*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 28 June 2014

Golden Gate တံတားကြီး တွင် သေကြောင်းကြံမှု တားဆီးသည့် ပိုက်ကွန်များ စတင် တပ်ဆင်မည်



Photo from Google


အမေရိကန်နိုင်ငံ၊ ဆန်ဖရန်ဆစ္စကို ပင်လယ်အော် ရှိ နာမည်ကျော် Golden Gate တံတားကြီး တွင် သေကြောင်းကြံ မှု တားဆီး သည့် ပိုက်ကွန် များ စတင် တပ်ဆင်တော့မည် ဟု သိရှိရသည်။

 ကူးသန်း ပို့ဆောင်ရေးဌာန တာဝန်ရှိသူများ က အမေရိကန်နိုင်ငံ တွင် မိမိကိုယ် ကိုယ် သေကြောင်းကြံ စည်မှု အများဆုံး စာရင်းဝင် နေရာတစ်ခု ဖြစ်နေသည့် အထင်ကရ တံတားကြီး တွင် ပိုက်များ တပ်ဆင်ရန် အတွက် ငွေကြေး သုံးစွဲ မည့် အစီအစဉ် ကို သဘောတူညီ ခဲ့ကြသည်။


Golden Gateတွင် သေကြောင်း ကြံစည်မှု တားဆီးရေး စီမံကိန်းများ အတွက် ရန်ပုံငွေ ဒေါ်လာ(၇၆)သန်း သုံးစွဲ မည်ဖြစ်ပြီး ယင်း၏ အစိတ် အပိုင်း တစ်ရပ် အဖြစ် ပိုက်ကွန်များ တပ်ဆင်မှုလည်း ပါဝင်လာ မည် ဖြစ် သည်။

တံတား ၏ တစ်ဖက်တစ်ချက် စီတွင် ပေ(၂၀) စီ အကျယ် ရှိသည့် ပိုက်ကွန် များ ထားရှိ မည်ဖြစ်ပြီး စီမံကိန်း ကို (၂၀၁၈) တွင် အဆုံး သတ်နိုင်ရန် မျှော်လင့် ထားသည်။ တံတားကြီး ၏ အရှည်မှာ (၁.၇) မိုင် မျှ ရှိရာ ပိုက်ကွန် အရှည် စုစုပေါင်း (၃.၅) မိုင်စာ မျှ တပ်ဆင် ရမည့် သဘောဖြစ်သည်။

Golden Gate တံတားကြီး ကို (၁၉၃၇) ခုနှစ် က စတင် ဖွင့်လှစ်ပြီးနောက်ပိုင်း ကောက်ယူနိုင်ခဲ့ သမျှ စာရင်းများ အရ လူပေါင်း (၁၄၀၀)ကျော် တံတားပေါ် မှ ခုန်ချပြီး အဆုံး စီရင်ခဲ့ကြောင်း သိရသည်။ 

(၂၀၁၃) တစ်နှစ်တည်း တွင်ပင် တံတားပေါ် မှ ခုန်ချ သတ်သေသူ (၄၆) ဦး ထိ ရှိခဲ့သည်။


Channel News Asia
From...7day

No comments:

Post a Comment