*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 10 August 2014

မြွေဟောက် များနှင့် အတူနေထိုင် ရင်း ပျော်ရွှင်နေသည့် (၁၁)နှစ် သမီးလေး

 
 
ကာဂျိုလ်ခန်း သည် အိန္ဒိယနိုင်ငံ မှ အသက်(၁၁)နှစ် အရွယ် မိန်းကလေးငယ် တစ်ဦးဖြစ်သည်။ သူမ သည် ကျောင်း တက်ပြီး အတန်းဖော် များနှင့် တွေ့ဆုံ ရခြင်းထက် နေအိမ် တွင် ရှိနေသည့် မိတ်ဆွေ များနှင့် သာ ဆော့ကစား လိုသူ ဖြစ်သည်။ 

သူမ၏ မိတ်ဆွေ များ ဆိုသည် မှာ အလွန် အဆိပ်ပြင်းသည့် မြွေဟောက်ကြီး များ ဖြစ်ကြသည်။
အူတာပရာဒက်ရှ် ရှိ ဂါတမ်ပွာ မှ မိန်းကလေးငယ် သည် သေဆုံးစေ သည် အထိ အဆိပ်ပြင်း ထန်သော မြွေဟောက်ကြီး များ ၏ ကိုက်ခဲမှု ကို အကြိမ် အချို့ ခံစား ခဲ့ရဖူးသည်။ 

သို့သော်လည်း မိသားစု ပိုင် ကုသ နည်း တစ်ရပ်ကြောင့် သူမ သည် အသက် မသေဘဲ ပြန်လည် ကျန်းမာ လာလေ့ ရှိသည်။ ကာဂျိုလ် သည် အိပ်ခန်း ထဲတွင် မြွေဟောက်ကြီး များကို ထားရှိ ပြီး အတူစား၊ အတူ အိပ်သူ ဖြစ်သည်။


 
“ သမီးက မြွေဟောက်ကြီးတွေ နဲ့ နေရတာ အရမ်းပျော် တယ်။ သူတို့ ကိုက်ရင် နာတော့ တော်တော်နာ တယ်။ ဒါပေမဲ့ တစ်ခါ တစ်လေ က သမီးက သူတို့ ကို သွားစ လို့ အကိုက်ခံရ တာပါ။ သူတို့ ကို စရ တာ ပျော် စရာကောင်းတယ်”ဟု ကာဂျိုလ် က ဆိုသည်။ 

သူမ ၏ ဖခင်ဖြစ်သူ တာ့ဂ်ျ မိုဟာမက် သည် ဂါတမ်ပွာ တွင် မြွေဖမ်း သူ တစ်ဦး အဖြစ် (၄၅)နှစ်ကြာ အသက်မွေး ခဲ့သူ ဖြစ်သည်။ ၎င်း သည် မြွေများ ကို ကိုင်တွယ် မှု အတတ် ပညာကို အသက်(၃၁)နှစ်ရှိ သားကြီး ဂါလက်ဘ် ထံ လက်ဆင့်ကမ်း သင်ကြားပေး ခဲ့သည်။ သို့သော် ယခု အခါ (၁၁)နှစ် သမီးလေး ကာဂျိုလ် ကပါ မိသားစု အမွေကို ဆက်ခံနိုင်စွမ်း ရှိနေကြောင်း လက်တွေ့ ပြသ လာနိုင်ခဲ့သည်။

 

သူမ က ကျောင်း မတက် လိုဘဲ မြွေ အလမ္ပာယ် ဆရာမလေး တစ်ဦး သာ ဖြစ်လာ ရန် ဆန္ဒရှိကြောင်း လည်း ဖွင့်ဟခဲ့သည်။ “သမီးကျောင်း မသွားချင် ပါဘူး။ မြွေတွေ နဲ့ အလုပ်လုပ် ရတာပဲ ကြိုက်တယ်”ဟု ကာဂျိုလ် က ပြောကြား ခဲ့သည်။ 

ကာဂျိုလ် သည် ဝမ်းဗိုက်၊ ပါးနှင့် လက်မောင်း တို့တွင် မြွေဟောက် အကိုက် ခံရ ဖူးသော်လည်း သူမနှင့် အဆိုပါ အဆိပ်ပြင်း တွားသွား သတ္တဝါများကြား ဆက်ဆံရေး သည် တဖြည်းဖြည်း တိုးတက် လာခဲ့သည်။ ကာဂျိုလ် သည် မြွေဟောက် ကိုက်ခြင်း ခံရသည့်နောက် အပြင်းအထန် နာမကျန်း ဖြစ်ခဲ့ ဖူးသော် လည်း နောက် ပိုင်း တွင် အပြည့် အဝ ပြန်လည် ကျန်းမာ သက်သာ လာသည်။

“မြွေဟောက် ကိုက်တာ နာတော့ နာတာပေါ့။ ဒါပေမဲ့ သူတို့ က သမီးကို နာစေချင် တဲ့ သဘောတော့ မဟုတ် ပါဘူး။ သွေးတွေ ထွက်လာတာ မြင်ရတော့ သမီး နည်းနည်း ကြောက် သွားသေးတယ်။ ဒါပေမဲ့ ဖေဖေက သမီး ကို ကုပေးပါတယ်။

 တောထဲကို အမြန် သွားပြီး ဆေးပင်တွေ ယူလာပေးတယ်လေ”ဟု ကာဂျိုလ် က ရှင်းပြခဲ့သည်။ ကာဂျိုလ်၏ ဖခင် သည် မြွေများနှင့် ပတ်သက် ၍ အလွန်ကျွမ်းကျင် ဗဟုသုတ ရှိသူတစ်ဦး အဖြစ် ချီးကျူးး သတ်မှတ် ခံရ သူ ဖြစ်သည်။ 

