံးပါနဲ့
လည်နေတာကြည့်ပြီး တရားမှတ်တာ ထက် မြေကသိုဏ်းဖြစ်ဖြစ်၊ မိုးပြာရောင် ကသိုဏ်းဖြစ်ဖြစ် ကြည့်ပြီး တရားမှတ်တာ ပိုကောင်းပါတယ်။ ခုက အားလုံး သိတဲ့အတိုင်း အင်တာနက်က သိပ် မလွယ်သေးဘူးလေ။ ဒီတော့ အင်တာနက် Data Connection ကို မဖွင့်လေကောင်းလေပါပဲ။             ( အင်တာနက် ဖွင့်ပြီး စာပို့ချင်သပ ဆိုရင် ပို့ချင်တဲ့သူကို What’s app ဖွင့်ခိုင်း၊ (ဒါကတော့ အတည်ပါ) အဲဒါနဲ့ ကျ အင်တာနက်လိုင်း မကောင်းလဲ စာအဝင်အထွက် တော်တော်မြန်တယ်လေ)

ရည်းစားမထားပါနဲ့
ရည်စားရှိတဲ့ သူတွေရဲ့  ဖုန်းဘေလ် ကုန်ချက်က အံ့မခန်း ပါပဲတဲ့။ အချို့ ကျတော့လည်း ကောင် မလေး တွေ က ပိုကုန် တယ်လို့ ပြောကြပြီး အချို့ ကျတော့လည်း ကောင်လေးတွေဘက်က ဖုန်းဘေလ် ကုန်ကြောင်း ဆိုပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လက်ခုတ် က နှစ်ဖက်တီးမှ မြည်တာ။ ဖုန်းဘေလ်အကုန်မခံနိုင်ရင် ရည်းစားမထားတာ အကောင်းဆုံး ပါပဲတဲ့။

ဖုန်း ပါဝါ ပိတ်ထားပါ
အကောင်းဆုံးပဲလေ။ ညဘက် ဗိုက်ဆာတတ်သူတွေရဲ့  အကောင်းဆုံး ဖြေရှင်းနည်းက အိပ်လိုက်တာ ပဲ။ အိပ်ပျော် သွားရင် ဗိုက်မဆာတော့ဘူး။ ခုလဲ အဲ့လို့ပဲပေါ့။ ဖုန်းဘေလ် လုံးဝ မကုန်ချင်ဘူးဆိုရင် ဖုန်းသာ ပါဝါ ပိတ်ထားပစ်။ ဒါဆို မကုန်တော့ဘူး။

ဖုန်းမကိုင်ပါနဲ့တော့
အားလုံးထက် အကောင်းဆုံး နည်းလမ်းပေါ့ဗျာ။ မူလနှစ်ဖြာ အဝိဇ္ဇာ  နဲ့ တဏှာ ကြောင့် ဘဝဆို တာ ဖြစ် လာတာလေ။ ဘဝလောကီ ကိစ္စြပတ်ချင်ရင် အဲဒါဖြတ်ပေါ့။ ခုက ဖုန်းဘေလ်အကုန်မခံချင် ပါဘူး။ ဖုန်းဘေလ် ကုန်ကျစရိတ် မသုံးနိုင်ပါဘူး ဆိုရင် အကောင်းဆုံးကတော့ ဖုန်းလုံးဝ မကိုင် ပါနဲ့တော့။ မဝယ်ပါနဲ့တော့။ ဒါဆိုရင် ဖုန်းဘေလ် လုံးဝ မကုန်တော့ပါဘူး။


အားလုံးအဆင်ပြေဖို့ ရေးသား မျှဝေ လိုက်ရပါတယ်။

(မှတ်ချက်  – အတည်ပေါက်နဲ့ နောက်ခြင်းမျှသာ ဖြစ်ပါတယ်။ တကယ်မဟုတ်ပါ။ အားလုံး စိတ်အပန်းဖြေ နိုင်ပါစေ)

Credit: အောင်ခမ်း -innewsmyanmar

From...Search Myanmar
 

No comments:

Post a Comment