*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 5 August 2014

တရုတ် အမျိုးသား တစ်ဦး အစာအိမ်ရောင် လို့ ဆေးရုံ သွားပြရာ ကနေ သူဟာ တကယ်တော့ မိန်းမ တစ်ယောက်ဖြစ်နေကြောင်း သိရှိ သွားခဲ့ရ

 
 
တရုတ် အမျိုးသား တစ်ဦးဟာ ဗိုက်အောင့် ဒဏ်ကို ခံစားနေ ရပြီး ဆီး ထဲတွင် သွေးများ ပါလာတဲ့ အတွက် ဆရာဝန် ကို သွားပြရာ ကနေ သူဟာ အမျိုးသမီး စင်စစ် ဖြစ်နေပြီး ဓမ္မတာ လာနေခြင်းဖြစ်ကြောင်း ကို သိရှိ ခဲ့ရပြီး အံ့သြ မှင်သက် ခဲ့ရပါတယ်။

အသက် ၄၄နှစ် အရွယ် အိမ်ထောင် ရှိသူ ယင်း အမျိုးသားဟာ Zhejiang ပြည်နယ် မှာ နေထိုင်သူ ဖြစ်ပြီး Yongkang မှာ ရှိတဲ့ ဆေးရုံ တစ်ရုံမှာ သူ့ မိန်းမ နဲ့ အတူ သွားပြခဲ့ပြီးနောက် သူဟာ ဘ၀ တစ်လျှောက် လုံးမှာ မိန်းမဖြစ်နေ ခဲ့တယ်ဆိုတဲ့ တုန်လှုပ် စရာ ရှာဖွေတွေ့ ရှိမှု ကို လက်ခံခဲ့ရပါတယ်။


အနုလုံ ပဋိလုံ စစ်ဆေး စမ်းသပ်ပြီးတဲ့နောက် မှာ ၄င်း မှာ ကျား အင်္ဂါ အပြင် ပြီးပြည့်စုံ တဲ့ မ အင်္ဂါ အစုံ လိုက် ပါရှိနေတာ ကို ဆရာဝန် များက ရှာဖွေတွေ့ ရှိ ခဲ့ကြပါတယ်။ 

ယင်း ကျားအင်္ဂါ ကို အသုံးပြုပြီးတော့ ၄င်း ရဲ့ မိန်းမ နဲ့ ဆက်ဆံ လာခဲ့ တာလည်း ၁၀ နှစ်လောက် ရှိပြီလို့  ၄င်း ကတော့ ဆိုပါတယ်။

ဆရာဝန်တွေ ကတော့ ဒီ အချက် ကို သံသယ ရှိနေပါတယ်။ သူ့ ရဲ့ လိင် အင်္ဂါ အစိတ်အပိုင်းတွေဟာ အခြား လူတွေ နဲ့  မတူ ကွဲပြားနေပြီး သူ့ မှာ လည် ဇလုတ် ပါမလာတာ ကို ဆရာဝန်တွေ က တွေ့ ရှိ ခဲ့ပါတယ်။


 Doctors told him that his stomach ache was actually his monthly period 

Yongkang ပြည်သူ့ ဆေးရုံ မှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦး ရဲ့ အဆို အရ မစ္စတာချန်း ဟာ မိန်းမ တစ်ယောက်ဖြစ်နေ တယ် ဆိုတာကို ဆရာဝန်တွေ က မယုံနိုင် ခဲ့ကြဘူး လို့ သိရပါတယ်။” သူဟာ ဆံပင် အတို ထားပြီး ယောက်င်္ကျား အ၀တ် အစားတွေကို လည်း ၀တ်ဆင်ထားတယ်။ 

ဒါကြောင့် အစ ကတော့ သူဟာ မိန်းမ တစ်ယောက့် ဖြစ်နေ လိမ့်မယ်လို့  ကျွန်တော် တို့ ထင်မထားခဲ့ဘူး” လို့  ၄င်းက ဆိုပါတယ်။


