*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 5 August 2014

ရန်ကုန် တွင် လှုပ်ခတ် ခဲ့သော အင်အား ရစ်ခ်ျတာ စကေး ၄ ရှိ ငလျင်ကြောင့် သင်္ဃန်းကျွန်းမြို့နယ် အတွင်းမှ ကန်ထရိုက် တိုက်သစ် နှစ်လုံး တိမ်းစောင်းမှုဖြစ်ပွား

DSC_6792mmk 
  
ငလျင် လှုပ်ခတ် မှုကြောင့် အနည်းငယ် တိမ်းစောင်း သွားသော တိုက်နှစ်လုံး အား တွေ့ရစဉ်
 
ဩဂုတ် ၄ ရက် က ရန်ကုန် တွင် လှုပ်ခတ် ခဲ့သော အင်အား ရစ်ခ်ျတာ စကေးလေး ရှိ ငလျင်ကြောင့် သင်္ဃန်းကျွန်းမြို့နယ် စံပြဈေး အနီး စံပြ ၅ လမ်း အတွင်းရှိ တိုက် အမှတ် ၁၁၈၊ ၁၁၉ အထပ်မြင့် တိုက်သစ်နှစ် လုံး တိမ်းစောင်း မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
 
ငလျင် လှုပ်မှုကြောင့် တိမ်းစောင်း သွားသော တိုက်နှစ်လုံး အား စည်ပင် သာယာနှင့် တာဝန် ရှိသူများ က လာရောက်ကြည့်ရှု ခဲ့ကြောင်း သိရသည်။
 
“တိုက်တွေ ကတော့ ဆောက်လုပ်ပြီး တာ တစ်နှစ်ကျော်လောက် ရှိနေ ပါပြီ။ တိုက်တွေ ကတော့ လူနေ ထိုင် ခွင့် ပါမစ် မရသေး ပါဘူး။ ဒါပေမဲ့ နားလည် မှုနဲ့ အိမ်ထောင်စု ငါးစုလောက် နေနေကြပါတယ်။ 
 
သက်ဆိုင်ရာ ကတော့ လာကြည့် သွားပါတယ်၊ အခု ဘယ်တိုက် က စောင်းနေလဲ ဆိုတာ စစ်ဆေးနေကြ ပါတယ်” ဟု အဆိုပါ ရပ်ကွက်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
 
အဆိုပါ တာဝန်ရှိသူ မှ ဆက်လက် ၍ “တိုက်က တစ်တိုက်နဲ့ တစ်တိုက်ကြား ထဲမှာ တစ်ပေ ကျော် ကွာနေ ပါတယ်။ ငလျင် လှုပ်တော့ အပေါ်ပိုင်း က လုံးလုံး ကိုထိသွား တာပါ။ တိုက် က တဖြည်းဖြည်းနဲ့ လဲသွား တာကို လူတွေက ဝိုင်းကြည့်နေ ကြပါတယ်” ဟု ဆိုသည်။
 
အဆိုပါ အထပ်မြင့် တိုက် ၁၁၉ တွင် နေထိုင်သူ တစ်ဦးက “ ညနေ ၄ နာရီ ထိုးကာနီး မှာ မူးကနဲ ဖြစ် သွားတယ်။ အောက် ကနေသူတွေ ကတိုက်ပြိုတော့ မယ် လို့ပြောတော့ အောက်ကို ဆင်းပြေးရတယ်။
 တော်သေးတာပေါ့ ဘာမှမဖြစ်လို့” ဟု ဆိုသည်။
 
သင်္ဃန်းကျွန်းမြို့နယ် အတွင်း ရှိ  ကန်ထရိုက် အဆောက် အအုံ ၅ဝဝ ခန့် မှာ မြို့နယ် စည်ပင်သာယာ ၏ တားမြစ်ခြင်း ခံထားရကြောင်း သိရသည်။
 
 အဆိုပါ အထပ်မြင့် တိုက်နှစ်လုံး သည် ခြောက်လွှာ အမြင့် ရှိပြီး သံလွင်ဆောက်လုပ်ရေး Pile foundation မှ တာဝန် ယူဆောက် လုပ်ခဲ့ကြောင်း လူနေထိုင်ခွင့် ပါမစ်အတွက် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ သို့ တင်ထားကြောင်း သိရသည်။
 
အဆိုပါ လှုပ်ခဲ့သော ငလျင် သည် ညနေ ၃ နာရီ ၄၁ မိနစ် က ရန်ကုန်မြို့ ကို ဗဟိုပြု၍ အင်အား ရစ်ချက်ရ်တာ စကေး လေး အဆင့်ရှိပြီး ရန်ကုန်မြို့နေရာ အနှံ သိသာ စွာ သက်ရောက် ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ သိရသည်။

Eleven Media
From...Myanmar Latest News

 

No comments:

Post a Comment