*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 25 February 2014

မြန်မာစာ font ထည့်ရန် root လုပ်ခြင်း သည် ဖုန်း အတွက် ထိခိုက်မှု မရှိနိုင်

မြန်မာစာ font ထည့်ရန် root လုပ်ခြင်း သည် ဖုန်းအတွက် ထိခိုက်မှု မရှိနိုင်


ဖုန်းဖြင့် အင်တာနက် အသုံးပြုခြင်း ၊ message ပို့ခြင်း၊ Contact အမှတ်ခြင်း များကို မြန်မာ ဘာသာဖြင့် အသုံးပြု နိုင်ရန် အတွက် မြန်မာ font ထည့်သွင်းရာတွင် root လုပ်ခြင်းသည် warranty seal ပျက်ယွင်းစေ သည်ဟု ဆိုကာ အများစုမှာ root မလုပ်လို ကြကြောင်း သိရသည်။


သို့သော် root လုပ်လိုက်ခြင်းသည် မြန်မာစာ font အတွက်သာ မက အခြား root access ရမှသာ အသုံး ဝင်မည့် apps များ အတွက်လည်း အသုံး ဝင်ပြီး ဖုန်းအတွက် ကြီးမားသော ထိခိုက်မှု မျိုး မရှိနိုင်ကြောင်း သိရသည်။


“အမှန် တစ်ကယ်က root လုပ်တာ နဲ့ မလုပ် တာက သိပ်မကွာ ပါဘူး။ root မလုပ်ဘဲ မြန်မာစာ font ထည့် တယ် ဆိုတာက ADB mood မှာဆိုရင် ဖုန်းကို ဖွင့်ထားပြီး Command line နဲ့ remount လုပ်ပြီး ထည့်လိုက်တာ။

အချို့ဖုန်းတွေ ဆိုရင်လည်း fastboot mood မှာရှိတဲ့ recovery file ထဲမှာ custom recovery အနေနဲ့ ထည့်ပြီး zip file လေးတွေကို ဖြည်ချ လိုက်တာ ပါပဲ။ root လုပ်တာ ကျတော့ system ထဲက font ကို ဝင်ပြောင်း ရတာမို့လို့ Admin အနေနဲ့ change လိုက်တဲ့ သဘောပါ။

ဖုန်းတော်တော် များများက သူတို့ရဲ့ ဖုန်းမှာ game တွေ၊apps တွေ တင်ခွင့် ရှိပေမယ့် System ထဲကို ဝင်ရောက် ခွင့်ပေး မထားပါဘူး ။ ဒါကြောင့် warranty seal ပျက်တာပါ။ ဒါပေမယ့် အချို့ root access ရမှ သုံးလို့ ရမယ့် apps တွေဆို လည်း root လုပ်ရ မှာပဲလေ။ ဖုန်းကို မထိခိုက် ပါဘူး” ဟု လသာမြို့နယ်ရှိ Mobimax ဖုန်းဆိုင် မှ ကိုပြည့်စုံကိုက ပြောသည်။

ယခု နောက်ပိုင်း Samsung, Nokia ဖုန်းများ တွင်လည်း root လုပ်ရန်ပင် မဟုတ်သေးဘဲ boot လုပ်ရန် unlock ဖြည် ရုံဖြင့် warranty seal ပျက်ကြောင်း သိရသည်။ 

ထို့ကြောင့် အချို့သော ဖုန်း အသုံးပြုသူ များမှာ facebook, Gmail, message, ဖုန်း contact အတွက် မြန်မာလို ပေါ်စေရန် apps တစ်မျိုး ချင်းစီ ကို ထည့်သွင်း ထားပြီး မြန်မာ Keyboard ထည့်ကာ အသုံးပြု ကြကြောင်း သိရသည်။

Ref: MMT (Yoyarlay)


No comments:

Post a Comment