*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 29 June 2014

စင်္ကာပူစင်တာ ထဲမှာ မြန်မာမလေး များအား လျော့ဈေးဖြင့်ရောင်းချ



ရင်နာရပါသော Discount ကြေငြာ တစ်ခု
=======================
ဈေးဝယ်တိုင်း discount ပေးရင် သဘောကျ တတ်ပေမဲ့ ဒီဟာလေး ကတော့ ရင်နာမိပါတယ်။
ကိုယ့်တိုင်းပြည်လေး အပြည့် အဝတိုးတက်ချင်တယ် လူငယ်တွေ တိုင်း အလုပ် အကိုင် အခွင့်
အလမ်းပေါများ စွာနဲ့ သူတို့ရဲ့ အနာဂတ် ကို စိတ်ကြိုက် ပုံဖော်ချယ်လှယ်စေချင်ပါတယ်။
 

ဒီနေ့ ရုံးကို မကြာမီ လက်ထပ်မဲ့ အသက် ၂၈ အရွယ် စုံတွဲ သူတို့ အိမ် အတွက် အိမ်တွင်း ဒီဇိုင်းပြင်ဖို့
အလုပ် လာအပ်တယ်။ လက်ထပ်ပြီးရင် အတူနေဖို့ပေါ့ ။ သူ့ မိဘတွေ က ဖောက်သည်ဟောင်း ဆိုတော့
သူတို့ နဲ့ အထိုက် အလျောက် ရင်းနှီးပါတယ်။


သူတို့ ကို ကြည့်ပြီး ကျွန်မတို့နိုင်ငံ က အတူနေနိုင် ဖို့ ရုန်းကန် နေကြ ရတဲ့ ချစ်သူ စုံတွဲတွေကို ခုလိုပြီးပြည့် စုံတဲ့ ဘဝလေးတွေ ကို ရရှိစေချင်တယ်။ မင်္ဂလာ မဆောင်ခင် ကတည်း က နေဖို့အိမ် စီးဖို့ ကား စသည့်ဖြင့် အရာရာပြည့်စုံအောင် ဖန်တီးနိုင်ကြတယ်။
 


ကျွန်မတို့ နိုင်ငံက မိဘ အရှိန်အဝါ အားနည်း တဲ့ ချစ်သူ စုံတွဲလေးတွေ ကတော့ ရရှိတဲ့ လုပ်ခ လစာလေးတွေ ကြောင့် အဆမတန်ဈေးမြင့်နေ တဲ့ အိမ်ဝယ် ဖို့ ဆိုတာ အင်မတန် ခက်လှ ပါတယ် လို့ တွေးပြီး ကိုယ် နဲ့ကိုယ်ချင်း စာမိ သနားမိပါတယ်။

ချစ်သူတိုင်း အတူနေနိုင်ဖို့ လှပတဲ့ အိမ်မက်ကလေးတွေ ပြီးပြည့်စုံပါစေလို့ပဲ ဆုတောင်းပေးနိုင်ပါတော့ တယ်။ သူတို့ အိမ် အတွက် လိုအပ် တာတွေ ရွေးချယ် အပြီးမှာတော့ သူတို့မေးတဲ့ မေးခွန်းကြောင့် အနည်း ငယ် စိတ်မသက် မသာ ဖြစ်မိပါတယ်။

 မြန်မာနိုင်ငံ က အကျယ်ကြီး ဆိုတော့ ဘယ်နယ်ပယ် က အိမ်အကူ အထွက် များဆုံးလည်း ဒီလုပ်ငန်း ကို ဘယ်နယ် ကလူတွေ ပိုကျွမ်းကျင် ပါသလည်းတဲ့ အခု လက်ရှိ သူတို့ အိမ်ရယ် သူ့ အမျိုးအိမ်တွေ က အိမ် အကူလေးတွေ က မြန်မာတွေ မို့ သူတို့ မင်္ဂလာဆောင်ပြီးလို့ အိမ်ခွဲရင် လည်း မြန်မာ ပဲခေါ်ချင်လို့ပါတဲ့။ 

ကျွန်မ ပြုံးပြီးနား ထောင်ရုံပဲ နားထောင်ခဲ့ မိပါတယ်။ ဘာမှပြန် မပြော ခဲ့ပါဘူး။ ရင်နာရ လို့ပါ။
 

ကျွန်မတို့ နိုင်ငံက လူတွေ ပညာရှင်နေရာ မှာ အလုပ်လုပ်နေကြ တာတွေတွေ့ရင် ဂုဏ်ယူ ရလွန်း လို့ မြေကြီး နဲ့ ခြေထောက် မထိ သလို ပီတိဖြစ် ရသလို ညီမ အရွယ် အမ အရွယ် မောင်လေး အရွယ် အကို အရွယ်တွေ နွမ်းပါး စွာ အလုပ် လုပ်နေကြရတာ တွေ့ရပြန်တော့ လည်း စာနာ သနားစိတ်
နဲ့ စိတ်မကောင်းဖြစ်မိ ရတာပါဘဲ။


ကိုယ်လည်း ကူညီ ဖို့ရာ မစွမ်းသာ ဘူးလေ။ ကျွန်မ တို့နိုင်ငံလေး အများကြီး မတိုးတက် ရင်နေပါစေတော့ ရှင်။ အခုလို နိုင်ငံရပ်ခြား မှာ ကုန်ပစ္စ္စည်း လို discount အပေး ခံရတဲ့ အလုပ် လာလုပ်မဲ့ သူတွေ
မရှိစေ ချင် လို့ လူတိုင်း အလုပ် အကိုင် အခွင့်အလမ်းလေးတွေ ပေါများ စွာ ရရှိနိုင် ရင် လုံလောက် ပါပြီရှင်။ 


စင်ကာပူကို မမှီရင်နေပါစေ စင်ကာပူနိုင်ငံမှာ discount အပေးခံရတဲ့ ဘဝ ကတော့ ကျွတ်ချင် လှပါတယ် လို့သာ.....................

From...Search Myanmar 

No comments:

Post a Comment