*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday, 1 July 2014

ကင်ဆာ ရောဂါ ကို နေ့စဉ် ဝယ်နေကြ သူများ


Photo: ကင်ဆာ ရောဂါကို နေ့စဉ် ဝယ်နေကြသူများ

မိမိ အာဟာရ ဖြစ်စေမည့် အစာကို ငွေဖြင့် မဝယ်ယူကြဘဲ မိမိခန္ဓာကိုယ်ကို လူရာ မဝင်အောင် သေစေသော ကြောက်စရာ ကင်ဆာ ရောဂါဆိုးကို နေ့စဉ် ငွေပေး၍ စားသုံး မှီဝဲ နေကြသည်။ လူမြင်ကွင်းဝယ် ခန္ဓာကိုယ်ကို အာဟာရ ဖြစ်စေသော အစာ အာဟာရ အဖြစ် အယောင် ဆောင်၍ နေ့စဉ် လွှမ်းမိုး နေသည်။ နေ့စဉ် ငွေရာ ထောင်ချီ၍ ကုန်နေသည်။

ထိုသို့ ငွေကြေး အကုန် အကျခံ၍ နေ့စဉ်မှီဝဲသော အာဟာရ အစာတစ်ခုက တစ်နေ့မိမိ၏ သေခြင်းကို ဖိတ်ခေါ်လာသူ ဖြစ်ကြောင်း စားသုံး မှီဝဲသူပင် မသိ။ ဘာသိ ဘာသာနေပြီး စားသုံး မှီဝဲနေကြသည်။ ရောင်းချသော ဈေးဆိုင် ကလေးများ ကလည်း လမ်းဘေးဝဲ၊ ယာတွင် အလွယ်တကူ ရနိုင်သည်။ ဝယ်နိုင်သည်။ ရထားပေါ်၊ ကားပေါ်၊ သင်္ဘောပေါ်တို့တွင် သူတို့နယ်

မြေ ကြီးစိုး နေကြသည်။ အလွယ်တကူ စားသုံးနိုင်အောင် ပလတ်စတစ်ထုပ် ကလေးများဖြင့် ထုပ်ထားသည်။ အလွယ်တကူ စားသုံး မှီဝဲ လိုက်ကြသည်။

ထိုအရာကား အခြားမဟုတ် ''ကွမ်းယာ''။

ကွမ်းယာကို နိုင်ငံတစ်ဝန်း နေရာတိုင်း၊ အချိန်တိုင်း တွေ့ကြရသည်။ မှီဝဲ စားသုံး ကြရသည်။ မြို့နေ၊ တောနေ လူဦးရေ၏ ထက်ဝက်ခန့်က ကွမ်းယာ စားသုံးမှု အဖြစ် နေရာယူ နေကြသည်။ လူမှုရေး လောကဝတ်တွင် ကွမ်းစား၊ ဆေးသောက် ကိုရိုးရာ ဧည့်ဝတ် လုပ်ငန်းအဖြစ် ရှေးမြန်မာမင်းများ လက်ထက်ကပင် ခံယူ ဝတ်ပြု နေကြသည် ကတော့ မှန်ပါသည်။

သို့သော်... အစဉ်အလာ မလုပ်သင့်ပါ။ ''စဉ်'' ထား၍ ''လာ''ကြခြင်း သာဖြစ်သည်။ အစဉ်အလာ မလုပ်ဘဲ၊ ဝတ္တရားဟူ၍ မသတ်မှတ်ဘဲ ရှောင်ကြဉ် ကြမည်ဆိုလျှင် တစ်နေ့တွင် ဒီဓလေ့ စရိုက်ဆိုး ကလည်း ကွယ်ပျောက် သွားကြရမည်သာ ဖြစ်သည်။ ရှေးလူကြီး မင်းများ၊ တို့မိတို့ဖများ၊ တို့ဘိုး တို့ဘွားများက လက်ခံ ကျင့်သုံးခဲ့ကြ သော်လည်း ပယ်သင့်လျှင် ပယ်ကြရမည်။ ရှောင်သင့်လျှင် ရှောင်ကြရပေမည်။

