နယူးဒေလီ က ကလေးငယ် မိခင်တစ်ယောက် ကို အကြီး အကျယ်ရှော့ရ သွားစေတဲ့ မြင် ကွင်း ကတော့ အငွေ့တစ်ထောင်းထောင်း၊ ပွက်ပွက် ဆူနေတဲ့ သကြားရည် အိုးကြီး ထဲကို သူ့ရဲ့ ကလေး ငယ်ပြုတ် ကျ သွား တာပါပဲ။
ကလေးငယ်လေး က အရှင် လတ်လတ် နဲ့ တကယ့်ကို ပူလောင် လွန်းတဲ့ ငရဲ ထဲကို ကျ သွား သလို ခံစား သွား ရမှာပါ။
ထရီလိုကတ်ပူရီ မြို့တော် လမ်းကြားလေး ထဲ ရဲ့ မုန့်ဆိုင် တစ်ဆိုင်ရှေ့ မှာ မိခင်ဖြစ်သူ ပင်ကီ က သုံးနှစ် အရွယ် သူ့ရဲ့ သားလေး ကိုချီထား ပြီး ဈေးဝယ်နေခိုက် အနောက် မှ လျှပ်စစ် လက်ဆွဲ ယာဉ် တစ်စီးက အရှိန် နဲ့ဝင်တိုက် ခဲ့တာရာ မှ ကိုယ်ဟန်ချက် ကို မထိန်း နိုင်ခဲ့ ဘဲ လက်ထဲက ကလေး ကအောက်ပြုတ် ကျသွား ခဲ့ကာ ဘေးမှ သကြားရည် အိုး ထဲပြုတ်ကျသွား ခဲ့ခြင်းဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ တစ်ဝန်းလုံး မှာ အကောင်းဆုံး အချိုမုန့်တံဆိပ် တစ်ခု က မုန့်လုပ်ရန် အတွက် သကြားရည် ကျိုနေ တာဖြစ်ပြီး အိုးထဲ ကျသွားတဲ့ ကလေးငယ် ကို ပင်ကီ က အိုးထဲ ကို လက်နှိုက်ကာ အလျင် အမြန် ဆယ်ယူ ခဲ့ကာ ကလေးငယ် ခန္ဓာကိုယ် တစ်ခုလုံးမှာ သကြား ရည်လောင်ကျွမ်း သွားတဲ့ အပြင် သူမ ရဲ့လက်တစ်ချောင်းလုံး လည်း အပူလောင် သွား ခဲ့ကာ သား အမိနှစ်ယောက်လုံး ကို ပတ်ဝန်းကျင် ကလူတွေ က ဆက်ဖ်ဒါဂျန် ဆေးရုံ သို့အလျင် အမြန်ပို့ဆောင်ပေးခဲ့ပါတယ်။
ထို့နောက် အခင်းဖြစ်ပွားမှု မှာ အဓိက ပါဝင် ပတ်သက်သူဖြစ်တဲ့ လျှပ်စစ် စက်ဘီး စီးနင်း သူကို ရဲတပ်ဖွဲ့ ၀င်မှ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီးတော့ မုန့်အချို လုပ်တဲ့ လုပ်ငန်း ကို လည်း အများပြည်သူ အသုံးပြုတဲ့ လမ်းမ အလယ်မှာ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း အ တွက် ကိုယ်ကျိုး ရှာ စည်းကမ်းမဲ့ပြုလုပ် မှုနဲ့ သတိပေး အရေးယူ ထားပါတယ်။
http://www.dailymail.co.uk/news/article-2712892/Three-year-old-boiled-alive-knocked-mothers-arms-speeding-rickshaw-falling-pot-heated-sugar-syrup-outside-Indian-sweet-shop.html#v-3708075580001
credit: phothutaw
From...www.myanmarlatestnews.com
No comments:
Post a Comment