*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 21 July 2014

Cold War ခေါ် စစ်အေး တိုက်ပွဲ




Cold War ခေါ် စစ်အေး တိုက်ပွဲ အဖြစ် အမေရိကန်-ဆိုဗီယက် အင်အား ယှဉ်ပြိုင် မှုကို နိုင်ငံရေး စိတ်ဝင် စားသူတွေ သိကြ ပါတယ်။ စစ်အေး ကာလ အင်အားစု ယှဉ်ပြိုင် မှုများ အနေ နဲ့ နိုင်ငံ ငယ်များ ကြားမှာ ပြည်တွင်း စစ်မီး များတောက်လောင် ခဲ့ပါတယ်။ 

အမေရိကန် သမ္မတ အိုင်ဆင်ဟောင်ဝါ ရဲ့ ဒိုမီနို သီအိုရီ ဟာဖြင့် တစ်ချိန် တစ်ခါ က ခေတ်စား ခဲ့ဖူးတဲ့ အယူ အဆ တစ်ခုပေါ့။ ဆိုလို တာက ဒီလို ကန်-ဆိုဗီယက် အင်အား ယှဉ်ပြိုင်မှု ဟာ ကမ္ဘာ့အရေးအခင်းတွေ ကို ဖြစ်ထွန်းစေတယ် ဆိုတာပါ။ ကိုယ့်တိုင်းပြည် လဲ အပါ အဝင်ပေါ့လေ။

ဒီလို အချိန်ကာလ မှာ ကနေဒီ လက်ထက် ကျူးဘား ဒုံးပျံ အရေးအခင်း စတင်ဖြစ်ပေါ်လာခဲ့ ပါတယ်။ 1962 ခုနှစ်အောက်တိုဘာ မှာပါ။ အောက်တိုဘာ အရေးအခင်း လို့လဲ ဆိုကြပါတယ်။ ဆိုဗီယက် ထိပ်သီးက ခရူးရှက်။ အဲ့ဒီ တင်းမာမှုကို ပြေလည်အောင် ကြိုးစားခဲ့သူ ကတော့ ဦးသန့် ပဲဖြစ်ပါတယ်။ အဲ့ဒီ အချိန်မှာ ဆိုဗီယက်ရေငုပ် သင်္ဘောတွေ ကို နျူ လက်နက် သုံးစွဲ ဖို့ အမိန့်ထုတ်ပြန် လိုက်ပြီဖြစ်ပါတယ်။ 




ေ အောက်တိုဘာ 24 ရက်နေ့ လုံခြုံရေးကောင်စီ ကို တင်ပြ တဲ့ အစီရင်ခံစာ ထဲမှာ ဒီ ကိစ္စဟာ လူသား မျိုးနွယ် အတွက် အဆုံး အဖြတ်ပေးမယ့် ကိစ္စ ဖြစ်သွားနိုင်တာ ကို လေးနက် စွာဖော်ပြခဲ့ပြီး နှစ်ဖက်ခေါင်းဆောင်တွေ ကို ချက်ခြင်း ဆွေးနွေး ညှိနှိုင်းကြ ဖို့ တိုက်တွန်း ခဲ့တာပါ။

ဆိုဗီယက် ဖက်ကနေ ကျူးဘားဆီ စစ် သင်္ဘောတွေစေလွှတ် တာကို လျှော့ချ ဖို့နဲ့ အမေရိကန် ဖက်ကလဲ အဲ့ဒီ သင်္ဘောတွေကို ရှာဖွေတာ ကိုလျှော့ချ ဖို့၊ နောက်ပြီး ကျူးဘား သမ္မတ နဲ့ ဝန်ကြီးချုပ် ကိုလဲ စစ်ရေး အတွက် တိုးချဲ့တာတွေလျှော့ချ ဖို့ တိုက်တွန်းခဲ့တာပါ။


 အောက်တိုဘာ 25ရက်နေ့ မှာတော့ ခရူးရှက် က ဦးသန့် ရဲ့ တိုက်တွန်း ချက်ကို လက်သင့်ခံ လိုက်ကြောင်း ရေးသား အကြောင်းပြန် ခဲ့ပါတယ်
 

သမ္မတ ကနေဒီ ကတော့ ဦးသန့် သတင်းစကား ကို လေးစားပေမယ့် ဆိုဗီယက် သဘောင်္တွေကျူးဘားရေ ပိုင်နက် ထဲမှာရှိနေသေးရင် အဖြေရှာလို့ မရနိုင်သေးကြောင်း အကြောင်းပြန် ခဲ့ပါတယ်။ 

ဆိုဗီယက် သင်္ဘောတွေ ဟာ အဲ့ဒီ အချိန်အထိ ကျူးဘား ဝန်းကျင်ဆီ ဦးတည် ခုတ်မောင်းနေ ခဲ့ပြီးအောက် တိုဘာ 27 ရက်နေ့ မှာအမေရိကန် လေယာဉ်တစ်စီး ဟာ ပစ်ချ ခြင်း ခံခဲ့ရပါတယ်။ အဲ့ဒီ အချိန်မှာ ဆိုဗီယက်ရေငုပ် သင်္ဘောတွေ ကိုကာကွယ်ဖို့ ဆိုတဲ့ အကြောင်းပြချက် နဲ့ ဆိုဗီယက် နျူ လက်နက် များကို သုံးစွဲ ဖို့ အမိန့် ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

