*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 20 July 2014

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် ဂျပန် ကုမ္ပဏီများ ပူးပေါင်းမှု အပေါ် ပညာရှင်၊ လုပ်ငန်း ရှင်များ ၏ အမြင်များ



မိုဘိုင်း ဆက်သွယ်ရေး ၀န်ဆောင် မှုတွေ ကို ပြည်တွင်း မှာ အော်ပရေတာလေးခု က ၀န်ဆောင် မှုပေး မှာဖြစ် ပြီး အော်ပရေတာ တစ်ခုအဖြစ် ရပ်တည် မယ့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ဂျပန်နိုင်ငံ အခြေ စိုက် KDDI  နှင့် Sumitomo ကော်ပိုရှင်း တို့နဲ့ ပူးပေါင်း လုပ်ကိုင်မယ့် သဘောတူ စာချုပ်ကို ဇူလိုင် ၁၆ ရက် က နေပြည်တော် မှာ လက်မှတ်ရေးထိုး ခဲ့ပါတယ်။

ပြည်ပအော်ပရေတာတွေ နဲ့ ယှဉ်ပြိုင် လုပ်ကိုင်ရမယ့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေနဲ့ ဒီလိုနိုင်ငံ တကာ ကုမ္ပဏီတွေ နဲ့ ပူးပေါင်း လုပ်ကိုင်လိုက်တဲ့ အတွက် ဆက်သွယ်ရေးလောက ယှဉ်ပြိုင် မှုတွေ ဘယ် လို ဖြစ်လာနိုင် တယ်။ မြန်မာ့ဆက်သွယ်ရေး ရဲ့ ၀န်ဆောင်မှုတွေ ဘယ်လိုဖြစ်လာနိုင်တယ် ဆိုတာကို စီးပွားရေး ပညာရှင်၊ နည်းပညာလောက ထဲက ပညာရှင်တွေ၊ လုပ်ငန်းရှင်တွေ နဲ့ မဇ္ဈိမ က မေးမြန်း ဖော်ပြပေး ထားပါတယ်။


ပြည်တွင်း တွင် အော်ပရေတာ အဖြစ် ၀န်ဆောင်မှုပေး မည့် ကုမ္ပဏီ များမှာ နော်ဝေနိုင်ငံ အခြေစိုက် တယ်လီ နော၊ ကာတာနိုင်ငံ အခြေစိုက် အူရီးဒူး၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် ရတနာပုံ တယ်လီပို့ ကုမ္ပဏီ တို့ ဖြစ်သည်။

ဦးခင်မောင်ညို(ဘောဂဗေဒ)
(ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောဂဗေဒအသင်း)

“မြန်မာ့ ဆက်သွယ်ရေး ကို လျှော့တွက် လို့ မရတော့ဘူး။ အားသာတဲ့ အချက်က သူ့မှာ အခြေခံ အဆောက် အအုံ လည်း ရှိပြီးသား၊ အသုံးပြုသူတွေ ရှိပြီးသား၊ ဈေးကွက်ဝေစု ကို လွှမ်းမိုး ထားပြီးပြီ။ သူ့ရဲ့ ၀န်ဆောင် မှု ကို ပိုကောင်းအောင်လုပ်မယ် ဆိုရင် တစ်ပန်းသာ သွားမယ်။ 

ဟိုတုန်း ကတော့ သူ တစ်ယောက်ထဲ ပြိုင် ဘက် မရှိလုပ်ရတာ ဖြစ်တဲ့ အတွက် လက်ဝါးကြီး အုပ်တဲ့ လုပ်ငန်းတွေ ရဲ့ထုံးစံ အတိုင်း သူ့ရဲ့ ၀န်ဆောင်မှု အရည် အသွေးတွေ ညံ့ဖျင်းတယ်။ သို့သော် အခု ဂျပန် အဆင့် အတန်းမီ ၀န်ဆောင်မှု ရ ရမယ် လို့ပြောတဲ့ အတွက် သူ့ရဲ့ ၀န်ဆောင်မှု ကို လျှော့တွက်လို့ မရတော့ ဘူး။ တယ်လီနော နဲ့ အူရီးဒူး အနေနဲ့လည်း MPT ကို လျှော့တွက်လို့ မရတော့ဘူး။ ပြိုင်ပွဲက ပိုကြည့် လို့ကောင်းသွား တာပေါ့။”


ကိုစိုးသီဟနောင်
(Chief Technology Officer, Open Myanmar Initiative )