''ကွမ်းစား၊ ဆေးသောက်'' ဟူ၍ ပေါ့ပေါ့လေး ပြောပြီး ပေါ့ပေါ့လေး လုပ်ခဲ့ကြသော ကြောင့် ''ဓလေ့'' အသွင် ဟန်ဆောင်၍ လူက ခန္ဓာကိုယ်ကို နှိပ်စက်နေကြောင်း၊ သေမင်းကို လက်တွဲ ခေါ်ခဲ့ကြောင်း မသိကြတော့ပါ။ ကျန်းမာရေး အသိ၊ ကျန်းမာရေး ဗဟုသုတ ကိုလည်း သိအောင် မလုပ်၊ ရှာမှီးခြင်းလည်း မရှိ၊ ကွမ်းစားခြင်း၊ ဆေးလိပ် သောက်ခြင်းကို နိုင်ငံကြီး သားများက ဖယ်ရှားကုန်ပြီ။ ယဉ်ကျေးသော နိုင်ငံသား တိုင်းက လူ့ဝန်းကျင်တွင် သန့်ရှင်းမှု ကိုလည်း အကျည်း တန်စေနိုင်ကြောင်း လက်ခံ ယုံကြည် ကြပါသည်။ ကွမ်းကိုဝါးခြင်း၊ မြုံခြင်း မဟုတ်တော့။ ထမင်းစား၊ ဟင်းစား သလို ကွမ်းစား နေကြသည်။ ပါးစပ်ကို အအားမထား၊ အနားမနေ။ ကွမ်းထုပ် တစ်ထုပ်ပြီး တစ်ထုပ် တစ်နေကုန် စားမည့် ကွမ်းထုပ်ကို နံနက်အိပ်ရာမှ ထသည်နှင့် ဝယ်ထား လိုက်ကြသည်။

ကွမ်းကို တစ်နေ့ ကုန်ကျစရိတ် ၅ဝဝ-၁ဝဝဝ ကျပ်စားသော လူတန်းစား၊ တစ်နေ့ ၂ဝဝဝ-၃ဝဝဝ ကျပ်ကုန်သော လူတန်းစား။ နေရာအနှံ့ ပေါနေသော မြို့ပြ၏ ပြယုဂ် ကွမ်းယာ ဆိုင်များက ၂၄ နာရီ မြင်နိုင်သည်။ ကွမ်းကို စည်းကမ်းရှိရှိ စားလျှင်၊ ဝါးလျှင်၊ လူမှုရေး နယ်ပယ်၌ ပြဿနာ မရှိ။ တွေ့သည့် နေရာတွင် ထွေးချ လိုက်ကြသည်။ ''ကွမ်းတံတွေး မထွေးရ'' ဆိုင်းဘုတ် စာတန်းပေါ်၌ပင် ကွမ်းတံတွေးများ ရဲရဲနီ သွားကြပြီ။ ကွမ်းတံတွေး များက မြို့၏ အင်္ဂါရပ်ကို အကျည်းတန် အရုပ်ဆိုး စေသည်။ ပတ်ဝန်းကျင် အလှကို ဖျက်ဆီး လိုက်ကြသည်။

ကွမ်းယာ ရောင်းသော ဆိုင်များတွင် ကွမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ အိန္ဒိယဆေး မျိုးစုံများ ပူးတွဲ ရောင်းချသည်ကို တွေ့ကြရသည်။ ကွမ်းနှင့် အလားတူ Shikhar ဆေးများက နေရာယူ လာကြသည်။ တစ်ထုပ်လျှင် ငွေကျပ် ၅ဝ ပေးလိုက်ပါက အိန္ဒိယ ဆေးတစ်ထုပ် ရနိုင်သည်။ ထိုဆေးငုံ ကြသူများကို ခံတွင်း၌ ရောဂါ တစ်မျိုးကို ဖန်တီး လိုက်သည်။ အမှုမဲ့၊ အမှတ်မဲ့ ဝယ်ယူ သုံးစွဲရာမှ လတွေ၊ နှစ်တွေကြာလာ သောအခါ ကုစား၍ မရနိုင်သော သေမင်း၏ တမန်တော် ရှေ့ပြေး တပ်သား ''ကင်ဆာ'' ရောဂါက ဖိစီး ဝင်ရောက် လာသည်။ ကြိုတင် မသိသော်လည်း ခန္ဓာကိုယ်တွင်း၌ လှိုင်ဖွဲ့၍ ကြီးစိုးနေရာမှ ရောဂါ ရှိမှန်းသိသောအခါ၌ အချိန်က လွန်သွားပြီ။ ''ကင်ဆာ''ဟူ၍ အမည် တပ်လိုက်ပြီ။

