*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 10 February 2014

မလေးရှားရောက် ရခိုင် လူမျိုး ရှစ်သောင်းကျော် အလုပ်အကို င်ရှားပါးမှုကြောင့် ပြန်မလာလို











မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ကြသည့် ရခိုင် တိုင်းရင်းသားများမှာ နေထိုင်ရ မလုံ ခြုံမှု များရှိနေသော်လည်း ပြည်တွင်းသို့ ပြန်လာမည်ဆိုပါက အလုပ်အကိုင် အခွင့်အလမ်း နည်းပါး သဖြင့် ပြန်လာလိုခြင်း မရှိ ဟု မလေးရှားနိုင်ငံ တွင် ရခိုင်တိုင်းရင်းသားများနှင့် သွားရောက်တွေ့ဆုံခဲ့ သည့် ရခိုင်ဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က မဇ္ဈိမကို ဖေဖော်ဝါရီ ၉ ရက်က ပြောဆို လိုက် သည်။


“မလေးမှာ အဖမ်းဆီးလည်း တောက်လျှောက်ရှိနေတယ်။ သတ်တာဖြတ်တာလည်း တောက်လျှောက်   ဖြစ်နေ တယ် ။ ဒါပေမဲ့ သူတို့ ပြန်မလာချင်ကြဘူး၊ အဆင်ပြေအောင် နေနေကြတယ်။ အဲဒီမှာ တစ်ခုက တော့ ရခိုင်အဖွဲ့ ဖွဲ့ထားတာရှိတယ်။ အဲဒီမှာတော့ အကူအညီပေးတယ်”ဟု ဆိုသည်။

 ရခိုင်ပြည်နယ်တွင်း အလုပ်အကိုင်ရှားပါးမှုကြောင့် မလေးရှားနိုင်ငံသို့ အထွေထွေလုပ်သားအဖြစ် သွားရောက် အလုပ်လုပ်ကိုင်ကြသည့် ရခိုင်လူမျိုးများမှာ ရှစ်သောင်းကျော် ရှိနေသည်ဟုလည်း ၎င်းက ဆို သည်။

မလေးရှားနိုင်ငံတွင်း ရခိုင်မှ အထွေထွေလုပ်သား များပြားနေမှုနှင့်ပတ်သက်၍ “ရခိုင်မှာက အလုပ်အ ကိုင်အခွင့် အလမ်း မရှိဘူး။ တစ်လလုံး အလုပ်လုပ်မှ ကျပ်ငွေ သုံးသောင်းတောင် မရနိုင်ဘူး။ အဲဒီတော့ နိုင်ငံခြားတွေကို ထွက်ပြီး အလုပ်လုပ်ကိုင်ကြတယ်”ဟု ပြောသည်။

 ရခိုင်လူမျိုး ရှစ်သောင်းကျော် စာရင်းမှာ မလေးရှားနိုင်ငံ တွင်း ကမ္ဘာ့ကုလသမဂ္ဂ (UN) က ဖွဲ့စည်းပေး ထားသည့် Arakan Refugee Release Center (ARRC) ၏စာရင်းဖြစ်ပြီး စာရင်းတွင် မပါဝင်သေး သည့် မလေးနိုင်ငံ ကျေးလက်ပိုင်းတွင် ရောက်ရှိနေသူများ လည်း ရှိသေးသည်ဟုလည်း ဦးအေးသာ အောင်က ဆိုသည်။

မလေးရှားနိုင်ငံ wilayah presekutuan  ပြည်နယ်တွင်းရှိ စားသောက်ဆိုင်တစ်ခုတွင် အလုပ်လုပ် ကိုင် လျက်ရှိ သူ ကိုနိုင်မင်း က “ဒီမှာနေရတာ အန္တရာယ်အရမ်းများ တယ်။ ခဏခဏလည်း သတ်ခံ ရတာ၊ ဖမ်း ခံရတာ ရှိတယ်။ ဒါပေမဲ့ ကိုယ့်ဒေသကိုပြန်ရင် ဘာအလုပ်အကိုင်မှ မရှိဘူး။ ဒီကပဲ တတ်နိုင် သလောက် လုပ်ပြီး အိမ်ကိုပြန်ပို့ရတယ်။ အန္တရာယ်လည်း ကြည့်ရှောင်ရတာပေါ့”ဟု မဇ္ဈိမကို အွန်လိုင်းမှတစ်ဆင့် ပြောသည်။

