*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 16 August 2014

ဓမ္မစေတီခေါင်းလောင်း ဆယ်ယူမှု ၇ ရက်မြောက်နေ့ တွင် ထူးခြားမှုဖြစ်ပေါ်

 


ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူမှု သတ္တမ မြောက်နေ့ တွင် ခေါင်းလောင်းကြီး ဆယ်ယူ သည့် နေရာ အထက် မိုး ကောင်းကင်ပေါ် တွင် တိမ်တိုက်များ က ခေါင်းလောင်း ပုံသဏ္ဌာန် ထူးခြားစွာ ဖွဲ့စည်းဖြစ်ပေါ် ခဲ့သည့် ဖြစ်ရပ် တစ်ခု ပေါ်ပေါက် ခဲ့ကြောင်း လာရောက် ကြည့်ရှု သည့် ရဟန်း ရှင်လူပြည်သူ အပေါင်းက ဆိုသည်။

”ပထမ စက်ဝိုင်း ပုံသဏ္ဌာန်ပေါ် ပြီး တဖြည်းဖြည်း နဲ့ခေါင်းလောင်းပုံ သဏ္ဌာန်ပေါ်လာတာ။ အချိန် က ခဏ လေးပဲ။ သုံးမိနစ်လောက်တော့ ကြာ မယ်ထင်တယ်”ဟုခေါင်းလောင်း ဆယ် ယူနေမှု အား ဒလ မြို့နယ် မှလာရောက် ကြည့်ရှုသည့် အသက် ၆၇နှစ် အရွယ် ဦးဇော်မြင့် က ဆိုသည်။
 


ဓမ္မစေတီခေါင်းလောင်းတော် ကြီးအား ဆယ်ယူနေစဉ် သြဂုတ်လ ၁၄ ရက် သတ္တမမြောက်နေ့ ညနေ ၃ နာရီ တိတိတွင် ခေါင်းလောင်းတော် ကြီး ဆယ်ယူနေသည့် မိုးကောင်းကင် အလယ် တည့်တည့် တွင် တိမ်တိုက် များ က ခေါင်းလောင်းပုံ သဏ္ဌာန်၊ အချိန်အားဖြင့် ၅မိနစ် ခန့် ဖြစ်ပေါ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

”ခေါင်းလောင်းကြီး ဆယ်ယူနေ တုန်း ဒီလို ထူးခြားမှုဖြစ်စဉ်တွေဖြစ် လာမယ် ဆိုတာကို ကြိုတွက် ထားပြီး သားပါ။ ဒါကြောင့် ဒီ လက္ခဏာ က ကောင်းမွန်တဲ့ လက္ခဏာ တစ်ခုဖြစ်ပါတယ်။ ခေါင်းလောင်းတော် ကြီးပြန် ဆယ်ယူ ရရှိမယ် လို့ယုံလဲ ယုံကြည်ပါ တယ်” ဟု ပဲခူး မှ လာရောက်ကြည့်ရှု သည့် ဒေါ်စန်းစန်းမြင့် က ဆိုသည်။

Credit : Yangon Media Group
From...Search Myanmar

 

No comments:

Post a Comment