ကုစား မရနိုင်သော ရောဂါဆိုးကြီး အဖြစ် ငွေကုန်သော်လည်း အသက် မမီလိုက်သော အခြေအနေသို့ ရောက်လာသည်။ ကွမ်းစားပါက ထွေးပစ်ရသော ''ကွမ်းတံတွေး''၏ စွန့်ပစ် ပစ္စည်း ဒုက္ခက ပိုလာသည်။ ကွမ်းတံတွေးကို အရမ်း ထွေးပစ်၍ မရ။ ကွမ်းစားခြင်း၊ ကွမ်းထွေးခြင်းနှင့် စပ်လျဉ်း၍ ဂျာနယ်၊ သတင်းစာ၊ မဂ္ဂဇင်းနှင့် ရုပ်မြင်သံကြားတို့က ပညာပေး လျက် ရှိပါသည်။

ယခုခေတ်တွင် ကွမ်းယာဆိုင်များမှ စပ်ပြီးထုံး၊ နှပ်ပြီးဆေး၊ ယာပြီးကွမ်းယာ များက ပလတ်စတစ် ထုပ်ကလေး တွေဖြင့် စားသုံးသူ၊ မှာကြားသူ အတွက် အသင့် အနေအထားမှာ ရှိနေကြသည်။ ကွမ်းစား၊ ကွမ်းဝါးခြင်းလုပ်ငန်းတွင် ကွမ်းသီး သီးသန့်ဝါးကြသူ၊ ဆေးရွက်ကြီး ငုံသူ၊ ဆေးရွက်မပါဘဲ ကွမ်းသီး၊ ကွမ်းရွက်၊ ရှားစေးနှင့် ထုံးတို့ဖြင့် စားတတ် ကြသည်။ ဝါးကြသည်။ ငုံကြသည်။

အချို့က ကွမ်းရည်ကို မျိုချသည်။ အချို့က ကွမ်းကို ညက်အောင်ဝါးပြီး ထွေးပစ်ကြသည်။ အချိုအဆိမ့် ကြိုက်သူများက ကွမ်းယာလျှင် အာမွှေး၊ ပရုပ်၊ အုန်းသီးဆန်၊ လေးညှင်းနှင့် ဖာလာစေ့များထည့်၍ စားတတ်ကြသည်။ ကွမ်းစား ရာ၌ ကွမ်းသီးတွင်ပါသော အေရီကိုလင်း (Arecoline) က ခန္ဓာကိုယ်ကိုလန်းဆန်း စေသည်။ တက်ကြွစေသည်။ စိတ်ကိုငြိမ် သက်စေသည်။ အကြောအခြင် ပြေစေသည်။ ထုံးဓာတ်က တံတွေးကို ပိုထွက်စေသည်။

သို့သော် ကွမ်းယာတွင် ရှိသော အယ်လ်ကာလွိုက် (Alkaloia)၊ ပေါ်လီဖနယ် (Polyphenals) များက ဘေးထွက် ဆိုးကျိုး အနေဖြင့် လူကိုကင် ဆာဖြစ်စေနိုင်စွမ်း သည့် သွားနှင့် ခံတွင်းဆိုင်ရာ ရောဂါများ ဖြစ်စေသည်။ သွားဖုံးရောင် ရောဂါ၊ မျိုးစုံလှသော အပိုဒုက္ခ၊ အပိုရောဂါ၊ အပိုငွေ ကုန်ကြရမည့် ဝဋ်ဒုက္ခ ကြောက်စရာ ကင်ဆာ ရောဂါဆိုးကြီး ဖြစ်စေမည့် ကွမ်းစားခြင်းကို ယနေ့ပင် ရှောင်ရှား လိုက်ကြ ပါစို့...။
မိမိ အာဟာရ ဖြစ်စေမည့် အစာ ကို ငွေဖြင့် မဝယ် ယူကြဘဲ မိမိ ခန္ဓာကိုယ် ကို လူရာ မဝင်အောင် သေစေသော ကြောက်စရာ ကင်ဆာ ရောဂါဆိုး ကို နေ့စဉ် ငွေပေး ၍ စားသုံး မှီဝဲ နေကြ သည်။ 
လူမြင်ကွင်း ဝယ် ခန္ဓာကိုယ် ကို အာဟာရ ဖြစ်စေသော အစာ အာဟာရ အဖြစ် အယောင် ဆောင်၍ နေ့စဉ် လွှမ်းမိုး နေသည်။ နေ့စဉ် ငွေရာ ထောင်ချီ ၍ ကုန်နေသည်။