အဲ့ဒီ ကာလမှာ ဦးသန့် က ခရူးရှက် ကို ကြားကန်င့်္သတ်ရေပိုင်နက် ကို ဆိုဗီယက် သင်္ဘောတွေ ခုတ်မောင်းနေတာ ကို ရပ်တန့်ပေးဖို့ နဲ့ ကနေဒီ ကို ရုရှား သင်္ဘောတွေ နဲ့ ထိပ်တိုက် စစ်ရေး အရ ပြဿ     နာ မ တက်အောင် ဖြစ် တဲ့နည်း နဲ့ ရှောင်နေ ဖို့ တိုက်တွန်း ခဲ့ပြီး ကနေဒီ က အဲ့ဒီ အကြံကို ချက်ခြင်း လက်ခံခဲ့ ပါ တယ်။ ခရူးရှက် ကလဲ ဦးသန့် အကြံပြုချက် ကို လက်သင့် ခံခဲ့ပြီး ပဋိပက္ခဖြစ်နိုင်တဲ့ နေရာ ကနေ ခေတ္တ ဖယ်ခွာပေး ဖို့ သဘောတူခဲ့ပါတယ်။

အဲ့ဒီနောက် မှာ ကနေဒီ နဲ့ ခရူးရှက် တို့ဟာ အပြန်အလှန် စာရေးဆက်သွယ် ခဲ့ကြပြီး ကျူးဘား ဒုံးပျံ အရေးအခင်း ကို ရပ်တန်င့်္နိုင်ခဲ့ ပါတယ်။ ဦးသန့် ဟာ အောက်တိုဘာ 30-31 မှာ ချေဂွေဗားရား ရဲ့ ရောင်း ရင်းကြီး ဖီဒယ်ကတ်စထရို ရဲ့ ဖိတ်ကြားချက် နဲ့ အတူ အလည် အပတ် ခရီးစဉ် အနေနဲ့ သွားရောက်ဆွေးနွေး ခဲ့ပါတယ်။

သမ္မတ ကနေဒီ ရဲ့ စာထဲမှာ .....

“The distinguished efforts of Acting Secretary-General U Thant have greatly facilitated both our tasks.”

ကုလ အထွေထွေ အတွင်းရေးမှုးချုပ်ဦးသန့် ရဲ့ ပြောင်မြောက် တဲ့ အားထုတ် မှုတွေက ကျွန်ုပ်တို့ နှစ်ဖက် စလုံး လုပ်စရာ ရှိတာတွေပြီးစီးအောင် အများကြီး ကူညီပေးခဲ့ တာပါ လို့ ဂုဏ်ပြုခဲ့ပါတယ်။

ထို့နောက် နှစ်ဖက်သော အစိုးရတွေ က ပူးပေါင်း ထုတ်ပြန် တဲ့ စာထဲမှာ .....

" On behalf of the Government of the United States of America and the Soviet Union, we desire to express to you our appreciation for your efforts in assisting our Governments to avert the serious threat to peace which arose in the Caribbean area."

"ကာရစ်ဘီယံ ပင်လယ်ဒေသ အတွင်းမှ ငြိမ်းချမ်းရေး ကို ခြိမ်းခြောက်နိုင်သည့် ဖြစ်ရပ် ဆိုးကြီး ဖြစ်လာခြင်း မှ ရှောင်လွဲ ရန် ကျွန်ုပ်တို့ အစိုးရများ ကို ကူညီပေးသည့် သင် ၏ စွမ်းဆောင်ရည် များ အတွက် အမေရိကန် အစိုးရ နှင့် ဆိုဗီယက်ယူနီယံ တို့ကိုယ်စား ကျွန်ုပ်တို့ က အထူးပင်ကျေးဇူးဥပကာရ တင်ရှိကြောင်း"

ဆိုပြီးရေးသားဖော်ပြ ခဲ့တာဖြစ်ပါတယ်။

ထိုစဉ် က လူသားမျိုးနွယ် နဲ့ ကမ္ဘာ့ ပါဝါခေါင်းဆောင်ကြီး နှစ်ဦးတို့ အကြား ဟန်ချက်ငြိမ်အောင် ဦးသန့် ဘယ်လို ကြိုးစားခဲ့ရတယ် ဆိုတဲ့ ကောက်နှုတ်ချက် အကျဉ်းလေးပဲဖြစ်ပါတယ်။

တန်ဘိုး သိမှ တန်ဘိုး ရှိတာ မို့  ဦးသန့်ရဲ့ Preventive Diplomacy အကြောင်း ကို ကုလ အထူး အစီရင်ခံစာ မှ ထုတ်နှုတ်ဖော်ပြပေး လိုက်တာ ဖြစ်ပါတယ်။

Myo Set

From...Facebook

No comments:

Post a Comment