*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 12 March 2014

၁ နှစ်ဝင်ငွေ သိန်း ၂၀ အထက်ရှိသူများ ၀င်ငွေခွန်ဆောင်ရမည်


တနှစ်ဝင်ငွေ ကျပ် သိန်း ၂၀ အထက်ရှိတဲ့ နိုင်ငံသားတိုင်း အခွန်ဆောင်ရမယ့် ၀င်ငွေခွန် ဥပဒေ မူကြမ်းတခုကို ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေး အတည်ပြုလိုက်ပါတယ်။

ဝင်ငွေခွန်ဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်မှာ ၂ ရက်ကြာ အကြိတ် အနယ် ဆွေးနွေးပြီး အတည်ပြုလိုက်တာပါ။



ပြင်ဆင်လိုက်တဲ့ ဥပဒေကြမ်း အရ အရင်က လူတစ်ဦးရဲ့ တနှစ်ဝင်ငွေ ၁၄ သိန်း ၄ သောင်းလို့ သတ်မှတ်ထားရာ ကနေ သိန်း ၂၀ ပြောင်းလဲ သတ်မှတ်လိုက်တယ် လို့ လွှတ်တော် အမတ်တွေ က ပြောပါတယ်။


ဒါပေမယ့် လည်း လစာရဲ့ ၂၀ ရာခိုင်နှုန်း က ကင်းလွတ်ခွင့် ရမှာ ဖြစ်သလို သားသမီးတွေ ဇနီး မယားတွေနဲ့ ပတ်သက်ပြီး သက်သာခွင့်ပေးထားတွေ ရှိတယ်လို့ ပြည်သူ့လွှတ်တော် အမတ် ဒေါ်တင်နွယ်ဦးက ပြောပါတယ်။


နိုင်ငံဝန်ထမ်းတွေ ကလည်း သိန်း ၂၀ အထက် ရတဲ့သူတွေ အခွန်ဆောင်ရမှာ ဖြစ်သလို သက်ဆိုင် ရာက လစာထဲ တစ်ခါတည်း အခွန်ဖြတ်ထားမှာ ဖြစ်တယ်လို့ ပြောပါတယ်။


ဒီအတွက် ၁ လကို ၁ သိန်း ၂ သောင်းရတဲ့ ပြန်တမ်းဝင် အရာရှိအဆင့်ကနေ စတင် အခွန်ပေးဆောင် ရ မှာ ဖြစ်သလို ကင်းလွတ်ခွင့်နဲ့ ပတ်သက်ပြီး အရင်ကထက် ပိုကောင်းတဲ့ အကြောင်း လွှတ်တော်အမတ်တဦးဖြစ်တဲ့ ဦးခင်မောင်ရည်က ပြောပါတယ်။


ဒါ့အပြင် ကုန်သွယ်လုပ်ငန်းခွန်ကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကိုလည်း ဆွေးနွေးခဲ့ တယ်လို့လည်း ဆိုပါတယ်။


အခွန်အကြောင်းပညာပေးဆောင်းပါးတွေရေးသားနေတဲ့ ဦးဟန်ထွန်း(ဘဏ္ဍာအခွန်) ကတော့ တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတိုင်း ပြည်သူများက အခွန်ပေးဆောင်လာအောင် လုပ်ရမယ့် ၀တ္တရားကို အကောင်ထည်ဖော်ပေမယ့် မြန်မာပြည်မှာတော့ ဘယ်လောက်အောင်မြင်မလဲ ဆိုတာကို ကြိုပြော လို့ မရဘူးလို့ ပြောပါတယ်။


မတ် ၁၀ ရက်နေ့ က ပြည်ထောင်စု လွှတ်တော်မှာတော့ အရက် နဲ့ ဆေးဝါး အမျိုးမျိုးကို အခွန် ၅၀ ရာခိုင်နှုန်း၊ စီးကရက်တွေ ကို ၁၀၀ ရာခိုင်နှုန်း ကောက်ခံဖို့၊ အဖိုးတန် ကျောက်မျက်တွေကို အခွန် ၃၀ ရာခိုင်နှုန်း၊  ၁၅ ရာခိုင်နှုန်း၊ ကျွန်းသစ်၊ သစ်မာသစ်လုံးနဲ့ အခြေခံ သစ်ခွဲသားတွေကို ၂၅ ရာခိုင်နှုန်း၊ ဓာတ်ဆီနဲ့ ဒီဇယ်ဆီများကို ၁၀ ရာခိုင်နှုန်းနဲ့ သဘာဝဓာတ်ငွေ့ကို ၈ ရာခိုင်နှုန်း အခွန် အသီးသီး ကောက်ခံဖို့လည်း သဘောတူ ဆုံးဖြတ်လိုက်ပါတယ်။


ဒါ့အပြင် ဒီရက်ပိုင်းအတွင်း အခွန် မဆောင်တဲ့ ကုမ္ပဏီများ စာရင်းကိုလည်း အခွန် ဦးစီးဌာနက ထုတ်ပြန်လာပါတယ်။


ကို​ထွေး​(ဒီဗွီဘီ)
 
From...Thit Htoo Lwin

 

No comments:

Post a Comment