ကြံ့ ပိုးကောင် ( နွားချေးပိုးကောင် ) လို့ ခေါ်တဲ့ Dynastinae သို့မဟုတ် 
Rhinocerous beetle ကို ကမ္ဘာ့ အသန်မာဆုံး သတ္တဝါ အဖြစ် သတ်မှတ်ပါတယ်။ 
ဘာလို့လဲဆို သူက မိမိ ခန္ဓာကိုယ် အလေး ချိန်ထက် အဆ ၈၅၀ လေးတဲ့ အရာဝတ္တုများ 
ကိုတောင် သယ်ဆောင် နိုင်လို့ ဖြစ် ပါတယ်။
သူ့ဆိုဒ်၊ သူ့အရွယ်၊ အလေးချိန်နဲ့ အဆက်ပေါင်း ၈၅၀ မနိုင်တယ်ဆိုတာ Dynastinae မှာပဲ ရှိပါ တယ် ။ မြန်မာပြည်မှာဆိုရင် သူ့ကို နွားချေးပိုးကေင်လို့ နယ်အချို့ မှာ ခေါ်ဆိုပါတယ်။ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင် ငံတွေမှာ ဆိုရင် လောင်းကစား အတွက် ယင်းပိုးကောင်ကို အသုံးပြုလေ့ ရှိပါတယ်။
သူ့မှာ ထူးခြားချက် တစ်ခု ရှိပါသေးတယ်။ ယင်းကတော့ ရည်းစား လုခြင်း ဖြစ်ပါတယ်။ ကြံပိုးကောင် အမ တစ်ကောင်ကို အထီး နှစ်ကောင် က တွေ့တဲ့အခါ တရားမျှတတဲ့ နည်းနဲ့ ကြိုးစားယူပါတယ်။ ဒီအတွက် တိုက်ပွဲ တစ်ခုလုပ်ပြီး တိုက်ခိုက်ပါတယ်။
ယင်းသို့ တိုက်ခိုက်ရာမှာ တစ်ကောင်ကောင်က ရှုံးသွားရင် 
ယင်းအမကို လက်လျော့ပေးလိုက် ရပါ တယ်။ ဒါကြောင့် ကြံပိုးကောင်များဟာ 
အင်အားသုံးပြီး တရားမျှတတဲ့ နည်းနဲ့ ယူပါတယ်။ ကြံပိုးကောင် အမကလည်း 
အနိုင်ရသူကိုပဲ ရွေးချယ် ပါတယ်။
 
Dynastinae မျိုးစိတ်ကွဲ ပေါင်းစုံကို ကမ္ဘာတစ်ဝန်းမှာ မြင်တွေ့ နိုင်ပါတယ်။
Dynastinae မျိုးစိတ်ကွဲ ပေါင်းစုံကို ကမ္ဘာတစ်ဝန်းမှာ မြင်တွေ့ နိုင်ပါတယ်။
 Ref: wiki
အောင်ခမ်း (ရိုးရာလေး)
 
http://www.yoyarlay.com/book/151-environment/39976-dynastinae
 
.
အောင်ခမ်း (ရိုးရာလေး)
http://www.yoyarlay.com/book/151-environment/39976-dynastinae
.
No comments:
Post a Comment