ထိုသို့ ငွေကြေး အကုန် အကျ ခံ၍ နေ့စဉ် မှီဝဲသော အာဟာရ အစာ တစ်ခုက တစ်နေ့ မိမိ၏ သေခြင်းကို ဖိတ်ခေါ် လာသူ ဖြစ်ကြောင်း စားသုံး မှီဝဲသူ ပင် မသိ။ ဘာသိ ဘာသာနေပြီး စားသုံး မှီဝဲနေကြ သည်။

 ရောင်း ချသော ဈေးဆိုင် ကလေးများ ကလည်း လမ်းဘေး ဝဲ၊ ယာတွင် အလွယ် တကူ ရနိုင်သည်။ ဝယ်နိုင်  သည်။ ရထားပေါ်၊ ကားပေါ်၊ သင်္ဘောပေါ် တို့တွင် သူတို့နယ်မြေ ကြီးစိုး နေကြသည်။ အလွယ် တကူ စားသုံးနိုင်အောင် ပလတ်စတစ် ထုပ် ကလေး များဖြင့် ထုပ်ထားသည်။ အလွယ် တကူ စားသုံး မှီဝဲ လိုက်ကြသည်။

ထိုအရာ ကား အခြား မဟုတ် ''ကွမ်းယာ''

ကွမ်းယာ ကို နိုင်ငံ တစ်ဝန်း နေရာတိုင်း၊ အချိန်တိုင်း တွေ့ကြရသည်။ မှီဝဲ စားသုံး ကြသည်။ မြို့နေ၊ တောနေ လူဦးရေ ၏ ထက်ဝက်ခန့် က ကွမ်းယာ စားသုံး မှု အဖြစ် နေရာယူ နေကြသည်။ လူမှုရေး လောကဝတ် တွင် ကွမ်းစား၊ ဆေးသောက် ကို ရိုးရာ ဧည့်ဝတ် လုပ်ငန်း အဖြစ် ရှေးမြန်မာ မင်းများ လက်ထက် ကပင် ခံယူ ဝတ်ပြု နေကြသည် ကတော့ မှန်ပါသည်။

သို့သော်... အစဉ် အလာ မလုပ်သင့် ပါ။ ''စဉ်'' ထား ၍ ''လာ'' ကြခြင်း သာဖြစ်သည်။ အစဉ် အလာ မလုပ် ဘဲ၊ ဝတ္တရား ဟူ၍ မသတ်မှတ် ဘဲ ရှောင်ကြဉ် ကြမည် ဆိုလျှင် တစ်နေ့ တွင် ဒီ ဓလေ့ စရိုက်ဆိုး ကလည်း ကွယ်ပျောက် သွားကြရမည် သာ ဖြစ်သည်။ ရှေးလူကြီး မင်းများ၊ တို့မိ တို့ဖများ၊ တို့ဘိုး တို့ဘွား များက လက်ခံ ကျင့်သုံး ခဲ့ကြ သော်လည်း ပယ်သင့် လျှင် ပယ်ကြ ရမည်။ ရှောင်သင့် လျှင် ရှောင်ကြ ရပေမည်။

