*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 21 July 2014

သမိုင်း ထဲက တပည့် အတွက် ဆရာ.တမ်းချင်း ကဗျာတစ်ပုဒ် { ကဗျာ }




ေ အောင်ဆန်း မသာ အတွက်....
ငါတော့..ငွေ တမတ် မတတ်နိုင်ဘူး...
ဒီ ကဗျာတပုဒ်သာ ယူသွား ပါကွာ..
..သခင်နု ကိုပြောနေသော ဆရာကြီး၏
မျက်ဝန်း မှာ မျက်ရည် စတွေနဲ့။

  သြော်..အဆောင်ဆောင် နန်းတွေ
ကြဌာန်းတွေ နဲ့နှော.. 
အခေါင် မမြန်း ခင်က
ေ အောင်စာတမ်း ချို့စေဖို့
ေ အောင်ပန်း ညှိုး ရရှာတဲ့.. 
 တောင်တမန်း တို့ ဗမာမှာ 
အဟောင်း သံသရာ အငုတ်တွေ နှင့် 
 အောင်ဆန်း တို့ မသာ မယာ ဟာ
၎င်း ကံကြမ္မာ အလုပ်ပေထင့်..
ေ သောင်းမြန် မရဏာစမုတ် မှာတော့ 
ချုပ်သနှင့် ယင်း အလိုတွင် ဒေါင်းအလံ
ံပဝါအုပ် ပါလို့...ကျုပ်ဖြင့်..သင်္ဂြိုဟ်ချင်။
 
( ဆရာကြီး သခင်ကိုယ်တော်မှိုင်း )
 

တနေ့ကတင် မှ ပြောသွားတဲ့ တပည့်ဖြစ်သူ ရဲ့ ပုံရိပ်လွှာ..ဆရာကြီးမျှော်မှန်း ထားတဲ့
လွတ်လပ်ရေး ကို တစ်နှစ် အတွင်းရအောင် ကျွန်တော်ကြိုးစားနေပါတယ်။
ဒီ အတောတွင်း ဆရာကြီး ဘာမှ မလုပ်ပါနဲ့ ဦး ခင်မျာ။
ဗိုလ်ချုပ်က ထိုသို့ပြောလေသော်- ဆရာကြီးက....
  
ဟေ့..အောင်ဆန်း.!
မင်းက ဆရာလား..ငါက ဆရာလား.?
ဆရာကြီး၏ ခက်ထန်ထန် စကားကို ကြားလေသော်..
ဗိုလ်ချုပ်သည် စိတ်မကောင်း စွာဖြင့်..
 
ဆရာကြီး တခြားလူ ဘယ်သူပြောပြောကျွန်တော် စိတ်မထိ ခိုက်ဘူး။
ဆရာကြီး တစ်ခွန်းပြောရင် ပြောသလို ကျွန်တော် စိတ်ထိခိုက်ပါတယ်။
ကျွန်တော် ကတိပေးတဲ့ အတိုင်းဖြစ် မလာရင် ဆရာကြီး လုပ်ချင်တာ လုပ်ပါ။
ဗိုလ်ချုပ် က တောင်းပန်လေသော အခါ ဆရာကြီးလဲ စိတ်ဆိုးပြေ သွားပြီး..
ေ အေးပါကွာ..မင်းပြော သလို ငါစောင့်ကြည့် ပါ့မယ်..။
 
အခုတော့.. 
 သြော်..တပည့် အရင်းတွေ မို့
ကဝိ မတင်းနိုင်ဘူး ကွဲ့
သတိ ကင်းကာ မျက်ရည် ကျ....ကျပြီး
ခက်ကပြီ လက်ဆည် လို့ မရနိုင်ဘု 
 သောက ဘလောင် ဆူတော့..။

 ပြည်ထဲရေး ဝန်ကြီး စီစဉ် သလိုလက်ခံ ခဲ့မည် ဆိုပါလျှင်....
ဒီလို အဖြစ်ဆိုးကြုံလိမ့်မည် မဟုတ်။ ကျုပ် အတွက် ဘာမှ မလိုဘူး..
ကျုပ်ကိုပြည်သူ က ချစ်ပါတယ် ဗျာ လို.ပြောခဲ့တဲ့ အောင်ဆန်း။
သူချစ်တဲ့ တိုင်းပြည်..သူ ချစ်တဲ့ပြည်သူ
သူချစ်တဲ့ မိသားစု..သူချစ်တဲ့ ရဲဘော်တွေ
 
၁၉၄၇ ခုနှစ်-ဇူလိုင်လ-၁၉ရက်-စနေနေ့ နံနက် ၁၀ နာရီ ၃၇မိနစ် အချိန်တွင်
အားလုံး ကို အပြီးတိုင် နှုတ်ဆက်လို့..။
သုဿ     န်တံခွန် စောင်း ရရှာတဲ့
ရုပ် အကျန် ခုနှစ်လောင်း ရယ်နှင့်
အလွန်ကောင်း စွာ ကမ္ဘာတည် မည့်
အာဇာနည် ဗိမာန် ပုထိုး ကိုဖြင့်
ပါရမီ အဓိဋ္ဌာန် တမျိုးရယ်နှင့်
ရှိခိုးကာ ဆရာ ကန်တော့ချင် ရဲ့။

မြန်မာ မတော့ ပူစရာ ဖို့
လူမသမာ အမှောင်သန်းချိန် မို့
ေ သောင်ကမ်း မို့မို့ ဆီက ဖောင်နန်းက တို့နှင့်
အကြေ ဒဂုန်တည်း ဟူသော ရေစုန်မျှောလေ ရဲ့
 
 သြော်..တောင်နန်းမြောက်နန်း
အဆောင်ဆောင်ကြဋ္ဌာန်းနဲ့
အခေါင် မမြန်းရခင်က
  အောင်ပန်းညှိုး ရရှာတဲ့
  အောင်ဆန်းတို့ သေပုံ နှမြှော..။ ။
(ဆရာကြီးသခင်ကိုယ်တော်မှိုင်း)

From...The Express Times

No comments:

Post a Comment