ယနေ့ ကျွန်တော် တို့ ယခု လို အွန်လိုင်း အင်တာနက် ကို အသုံးပြုနိင် ဖို့ ယခင် က တီထွင် မှုတွေ များစွာ ပြုလုပ် ခဲ့ရပါတယ်။ မိတ်ဆွေ သူငယ်ချင်း တို့ကို အသိ တစ်ခုပေးနိင်စေဖို့ မျှော်လင့် လို့ အင်တာနက် ကို ဘယ်သူတွေ တီထွင် ခဲ့ သလဲ ဆိုတာ ဗဟုသုတ တစ်ခု အနေနဲ့ တင်ပြ ရေးသားလိုက်ရပါတယ်။
တကယ်တော့ ကျွန်တော် တို့ သိပြီး အသုံးပြုနေ တဲ့ အင်တာနက် ကို လူတစ်ဦး တစ်ယောက်ချင်း ဆီက ဖန်တီး ခဲ့တာ မဟုတ်ပါဘူး။ Net (သို့) Web လို့ လည်း ခေါ်တဲ့ အင်တာနက် ကို IPTO လို အတိုကောက်ခေါ် တဲ့ Information Processing Technology Office က စလျှင် စချင်း ဖွံဖြိုးစေ ခဲ့တာ ဖြစ်ပြီး အဲဒီ IPTO ဆိုတာ ကတော့ ၁၉၆၂ ခုနှစ် မှာ တည်ထောင် ခဲ့တဲ့ Defense Advanced Research Projects Agency (DARPA) ရဲ့ အေဂျင်တစ်ခု ဖြစ်ပါတယ်။
အဲဒီလို တည်ထောင် ခဲ့ပြီး မကြာမီ မှာတော့ ဒီလို အင်တာနက် ကို ဖွံဖြိုးစေ ခဲ့တဲ့ အတွက် ဒီ ဦးဆောင်မှု မှာ တာဝန် ယူခဲ့တဲ့ JCR Licklider ဆိုသူ ဟာ ပထမဦးဆုံး ဒါရိုက်တာ ဖြစ်လာ ခဲ့ပါတယ်။
ဒီနေ့တွေ မှာတော့ IPTO ဟာ သူတို့ ရဲ့လက်ရှိ နစ်တွေရဲ့ ရှေ့ဆက်မဲ့ လုပ်ငန်းတွေ အတွက် အသစ် အသစ် စသော ကွန်ပျူတာ နဲ့ ဆိုင် သော မျိုးဆက် များနဲ့ စနစ် များကို ဖန်တီးလျက် ရှိပါတယ်။ အိုင်ဒီယာ တီထွင် ဖို့ စစဦးဆုံး အကြံဥာဏ်ပြုသူ ကတော့ Leonard Kleinrock's လို့ အမည် ရှိသူ ဖြစ်ပြီး မေလ ၃၁၊ ၁၉၆၁ မှာ "Information Flow in Large Communication Nets" လို့ အမည် ရှိတဲ့ စာအုပ် ထွက်ရှိပြီး မကြာမီ မှာ အကြံဥာဏ် ရခဲ့တာ ဖြစ်ပါတယ်။
ဒီလို နဲ့ ၁၉၆၂ မှာ IPTO ရဲ့ ပထမဆုံး ဒါရိုက်တာ ဖြစ်လာ ခဲ့တဲ့ J.C.R. Licklider ကို သူရဲ့ နက်ဝပ် အမြင် ကို ပေးခဲ့ ပါတယ်။ သူတို့ နှစ်ယောက်ဆီ က အကြံဥာဏ်တွေ ကို ပေါင်းစပ်မူ ရဲ့ နောက်ထပ် ဒီ အကြံဥာဏ် ကို ဖန်တီး ဖို့ ကူညီပေးတဲ့ Robert Taylor လို့ခေါ်တဲ့ အမေရိကန် တက္ကဆပ်ပြည်နယ်သား တစ်ဦးနဲ့ စပြီး ဖန်တီးခဲ့ကြပါတယ်။
စတင် ဖန်တီးခြင်း
ယနေ့ မှာ ကျွန်တော် တို့ သိတဲ့ အတိုင်း အင်တာနက် ဟာ ၁၉၆၀ ခုနှစ် နှောင်းပိုင်းလောက် မှာ ပထမဦး ဆုံး စတင် ဖွံဖြိုးလာခဲ့ တာ ဖြစ်ပါတယ်။
ယခုလို ကျတော် တို့ အသုံးပြုလို့ နိင်လာအောင်ကြား ထဲမှာ ဆိုင်ရာ ဆိုင်ရာ အဖွဲ့ အစည်းတွေဟာ မီတင်တွေ တွေဆုံခြင်းတွေ ကို များစွာ လုပ်ဆောင်ခဲ့ရပါတယ်။
၁၉၆၈ နွေ....
၁၉၆၈ ဒီဇင်ဘာ .... ..................................................................
အချင်းချင်း ဆက်သွယ် ဖို့ လိုအပ်တဲ့ Interface Message Processor (IMP) ကို ၁၉၆၈ ခုနှစ် ရဲ့ နှစ်ကုန် ပိုင်း မှာ နောက်ဆုံး ဗားရှင်း ထုတ်နိင်ခဲ့ ပါတယ်။
ဒါ ကတော့ အင်တာနက် ဆိုတဲ့ အရာ မပေါ်ပေါက်ခင် က ရုပ်လုံး ထုဆစ်မှု တစ်ခုပေါ့။ ဖော်ပြပါ ပုံထဲက ပုဂ္ဂိုလ်ဟာ ယခုလို အင်တာနက် ကို ဖြစ်ပေါ် လာစေဖို့ အစ ဦးဆုံး အကြံဥာဏ်ပေးခဲ့သူ Leonard Kleinrock ဆိုသူ ဖြစ်ပါတယ်။
Ref: Wiki
Aung Hein Oo
From...YOYARLAY
No comments:
Post a Comment