''ကွမ်းစား၊ ဆေးသောက်'' ဟူ၍ ပေါ့ပေါ့လေး ပြောပြီး ပေါ့ပေါ့လေး လုပ်ခဲ့ကြသော ကြောင့် ''ဓလေ့'' အသွင် ဟန်ဆောင် ၍ လူက ခန္ဓာကိုယ် ကို နှိပ်စက်နေကြောင်း၊ သေမင်း ကို လက်တွဲ ခေါ်ခဲ့ကြောင်း မသိကြတော့ ပါ။ ကျန်းမာရေး အသိ၊ ကျန်းမာရေး ဗဟုသုတ ကိုလည်း သိအောင် မလုပ်၊ ရှာမှီးခြင်းလည်း မရှိ၊ ကွမ်းစားခြင်း၊ ဆေးလိပ် သောက်ခြင်း ကို နိုင်ငံကြီး သားများ က ဖယ်ရှား ကုန်ပြီ။ 
ယဉ်ကျေးသော နိုင်ငံသား တိုင်း က လူ့ဝန်းကျင် တွင် သန့်ရှင်း မှု ကိုလည်း အကျည်း တန်စေနိုင်ကြောင်း လက်ခံ ယုံကြည် ကြပါသည်။ ကွမ်းကို ဝါးခြင်း၊ မြုံခြင်း မဟုတ်တော့။ ထမင်းစား၊ ဟင်းစား သလို ကွမ်းစား နေ ကြသည်။ ပါးစပ် ကို အအား မထား၊ အနား မနေ။ ကွမ်းထုပ် တစ်ထုပ်ပြီး တစ်ထုပ် တစ်နေ ကုန် စားမည့် ကွမ်းထုပ် ကို နံနက် အိပ်ရာမှ ထသည်နှင့် ဝယ်ထား လိုက်ကြသည်။

ကွမ်း ကို တစ်နေ့ ကုန်ကျ စရိတ် ၅ဝဝ-၁ဝဝဝ ကျပ် စားသော လူတန်း စား၊ တစ်နေ့ ၂ဝဝဝ-၃ဝဝဝ ကျပ် ကုန်သော လူတန်း စား။ နေရာ အနှံ့ ပေါနေသော မြို့ပြ ၏ ပြယုဂ် ကွမ်းယာ ဆိုင် များက ၂၄ နာရီ မြင်နိုင် သည်။ ကွမ်း ကို စည်းကမ်း ရှိရှိ စားလျှင်၊ ဝါးလျှင်၊ လူမှုရေး နယ်ပယ် ၌ ပြဿနာ မရှိ။ တွေ့သည့် နေရာ တွင် ထွေးချ လိုက်ကြသည်။ 
''ကွမ်းတံတွေး မထွေးရ'' ဆိုင်းဘုတ် စာတန်းပေါ်၌ ပင် ကွမ်းတံတွေး များ ရဲရဲနီ သွားကြပြီ။ ကွမ်းတံတွေး များက မြို့ ၏ အင်္ဂါရပ် ကို အကျည်းတန် အရုပ်ဆိုး စေသည်။ ပတ်ဝန်းကျင် အလှ ကို ဖျက်ဆီး လိုက်ကြ သည်။

ကွမ်းယာ ရောင်းသော ဆိုင် များတွင် ကွမ်းနှင့် ဆက်စပ် ပစ္စည်းများ၊ အိန္ဒိယဆေး မျိုးစုံများ ပူးတွဲ ရောင်းချ သည်ကို တွေ့ကြရသည်။ ကွမ်းနှင့် အလားတူ Shikhar ဆေးများက နေရာယူ လာကြသည်။ တစ်ထုပ် လျှင် ငွေကျပ် ၅ဝ ပေးလိုက် ပါက အိန္ဒိယ ဆေး တစ်ထုပ် ရနိုင်သည်။ ထိုဆေးငုံ ကြ သူများကို ခံတွင်း ၌ ရောဂါ တစ်မျိုး ကို ဖန်တီး လိုက်သည်။
 အမှုမဲ့၊ အမှတ်မဲ့ ဝယ်ယူ သုံးစွဲ ရာမှ လတွေ၊ နှစ်တွေကြာလာ သော အခါ ကုစား ၍ မရနိုင်သော သေမင်း ၏ တမန်တော် ရှေ့ပြေး တပ်သား ''ကင်ဆာ'' ရောဂါ က ဖိစီး ဝင်ရောက် လာသည်။ ကြိုတင် မသိသော် လည်း ခန္ဓာကိုယ်တွင်း ၌ လှိုင် ဖွဲ့၍ ကြီးစိုးနေရာ မှ ရောဂါ ရှိမှန်း သိသောအခါ၌ အချိန် က လွန်သွားပြီ။ ''ကင်ဆာ''ဟူ၍ အမည် တပ်လိုက်ပြီ။