ARRC အတွင်းမှ ရခိုင်လူမျိုး နှစ်သောင်းကျော်ဖြင့် Malay Arakhan Organization (MAO) ဟူ သည့် အဖွဲ့ဖွဲ့စည်းထားပြီး မလေးနိုင်ငံ သို့ လာရောက်အလုပ်လုပ်ကိုင်သူများထဲမှကျန်းမာရေးကြောင့် အလုပ် ဆက်လက်မလုပ်ကိုင်နိုင်သူ၊ အလုပ်အကိုင် မရရှိသေးသူများ၊ အဆင်မပြေသူများကို ခိုလှုံ ခွင့်ပေးထားပြီး လက်ရှိ MAO စောင့်ရှောက်မှုအောက်တွင် နေထိုင်နေသူ ရခိုင်လူမျိုး ၃၀ ကျော်ရှိပြီး မလေးရှား ရဲများက လုံခြုံရေးယူပေးထားသည်။

မလေးရှားနိုင်ငံ တွင် ရခိုင်အဖွဲ့အစည်း MAO မှ ပြုစုထားသည့် စာရင်းများအရ ရခိုင်တိုင်းရင်းသား ၈၀,၀၀၀၊ မွန်၊ ဗမာ၊ ချင်းလူမျိုး တို့ စုစုပေါင်း တစ်သိန်းကျော်ခန့် ရှိပြီး အလုပ်အကိုင်အားဖြင့် ကာစီနို ၀ိုင်း များ၊ စက်ရုံများ၊ ဆီအုန်းခြံများတွင် အလုပ်လုပ်ကိုင်နေကြပြီး UN ထောက်ခံချက်ဖြင့် တတိယနိုင် ငံ သို့ သွားရောက်ရန် စောင့်ဆိုင်းနေကြသူများ လည်း ရှိသည်ဟု ဦးအေးသာအောင်က ပြောသည်။

ရခိုင်ပြည်နယ် အတွင်း လုပ်ကိုင်နေသည့် စီမံကိန်းကြီးများ များစွာရှိသော်လည်း ရခိုင်တိုင်းရင်းသား များ အလုပ်အကိုင် ရရှိမှု နည်းပါးနေသည်ဟုလည်း ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ကျောက်ဖြူရေနက် ဆိပ်ကမ်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း၊ ကမ်းခြေမြို့များတွင် ဟိုတယ်စီမံကိန်းလုပ်ငန်းများ ရှိနေသည်။
ရခိုင်တိုင်းရင်းသားများ အနက် မလေးရှားတွင် ရောက်ရှိနေသူ ၈၀,၀၀၀ ကျော်၊ ထိုင်းနိုင်ငံတွင် ၃၀၀၀၀၀ ကျော်နှင့် အခြားသော ပြည်ပနိုင်ငံများသို့ များစွာသွားရောက်လုပ်ကိုင်နေပြီး အလုပ်အကိုင် အခွင့်အလမ်း များ ဖော်ဆောင်ပေးနိုင်ပါက ပြည်တွင်းသို့ ပြန်လာရန် ဆန္ဒရှိသည်ဟု ရခိုင်ခေါင်းဆောင် များက ဦးအေး သာအောင်နှင့်တွေ့ဆုံစဉ် ပြောခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

 Written by  နန်းလွင်နှင်းပွင့်၊ ကေဇူး 
From...Search Myanmar
 


No comments:

Post a Comment