“အော်ပရေတာတွေစရွေးတဲ့ အချိန်မှာ KDDI တို့လို အော်ပရေတာတွေ ကျန်ခဲ့ ကတည်းက ဒါမျိုး လုပ်မယ် ဆိုတာတော့ မြင်မိပါတယ်။ တယ်လီနော တို့ အူရီးဒူး တို့က အာရှ မှာ အတွေ့ အကြုံရှိပြီး သား ကုမ္ပဏီတွေ ပါ။ ဆက်သွယ်ရေး ၀န်ဆောင်မှုပေးတဲ့ လုပ်ငန်းနယ်ပယ် ထဲမှာ ကောင်းမွန်တဲ့ ယှဉ်ပြိုင်မှုတွေ ကို တွေ့ရတော့ မှာပါ။

 ရွေးချယ် စရာတွေ ရှိလာပြီ ဆိုရင် ဈေးနှုန်းကျဆင်း လာမယ်။ ၀န်ဆောင်မှု မကြိုက်ရင်ပြောင်းမယ်။ ဆက်သွယ်ရေး ၀န်ဆောင်မှု က တခြားဟာတွေနဲ့ မတူဘူး။ ၀န်ဆောင်မှု ကို မကြိုက်ရင် အချိန် မရွေးပြောင်း လို့ရတယ်။ 

ဒီတော့ ၀န်ဆောင်မှု မကောင်းတဲ့ သူက ရှုံးမှာပဲ။ MPT အနေ နဲ့ ဒီလို လုပ်တာ ပါးနပ်တယ် လို့ပြောရ ပါမယ် ။ ကျွန်တော်တို့ ကလည်း ဒီလို ပါးနပ်မှု ကို ကြိုဆိုပါတယ်။”


ကိုဇော်ဇော်မျိုးလွင်
(အမှုဆောင်အရာရှိချုပ်- Yangon Heartz Media & Business Solution)

“နိုင်ငံတကာ ကုမ္ပဏီ တစ်ခု ၀င်လာတာက ကောင်းတယ်။ ဒါပေမဲ့ MPT က အစိုးရ တစ်ပိုင်း ကုမ္ပဏီဖြစ် နေတယ်။ လက်ရှိ ၀န်ဆောင်မှုပေးနေတာပါ။ Service အနေနဲ့ ပိုကောင်းလာမယ်။ MPT မှာ ရှိတဲ့ ၀န်ထမ်း တွေ ရဲ့ စွမ်းရည်၊ နည်းပညာတွေ ပိုပြီး တက်လာမှာပါ။ ဂျပန် ရဲ့နည်း ပညာကို စောင့်ကြည့် ရမှာပေါ့။ 

အစိုးရ တစ်ပိုင်းဖြစ်နေတဲ့ အတွက် နိုင်ငံတကာ ကုမ္ပဏီတွေ ဘယ်လောက် အထိ လုပ်ခွင့် ရမလဲ ကြည့်ရ မယ်။ အဟန့် အတားဖြစ်နေမယ် ဆိုရင်တော့ မကောင်းဘူး။ အရင်လို ပိတ်ထားလို့ လည်း မရတော့ ဘူးပေါ့။ KDDI ကလည်း အသင်းအဖွဲ့တွေ နဲ့ နီးစပ်တဲ့ ကုမ္ပဏီတစ်ခု ပါ။ စောင့်ကြည့်ဖို့ကောင်းပါတယ်။”

ဦးဇော်မင်းဦး
(အထွေထွေ အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်)

“KDDI နဲ့ ပူးပေါင်းလိုက်တဲ့ အတွက် Service တွေ ပိုကောင်းလာမယ်။ Service Level Agreement တွေရှိ လာမယ်။ အခြေခံ လုပ်ဆောင် ၀န်ဆောင်မှုပေးနေတဲ့ ပုံစံကြီး တစ်ခုလုံး ပြောင်းသွားမယ် လို့မြင်ပါတယ်။ မိုဘိုင်းဖုန်း ကနေတစ်ဆင့် အင်တာနက် အသုံးပြုနိုင်မှု အရင်ကထက် ပိုကောင်း လာနိုင်ပါတယ်။

 နိုင်ငံ တကာအော်ပရေတာတွေ နဲ့ ယှဉ်ပြိုင်တဲ့နေရာမှာ ပွဲက အကြိတ် အနယ်ဖြစ်သွားပြီ။ အရင် အတိုင်း လုပ်နေ တာ ထက် စာရင် ပိုပြီးကောင်းမွန် တဲ့ ယှဉ်ပြိုင်မှု အသစ်တွေ မြင်ကြရတော့ မှာပါ။”

  မောင်မန်း စုစည်းသည်။ 
 From...Mizzima

No comments:

Post a Comment