*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 27 June 2014

Google Earth ကြောင့် (၂၅) နှစ်ကျော် ကွဲကွာနေတဲ့ မိသားစု ကို ပြန်လည်တွေ့ရှိ


10473765_728866697174645_5432510110278236603_n 

အိန္ဒိယ နိုင်ငံသား တစ်ဦး ဟာ Google Earth ကျေးဇူးကြောင့် (၂၅) နှစ်ကျော် ကွဲကွာနေတဲ့ မိသားစု ကို ပြန် လည် တွေ့ရှိခဲ့တယ် လို့ သိရပါတယ်။ အံအားသင့်ဖွယ် ကောင်းတဲ့ ပြန်လည် ဆုံတွေ့မှုကို စာအုပ် အဖြစ် ရေးသား ထုတ်ဝေ ခဲ့ပါတယ်။ 


ဆာရိုး ဟာ အသက် လေးနှစ် အရွယ်မှာ နေအိမ် ကနေ ပျောက်ဆုံး သွား ခြင်းဖြစ်ပါတယ်။ ဆာရိုး ဟာ ကျေး လက် ဒေသ မှာ နေထိုင်သူဖြစ်ပြီး တစ်နေ့ မှာ အစ်ကိုဖြစ် သူနဲ့ ရထား လိုက်စီးခဲ့ပါတယ်။ ဆာရိုး စီးနင်းတဲ့ ရထား ဟာ အိမ်ကနေ မိုင်ပေါင်း (၁၀၀၀) ကျော် ကွာဝေးတဲ့ ကိုယ်းကာတားမြို့ကို သွားတဲ့ ရထား လည်း ဖြစ်ပါတယ်။ 


ဒါပေမယ့် အစ်ကိုဖြစ်သူ နဲ့ ကွဲကွာ သွားတာမို့ ဆာရိုး ဟာ ကိုလ်းကာတားမြို့မှာ တစ်ဦးတည်း ယောင်ချာ ချာ ဖြစ်နေပြီး တောင်းရမ်း စားသောက် ကာ ဘ၀ကို ရပ်တည် ခဲ့ပါတယ်။ ဆာရိုး ကို သြစတြေးလျ မှာ နေထိုင် တဲ့ မိသားစု တစ်ခုက မွေးစား ဖို့ ခေါ်ယူသွား ခဲ့ပါတယ်။ 

ဒီနောက် ဆွာရိုး ဟာ သြစတြးလျ နိုင်ငံမှာ ကြီးပြင်း ခဲ့ပြီး အရွယ်ရောက် လာတဲ့ အခါ မိသားစု နဲ့ ပြန်လည် ဆုံတွေ့ဖို့ ကြိုးစား ခဲ့ပါတယ်။ Google Earth ဟာ ဆာရိုး မိသားစု ပြန်လည် တွေ့ရှိ ဖို့ များစွာ အထောက် အကူ ဖြစ်ခဲ့ပါတယ်။ ဆာရိုး ဟာ ငယ်စဉ် ဘ၀ ကနေရာများ ကို ပြန်လည် စဉ်းစားရင်း Google Earth ထဲမှာ သူနေထိုင် ခဲ့တဲ့ နေရာကို ရှာဖွေ ခဲ့ပါတယ်။ 

အနီးဆုံး နေရာ ကို တွေ့ပြီးတဲ့ နောက်မှာ အိန္ဒိယ ကို သွားရောက်ပြီး မိသားစု ကို ရှာဖွေ ခဲ့ပါတယ်။ ဆာရိုး ဟာ မိသားစု ကို အလွယ် တကူ တွေ့နိုင်တော့ မှာ မဟုတ်ဘူးလို့ ထင်ခဲ့ပေမယ့် လူ တစ်ဦးက သူ့မိသားစု ရှိရာ ကို ခေါ်သွားခဲ့ပါတယ်။ 

အသက်လေးနှစ် အရွယ် ကတည်းက ကွဲကွာ သွား ခဲ့ပေမယ့် မိခင်ဖြစ်သူကို တွေ့လိုက် ရပြီးတဲ့ အချိန် မှာ သွေးက စကားပြော တာမို့ မျက်ရည်တွေ ကျလာ ခဲ့ ရပါတယ်။ တကယ့် ကို ၀မ်းနည်းဖွယ် ကောင်းတဲ့ အဖြစ် အပျက် ဖြစ်ပြီး ၂၀၁၂ ခုနှစ် တုန်းက ဖြစ်သွား ခဲ့ခြင်းဖြစ်ပါတယ်။ 

ဒါကို A Long Way Home အမည် နဲ့ ဆာရိုး က စာအုပ် အဖြစ် ရေးသား ထုတ်ဝေ ခဲ့ပြီး အိမ်နဲ့ ကွဲကွာ သွား သူရဲ့ ဇာတ်လမ်းဖြစ်ကြောင်း ဒေးလီးမေးလ် သတင်းစာ က ဖော်ပြခဲ့ ပါသည်။


The messenger
From...Latest Myanmar News

No comments:

Post a Comment