*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 2 July 2014

ကျပ်ငွေ သိန်းတစ်ရာ နီးပါးရှိတဲ့ GPS နာရီ

YoYarLay's photo.
အများထက် နာရီ အချိန် မှာ တိကျမူ တစ်ခု ရှိတာ အားသာချက် တစ်ခုပါပဲ ။ VCXO Ox One လို့ အမည် ရှိတဲ့ နာရီ ဟာ GPS နည်း ပညာရယ် စက်နဲ့ ဆိုင်တဲ့ ရွေ့လျားမူ ပုံစံရယ် အဲဒီ နှစ်ခုကြား မှာ ရှိတဲ့ ပြိုင်ဘက် ကင်းမူ တစ်ခု အနေနဲ့ ပေါ်ထွက် လာခဲ့ပါတယ်။ 

GPS လို့ခေါ်တဲ့ အချိန် နဲ့ နေရာတွေ ကို ဂြိုလ်တု ကနေ စီစဉ်ပေးပြီး သိရှိစေ တဲ့ စနစ်ဟာ ဆိုရင် စကြာဝဋ္ဌာကြီး ရဲ့ အချိန် အားဖြင့် တိကျ မှန်ကန် မူ တစ်ခု လို့ ဆိုနိင်ပြီး နာရီ တော်တော် များများ ကလည်း ဒီလိုဖြစ်ဖို့ စိတ်ပါ ၀င်စားကြပါတယ်။

YoYarLay's photo.

VCXO Ox One ဟာ ဆိုရင် GPS ယူနစ် တစ်ခု ကို ထိပ်မှာ တပ်ဆင်ခြင်း နဲ့ အတူ ရောက်ရှိ လာခဲ့တာ ဖြစ်ပြီး ထို GPS နည်း ပညာ နဲ့ အတူ အချက်အလက်တွေ ကို လက်ခံ ရယူပြီး အချိန် ရဲ့ တိကျမူတွေ ကို နာရီ ထဲမှာ လုပ်ခွင့်ပြုထား ပါတယ်။ 

ထို နည်းပညာ ဟာ စကြ၀ဋ္ဌာကြီး ရဲ့ သက်တမ်း နည်း ပညာနဲ့ အတူတူ ဖြစ်ပါတယ်။ ထိုကြောင့် VCXO Ox One ကို ၀တ်ဆင် ထားမယ် ဆိုရင်တော့ နိင်ငံခြား သို့ သွားတဲ့နေရာတွေ မှာ အချိန်ကို တကူး တစ်က တိုက် စရာမလို ဘဲ လက်မှာ ပါရှိတဲ့ Magic bottom လို့ခေါ်တဲ့ ခလုတ် ကို နှိပ်ရုံ နဲ့ အချိန်တွေ တိကျစွာ ကို နိင်ငံ အလိုက် GPS ထောက်ပံ့မူ ဂြိုလ်တုတွေ ကနေ တစ်ဆင့် ရရှိနိင်မှာ ဖြစ်ပါတယ်။

နာရီ ရဲ့ ဖောင်ဒေးရှင်း အနေ နဲ့ ဆွီဇာလန် မိတ်TT-738 အော်တို ရွေ့လျားမူတွေ ကို သုံးပေး ထားပြီးအချိန် တိကျ မှန်ကန်မူ တွေ အတွက် နာရီ မရပ်သွားစေ ရအောင် ၅ရက် စာ အပြည့် ပါဝါ သီးသန့် ထားရှိ မူတွေ လည်း ပါဝင် ပါတယ်။ 

ဒါကြောင့် အားသိုလှောင်မူ ကို နှစ်မျိုး ဖွဲ့စည်း ထားတာကို တွေ့နိင်ပါတယ်။ အထင်ကြီး စရာ နောက် ထပ် နှစ်ခု ရှိပါသေးတယ် ဒါ ကတော့ COSC ဆို တဲ့ အချိန် အလွန် တိကျသော နာရီ အသိ အမှတ် ပြုခံ ခဲ့ရခြင်း နဲ့ တစ်ပြိုင်နက် နေ့ရက်တွေကို ပြောင်းလဲနိင်ခြင်း တို့ပဲ ဖြစ်ပါတယ်။ 

နာရီ အကျယ် ၄၆ မီလီမီတာ၊ အထူ ၉ လီမီတာ ရှိကာ ၀တ်ဆင် မူတွေ အတွက် အဆင်ပြေအောင် ပြုလုပ် ထားပေး ပါတယ်။ ကြော့ရှင်း လှပတဲ့ ဒီဇိုင်းတွေ နဲ့ ပုံမှန် နာရီတွေ ထက် ထူးခြား ကာ ရေအောက် ၃၀ မီတာ အထိ ၀တ်ဆင် သွားနိင်ပါတယ်။ 

သို့ပေမဲ့ ထွက်ရှိ ဖို့ အနည်းဆုံး (၆) လလောက် စောင့်ရဦး မှာ ဖြစ်ပြီး စွန်းထင်း မူ ကင်းတဲ့ စတီးသားတွေ နဲ့တွေ့ရှိ ရမှာ ဖြစ်ကာ ကြိုတင်အော်ဒါတွေ အတွက် ကတော့   $9,150,    $11,200 နဲ့    $41,150 မှာ ရှိပါ လိမ့်မယ်။



Ref: ablogtowatch

အောင်ဟိန်း (ရိုးရာလေး)

No comments:

Post a Comment