*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 2 February 2014

ကျူးကျော်တွေကို နေရာချထားပေးမယ် လို့ သမ္မတ ပြောကြား



နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်သူတွေကို ပြောကြားတဲ့ ဒီနေ့ ရေဒီယိုမိန့်ခွန်းမှာ မြေယာကျူးကျော် ၀င်ရောက်နေ ထိုင်တဲ့ မြေယာမဲ့အိမ်ထောင်စုတွေကို စာရင်းပြုစုပြီး သက်ဆိုင်ရာ မြို့နယ်ဖွံ့ဖြိုးရေး စီမံကိန်းတွေနဲ့အညီ နေရာ ချထားပေး ဖို့ စီစဉ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ 

ဥပဒေမဲ့ တရားမ၀င် ကျူးကျော်ဝင်ရောက် အခြေချနေတာတွေကိုတော့ အသေအချာ စိစစ်ကိုင်တွယ်သွားမယ်လို့ လည်း မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောကြားသွားပါတယ်။


“မြေယာကိစ္စနဲ့ ကျူးကျော် ဝင်ရောက်အခြေချမှု ပြဿနာများနဲ့ ပတ်သက်ပြီး ဆန္ဒဖော်ထုတ်မှုတွေ၊ အငြင်းပွားမှုတွေ ရှိနေတာကို သိရပါတယ်၊ မြေယာကိစ္စ ပြုပြင်ပြောင်းလဲရေးကို ကျော်ဖြတ် ရတဲ့နိုင်ငံတိုင်း ကြုံတွေ့ရတဲ့ စိန်ခေါ်မှု တစ်ခုဖြစ်ပြီး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စရပ်တွေနဲ့ ဆက်နွယ်နေတဲ့ အခက်အခဲဆုံးနဲ့ အကျပ်တည်းဆုံး စီမံဆောင်ရွက်ရတဲ့ ကိစ္စတရပ်ဖြတ်ပါတယ်။

 နိုင်ငံတော်အစိုးရ အနေနဲ့ မြေယာမဲ့ အိမ်ထောင်စုများကို စာရင်းပြုစုပြီး သက်ဆိုင်ရာမြို့နယ် ဖွံ့ဖြိုးမှုစီမံကိန်းများနဲ့ အတူ နေရာချထားမှု၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရများနဲ့ ပူးပေါင်းစီမံဆောင်ရွက်လျှက်ရှိနေပါတယ်၊ 

သို့ပေမယ့် တရားမဝင် ကျူးကျော်ဝင်ရောက် အခြေချမှုများကို အသေအချာ စိစစ်ကိုင်တွယ်သွားမှာ ဖြစ်တဲ့ အကြောင်း ပြော ကြား လိုပါတယ်”

ဒါ့အပြင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရေးမှာ အဓိက ကျတဲ့ လွှတ်တော် ၊ နိုင်ငံရေး ပါတီတွေ၊ နိုင်ငံရေး အစုအဖွဲ့တွေဟာ ဖက်ဒရယ်စနစ်ကို အခြေခံ တဲ့ ပြည်ထောင်စု ပေါ်ပေါက် ဖို့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်တာတွေ ဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဆင်းရဲချမ်းသာမရွေး နိုင်ငံသားတိုင်း လက်လှမ်း မီနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ဖြစ်ပေါ် လာအောင် လည်း ပညာရှင်တွေနဲ့ ဆွေးနွေးဆောင်ရွက်နေတယ် လို့လည်း နိုင်ငံတော် သမ္မတ က ပြောခဲ့ ပါတယ်။



From...RFA Burmese


No comments:

Post a Comment