၎င်းသည် နေအိမ် များနှင့် ဆိုင်ခန်းများ ထဲ ကျူးကျော် ဝင်ရောက်နေသည့် မြွေဟောက် များကို ဖမ်းဆီးပေးလေ့ ရှိပြီး မြွေ တစ်ကောင် ဖမ်းတိုင်း ဗြိတိန်ငွေ (၁၄)ပေါင် မျှ ဝန်ဆောင်ခ ကို ရရှိတတ်သည်။

“အိမ်တွေထဲ လမ်းမှားပြီး ဝင်သွား တဲ့ မြွေတွေ ကို လိုက်ဖမ်းပေးပြီး ဒေသခံတွေ ကို ကျွန်တော် တို့က ကူညီပေးနေ တာပါ။ ကျွန်တော့် အဖေ က မြွေဖမ်း တဲ့ ပညာရှင် ပါ။ ကျွန်တော့် အဖိုးလည်း တူတူ ပါပဲ”ဟု ကာဂျိုလ်၏ ဖခင် တာ့ဂ်ျ က ဆိုသည်။ 

၎င်းက မြွေဟောက်၏ အဆိပ်ကို ဖြေနိုင်သည့် ဆေး ကို တောထဲ တွင် အလေ့ကျပေါက်သည့် အပင် တစ်ပင် ၏ အရွက်မှ ထုတ်ယူကြောင်း ပြောကြား ခဲ့သော်လည်း မည်သည့် အပင် ဆိုသည် ကိုမူ ထုတ် မပြော ခဲ့ချေ။ ယင်းသည် မိသားစု မျိုးရိုး စဉ်ဆက် လျှို့ဝှက်ချက် တစ်ခု ဟုလည်း သိရသည်။

 

“လိုအပ် တဲ့ ဆေးပင် ပမာဏကို အချိန်တို အတွင်း ရနိုင် ဖို့ပဲ လိုတယ်။ ဒါဆို မြွေဟောက် အကိုက် ခံရ လည်း ခင်ဗျား အသက်ကို ကယ်နိုင် မှာပဲ။ ကျွန်တော် ဒီလို နည်းနဲ့ အကြိမ်ကြိမ် အသက်ဘေးက လွတ် ခဲ့တယ်။ 

ကာဂျိုလ် ကိုလည်း ခဏခဏ ကယ်ခဲ့ ဖူးတယ်”ဟု တာ့ဂ်ျက ဆိုသည်။ ကာဂျိုလ် သည် မြွေ များနှင့် ပျော် ရွှင်နေတတ်သော် လည်း သူမ ၏ မိခင် ဆယ်လ်မာဘာနို က သမီးဖြစ်သူ ကို မြွေအလမ္ပာယ် အသိုက် အဝန်း မှ ထွက်ခွာစေလိုကြောင်း ဖွင့်ဟ ခဲ့သည်။

“သမီး ကို တခြားကလေးတွေ လိုပဲ ကျောင်းတက်စေချင် တယ်။ ကျွန်မ ရဲ့ စိတ် အတိုင်းသာ လုပ်ခွင့် ရမယ် ဆိုရင် အဲဒီမြွေတွေ ကို ဖယ်ရှား လိုက်ချင်တယ်။ ဒါပေမဲ့ သမီးလေး က မြွေတွေ ကို ချစ်တယ်လေ။ သမီးလေး စိတ်မကောင်း ဖြစ်သွားအောင် ကျွန်မ မလုပ်ရက် ပါဘူး”ဟု ဆယ်လ်မာ က ပြောကြားခဲ့သည်။ 

သူမ က ကာဂျိုလ် အနေဖြင့် ပညာ သင်ရန် လုံးဝ စိတ် မဝင်စားဘဲ တစ်နေကုန် မြွေ များနှင့် ဆော့ ကစားနေခြင်း ကိုမူ စိတ်ပျက်ကြောင်း ဝန်ခံခဲ့သည်။ “သမီး ကို စာသင် ဖို့ ကျွန်မ အစွမ်းကုန် ကြိုးစားပါ တယ်။ အိမ်မှာ ပဲဖြစ်ဖြစ် ပညာသင် ဖို့ပေါ့။ ဒါပေမဲ့ သမီးက မြွေတွေက လွဲရင် ဘာကို မှ စိတ်မဝင်စား ဘူး”ဟု ဆယ်လ်မာ က ဆိုသည်။

 

သူမ က ကာဂျိုလ် ၏ မြွေများ အပေါ် စွဲလမ်းမှု သည် အနာဂတ် ဘဝအပေါ် ထိခိုက် သွားမည်ကိုလည်း စိုးရိမ် လျှက် ရှိသည်။ “တစ်ချိန်ချိန် မှာ သမီးလေး ဟာ သင့်တော် တဲ့ ခင်ပွန်း တစ်ယောက် ရှာဖွေ ရမှာ ပဲလေ။ ခက်တာ က သူက မြွေတွေ နဲ့ ကစား ဖို့ပဲ စိတ်ကူးနေတယ်”ဟု သူမ က ညည်းညူခဲ့သည်။ 

ကမ္ဘာပေါ် တွင် အဆိပ် ရှိသောမြွေ များ ကိုက်ခဲ မှုကြောင့် နှစ်စဉ် လူပေါင်း(၅၀၀၀) ဝန်းကျင် မျှ သေ ဆုံးလေ့ ရှိကြောင်း သိရှိရသည်။

Ref: Dailymail
7day daily
From...Search Myanmar
 

No comments:

Post a Comment