ကုစား မရနိုင်သော ရောဂါ ဆိုးကြီး အဖြစ် ငွေကုန်သော် လည်း အသက် မမီ လိုက်သော အခြေ အနေ သို့ ရောက်လာသည်။ ကွမ်းစား ပါက ထွေးပစ် ရသော ''ကွမ်းတံတွေး''၏ စွန့်ပစ် ပစ္စည်း ဒုက္ခ က ပိုလာ သည်။ ကွမ်းတံတွေး ကို အရမ်း ထွေးပစ် ၍ မရ။ ကွမ်းစားခြင်း၊ ကွမ်းထွေးခြင်းနှင့် စပ်လျဉ်း ၍ ဂျာနယ်၊ သတင်းစာ၊ မဂ္ဂဇင်းနှင့် ရုပ်မြင်သံကြား တို့က ပညာပေး လျက် ရှိပါသည်။

ယခုခေတ် တွင် ကွမ်းယာဆိုင် များမှ စပ်ပြီး ထုံး၊ နှပ်ပြီးဆေး၊ ယာပြီး ကွမ်းယာ များ က ပလတ်စတစ် ထုပ် ကလေး တွေဖြင့် စားသုံးသူ၊ မှာကြား သူ အတွက် အသင့် အနေ အထားမှာ ရှိနေကြသည်။ ကွမ်းစား၊ ကွမ်း ဝါးခြင်း လုပ်ငန်းတွင် ကွမ်းသီး သီးသန့် ဝါးကြသူ၊ ဆေးရွက်ကြီး ငုံသူ၊ ဆေးရွက် မပါဘဲ ကွမ်းသီး၊ ကွမ်းရွက်၊ ရှားစေးနှင့် ထုံး တို့ဖြင့် စားတတ် ကြသည်။ ဝါးကြ သည်။ ငုံကြသည်။

အချို့က ကွမ်းရည် ကို မျိုချ သည်။ အချို့က ကွမ်း ကို ညက်အောင် ဝါးပြီး ထွေးပစ်ကြသည်။ အချို အဆိမ့် ကြိုက် သူများက ကွမ်းယာ လျှင် အာမွှေး၊ ပရုပ်၊ အုန်းသီး ဆန်၊ လေးညှင်းနှင့် ဖာလာစေ့ များထည့်၍ စား တတ်ကြသည်။ ကွမ်းစား ရာ ၌ ကွမ်းသီးတွင် ပါသော အေရီကိုလင်း (Arecoline) က ခန္ဓာကိုယ် ကိုလန်း ဆန်း စေသည်။ တက်ကြွစေသည်။ စိတ် ကိုငြိမ် သက်စေသည်။ အကြော အခြင် ပြေစေသည်။ ထုံးဓာတ်က တံတွေး ကို ပိုထွက်စေသည်။

သို့သော် ကွမ်းယာ တွင် ရှိသော အယ်လ်ကာလွိုက် (Alkaloia)၊ ပေါ်လီဖနယ် (Polyphenals) များ က ဘေးထွက် ဆိုးကျိုး အနေဖြင့် လူကို ကင်ဆာဖြစ်စေနိုင် စွမ်း သည့် သွားနှင့် ခံတွင်း ဆိုင်ရာ ရောဂါ များ ဖြစ်စေ သည်။ 
သွားဖုံးရောင် ရောဂါ၊ မျိုးစုံ လှသော အပို ဒုက္ခ၊ အပိုရောဂါ၊ အပိုငွေ ကုန်ကြရ မည့် ဝဋ် ဒုက္ခ ကြောက်စရာ ကင်ဆာ ရောဂါ ဆိုးကြီး ဖြစ်စေ မည့် ကွမ်းစားခြင်း ကို ယနေ့ပင် ရှောင်ရှား လိုက်ကြ ပါစို့...။
From...Myawady

No comments:

Post a Comment