*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 30 June 2014

ညှပ်ကြ ဦးမလား ကမ္ဘာ့ဖလား ဆံပင် ဒီဇိုင်းသစ်များ

YoYarLay's photo.YoYarLay's photo.

ကျင်းပချိန် တစ်လ အတွင်း တစ်ကမ္ဘာလုံး ကို သိမ်းပိုက်နိုင်စွမ်း ရှိတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကို ပိုပြီး ဆန်းသစ်အောင် လုပ်ပေးနိုင်တဲ့နေရာ မှာ ဆံသ ဆရာ တစ်ယောက် ရဲ့ အခန်းကဏ္ဍ ပါဝင်တယ် ဆိုတာ အမေရိကန် ဆံသ ဆရာ ရော့ဖာရယ် က သက်သေပြလိုက် ပါပြီ။

 ရော့ဖာရယ် ဟာ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း သူ့ဆိုင် မှာ ဆံပင်လာညှပ်သူတွေ ကို ပေါ်တူဂီ တိုက် စစ်မှူး ရော်နယ်ဒို ၊ အမေရိကန် ဂိုးသမား တင်ဟောင်းဝပ် နဲ့ မက္ကဆီကို ဂိုးသမား အိုချိုအာ တို့ ပုံတွေ ပုံဖော်ပေးခဲ့ ပါတယ်။




Rob the original ဆံသဆိုင် ပိုင်ရှင် ရော့ဖာရယ် ဟာ ပြီးခဲ့တဲ့ (၈)နှစ်လောက် တုန်းက တက်စ်ဆက် က ဆံပင်ညှပ်ဆိုင် တစ်ဆိုင် မှာ အလုပ်လုပ် ခဲ့တာပါ။ အဲဒီ အချိန်မှာ ဒေသခံ လူငယ်တွေ က ဆံပင် ဒီဇိုင်း ပုံဖော်ပေးဖို့ သူ့ကို ပြောလာကြ ရင်းနဲ့ အခုလို စလုပ်ဖြစ်သွားတာပါ။ 

 ''အစတုန်း က ရိုးရိုး ရှင်းရှင်း ဒီဇိုင်းတွေ ပဲ ပုံဖော်ပေးတာ ပါ။ နောက်တော့ သူတို့တွေ က ကျွန်တော့် ဆီကို ဓာတ်ပုံတွေ ယူလာပြီး အဲဒီ ပုံထဲက အတိုင်း သူတို့ ဆံပင် ကို ပုံဖော်ပေးဖို့ ပြောကြပါတယ်''လို့ ဖာရယ် က ဆိုပါတယ်။

 From.... YoYarLay




No comments:

Post a Comment