ဒါပေမယ့်လည်း မစ္စတာ ချန်ကတော့ သူ့ မျက်နှာ နဲ့ ခြေထောက်တွေ ဖောင်းရောင် လာပြီး မောပန်းနွမ်း နယ်နေ သလို ဖြစ်လာတဲ့ အခါမှာ သူတစ်ခု ခုတော့ဖြစ်နေပြီ ဆိုတာကို သ်နေ ခဲ့တယ် လို့ ဆိုပါ တယ်။ ပိုဆိုး တာက ၄င်းရဲ့ ဆီးထဲ မှာ သွေးတွေ ပါလာ တာလို့ လည်းဆိုပါတယ်။

ဓာတ်မှန် ရိုက် စစ်ဆေး သည့် အဖြေ အရ သူ့ မှာ သားအိမ် နဲ့ သားဥ များရှိနေကြောင်း လည်း တွေ့ ရှိ ရပါတယ်။အဲ့ဒီ အတော အတွင်းမှာ ခရိုမိုဇုန်း လို့ ခေါ်တဲ့ ဗီဇမျှင်တွေ ကို စစ်ဆေး ရရှိတဲ့ ရလာဒ် ကလည်း မစ္စတာချန်း မှာ သူ့ကို မိန်းမဖြစ်ကြောင်း သေချာစေတဲ့ XX သဏ္ဍန် ဗီဇမျှင်တွေ ရှိနေတယ် လို့လည်း ညွှန်းဆိုနေ ပါတယ်။







 The man had a full set of female reproductive organs along with a penis


မစ္စတာချန်း ဟာ Congenital Adrenal Hyperplasia လို့ ခေါ် တဲ့ စထရပ်စ် ဟော်မုန်း ဓာတ် ထုတ်လွှတ်မှု နည်းပါပြီး ကျားဟော်မုန်းဓာတ်တွေ ထုတ်လွှတ်မှု များပြားနေခြင်းကြောင့် ကျောက်ကပ် အပေါ်ကပ်လျှက်ရှိ adrenal အရည် ထုတ် ဂလင်းတွေ ရောင်ကိုင်း လာစေတဲ့ မျိုးဗီဇ ဆိုင်ရာ ရောဂါ တစ်မျိုးကို လည်း ခံစားနေ ရပါတယ်။

သူရဲ့ ကျောက်ကပ် အပေါ် ရှိ adrenal အရည်ထုတ် ဂလင်း ထဲမှာ ဖြစ်နေတဲ့ အကျိတ် ကို ခွဲထုတ် ဖယ် ရှားပေးခဲ့ ပါတယ်။ ဒီရောဂါဖြစ်ရပ်မျိုး ဟာ အလွန် အမင်း ရှားပါးပြီး မစ္စတာချန်း ဟာ ကျား၊မ လိင်၂ မျိုးပါ ပုဂ္ဂိုလ် တစ်ဦးဖြစ်နေတာလား မဖြစ်ဘူးလား ဆိုတာကို အတည်တော့ မပြုရသေးပါဘူး။ 

ဒါပေမယ့် သူ့ မှာ လိင် အင်္ဂါ၂ မျိုး ပါလာ သလိုမျိုးတော့ဖြစ်နေပါတယ်။ မစ္စတာချန်း ဟာ ဒီအချိန် မှာ ဒီလို မျိုး ပုံမှန် မဟုတ်တဲ့ ရောဂါ အတွက် ခွဲစိတ်ကုသမှု ခံယူဖို့ နောက်ကျ လွန်းနေပြီလို့  ဆရာဝန်တွေ က ဆိုပါ တယ်။ 

အကြောင်း ကတော့ ဒီလို ခွဲစိတ်ကုသမှု မျိုးဟာ ငယ်ရွယ်စဉ် အချိန် မှာပဲ လုပ်ဆောင် ရတာမျိုး ဖြစ်တဲ့ အတွက်ကြောင့် ပါပဲ။

Ref: dailymail.co.uk
trend Myanmar
From...Myanmar Online News

 

No comments:

Post a Comment