*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 22 June 2014

ဖခင် တစ်ဦး ၏ ချစ်ခြင်း မေတ္တာ



 


သားသမီး အပေါ် ထားရှိ တဲ့ မိဘ တို့ရဲ့ မေတ္တာတရား ဟာ အမြဲတမ်း တူညီမှုရှိပါတယ်။ ဘယ်နေရာ မှာပဲ ဖြစ်ဖြစ် မိဘ တို့ရဲ့ မေတ္တာတရား ဟာ ပြောင်းလဲ သွားခြင်း မရှိပါဘူး။ 

အမေရိကန်ပြည်ထောင်စု၊ လိုဂန် မြို့မှာ နေထိုင် တဲ့ ဖခင် တစ်ဦးဟာ သား အပေါ် ဘယ်လောက် အထိ မေတ္တာထား ခဲ့သလဲ ဆိုတာ သိရှိနိုင် ဖို့ အစိုးရ ဌာန တစ်ခုဟာ ဖခင် များနေ့ မှာ ဓာတ်ပုံ နဲ့ တကွ ဖော်ပြမှုပြု လုပ်ခဲ့ပါတယ်။ 


အသက် (၆၀) နှစ် အရွယ် ရှိ ဂျိမ်းစ်ဟာ အသက် (၁၈) နှစ် အရွယ် ရှိ သားဖြစ်သူ ကို အပင်ပန်း ခံပြီး ဖြစ် ချင်တဲ့ ဆန္ဒတွေ လိုက်လုပ်ပေး ခဲ့ပါတယ်။ ဂျိမ်းစ် ဟာ ရှေ့နေဟောင်း တစ်ဦးဖြစ်ပြီး သားဖြစ်သူ ဂျိုနက် ဟာ ငယ်စဉ် ဘ၀ကတည်း က မသန်စွမ်း ဘ၀ ကို ရောက်ရှိ ခဲ့ပါတယ်။ 

ဂျိုနက် ဟာ ပြင်ပ ကမ္ဘာကို သွားရောက်လေ့လာ လိုတာမို့ ဂျိမ်းစ် ဟာ ယူတက်ပြည်နယ်  မှာ ရှိတဲ့ သဘာဝ ဥယျာဉ် ကို ခေါ်ဆောင် သွားခဲ့ပါတယ်။ ဂျိမ်းစ်ဟာ သားဖြစ်သူ အဆင်ပြေ စွာ လိုက်ပါနိုင်ရေး အထူးပြု လုပ်ထားတဲ့ တွန်းလှည်း နဲ့ ခေါ်ယူခဲ့ခြင်း ဖြစ်ပြီး၊ ပေ (၅၀၀) အထိ မြင့် တဲ့ကျောက်ဆောင်တွေ ကို ဖြတ်ကျော်ခဲ့ရပါတယ်။ 

ဂျိမ်းဟာ သားဖြစ်သူ အတွက် အပင်ပန်း ခံပြီး သဘာဝ ရှုခင်း တွေ လိုက်လံပြသနေ တဲ့ ဓာတ်ပုံ ကို သမီးဖြစ် သူ လော်ရာ က ပြီးခဲ့တဲ့ နှစ်နှစ် က မှတ်တမ်း တင်ထား ခဲ့တာ ဖြစ်ပါတယ်။ ဒီ ဓာတ်ပုံဟာ အဓိပ္ပာယ် များစွာ ရှိခဲ့ တာ မို့ ဖခင်များနေ့ မှာ အစိုးရ ဌာန တစ်ခုက အထိမ်း အမှတ် အဖြစ် အင်တာနက်ပေါ် လွှင့်တင် ခဲ့ရာ လူကြိုက် များတဲ့ ဓာတ်ပုံဖြစ်ခဲ့ပြီး၊ ဖခင် နဲ့ သားသမီး အကြား ရှိနေတဲ့ မေတ္တာ တရားကို ပြသလိုက်ခြင်းဖြစ်ကြောင်း သုံးသပ်ခဲ့ကြပါတယ်။

 ဂျိမ်းစ် ကလည်း မိမိ သည် သားဖြစ်သူ ကို အလွန်ချစ်ကြောင်း၊ မိသားစု ကလည်း သားဖြစ်သူ ကို ဂရု စိုက်ကြကြောင်း၊ မိမိနှင့် သားဖြစ်သူ အကြားတွင် ဖခင် တစ်ဦး ထက် ပိုသည့် ဆက်ဆံရေး ရှိကြောင်း ဂုဏ် ယူစွာပြောကြား သွား ခဲ့ပါတယ်။


 အေသင်အောင်
From...Search Myanmar

No comments:

Post a Comment