*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 16 August 2014

ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတိ္တ ရုပ်ရှင် ကို ကြိုဆိုပါသည်



 
မြန်မာပြည်သူပြည်သား အားလုံး က စိတ်ဝင် တစားဖြစ်နေသော ဗိုလ်ချုပ် အောင်ဆန်း အတ္တူပ္ပတိ္တ ရုပ်ရှင် ဇာတ်ကား ကြီးကို  ရိုက်ကူးတော့မည် ဆိုသော သတင်း ကို ကြားသိရသော အခါ ၀မ်းသာကြည်နူး ရပါ သည်။
 
 ဟောလီဝုဒ် ၌ ရုပ်ရှင် အကယ်ဒမီ ဆုများ ရရှိခဲ့သော အိနိ္ဒယခေါင်းဆောင် မျိုးချစ် ပုဂ်္ဂိုလ်ကြီး “မဟတ္တမ ဂနီ်္ဓ ရုပ်ရှင် ကားကြီးထွက်ပေါ် လာခဲ့စဉ် ကလည်းကောင်း၊ အိနိ္ဒယနိုင်ငံ မှ ရိုက်ကူးသော “ ချန်ဒရာဘို့” ရုပ်ရှင် ကားကြီး ထွက်ပေါ်လာစဉ် ကလည်း ကောင်း၊ ကျူးဘားတော်လှန်ရေး သမား ကြီး“ချီဗွေဗားရား”ရုပ်ရှင် ကားကြီး ကို ကြည့်ခဲ့ ရစဉ် ကလည်းကောင်း အံ့သြခြင်း များစွာဖြစ်ခဲ့ ရသည်။
 
ယခု လွတ်လပ်ရေး ၏ ဖခင်၊ အမျိုး သားခေါင်းဆောင်ကြီး၊ ပြည်သူ များ၏ ရင်တွင်းက ဘယ်တော့ မှမေ့ဖျောက် ၍ မရသော အသည်းနှလုံး ဟု ဆိုရမည့် ဗိုလ်ချုပ်အောင်ဆန်း ၏ အတ္တူ  ပ္ပတိ္တဇာတ် ကား မြန်မာနိုင်ငံ တွင်ရိုက်ကူးပြ သလျှင် အဘယ်မျှကောင်းလိုက်လေမည်နည်းဟု တွေးခဲ့ဖူးသည်။
 
ယခုမြန်မာနိုင်ငံမှ ရုပ်ရှင် ပညာရှင် များက ဗိုလ်ချုပ်အောင်ဆန်း အတ္တူ  ပ္ပတိ္တ ရုပ်ရှင် ဇာတ်ကား ကိုရိုက် ကူး တော့မည် ဟု သိရသော အခါ ရင်ထဲ မှ ဆန္ဒများပြည့်ဝတော့မှာ ပါလား ဆိုသည့် အတွေးဖြင့်ပျော်နေ မိသည်။
 
ကျွန်တော် ငယ်စဉ် က ဦးလေး (အဒေါ် ၏ ယောက်ျား) က သုံးဆယ်မြို့ မှ ရှိန်ရုပ် ရှင်ရုံ (ယခု ရတနာဝင်း အဆင့်မြင့် ရုပ်ရှင် ရုံ) ၏ မန်နေဂျာဖြစ် သဖြင့် ရုပ်ရှင် တစ် ကားကို တစ်ခါ က မက ကြည့်ခဲ့ သူဖြစ်၍ ရုပ်ရှင် ကိုနှစ်ခြိုက်သည်။ စာရေး ဆရာ ဖြစ်လာသော အခါ ရုပ်ရှင် ဆရာသမား များ ထံမှ ရုပ်ရှင် ဇာတ်ညွှန်းရေး နည်းပညာ ကိုသင်ယူခဲ့သည်။
 
သည်တော့ ရုပ်ရှင်နှင့် ပတ်သက် ပြီး မစိမ်း ဟု ဆိုရပါမည်။ ကျွန်တော်ရေးခဲ့သည့် ၀တ္တူ  တိုများ ကို ဗီဒီယို ဇာတ်ကားများ ရိုက်ကူး ခဲ့ရသည် များလည်း ရှိခဲ့သည်။ ၀တ္တူ  တစ်ပုဒ် ကို ဗီဒီယို ဇာတ် လမ်းရိုက်ကူး လိုက်သည့် အခါ မူလဇာတ် လမ်း အားကောင်း သွားခြင်း၊ အားနည်း သွားခြင်း ကို ဝေဖန် သုံးသပ် တတ် လာပါ သည်။
 
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ကားကြီး ရိုက်ကူးတော့မည် ဟု ကြားသိရသော အခါ ကျွန်တော့် ရင်ထဲတွင် ခံစားနေသော ဆန္ဒ များ ကို အနည်းငယ်မျှလောက်သော ရုပ်ရှင် ပညာလေးဖြင့် ဖြည့်စွမ်းပေးချင် မိ သည်။ ပညာရှင်ကြီးများ အနေဖြင့် စာနာ ခွင့်လွှတ်ပေးစေချင် ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ရုပ်ရှင် ဆက်စပ် ခဲ့ဖူးသည် ကို စာအုပ် တစ်အုပ် ထဲ တွင် ဖတ်ဖူး ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း သည် လည်း ရုပ်ရှင် ချစ်သူ တစ်ဦးဖြစ် ကြောင်း သိခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်း ၏ အတ္တူ ပ္ပတိ္တ စာအုပ်တစ်အုပ် ထဲ၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် အပါးတော်မြဲ ဗိုလ်ထွန်း မှ (စာရေး ဆရာ တက္ကသိုလ် နေ၀င်း၊ ရုပ်ရှင်သရုပ်ဆောင်လည်းလုပ်ခဲ့ သူ) တို့ အပန်းဖြေ ရုပ်ရှင်ကြည့်ခဲ့ပုံ ကို ဖတ် ခဲ့ရ သည်။
 
စစ်အတွင်း က ရုပ်ရှင် ပညာရှင် များ ရုပ်ရှင် မရိုက်ရသောကြောင့် ပြဇာတ် များ ကပြ ခဲ့ရာ မြိုင်ရုံတွင် တင်ဆက် ကပြ ခဲ့သော ဒါရိုက်တာ ရွှေဒုံးဘီအောင် ၏ “တကယ့် စစ်သား”ပြဇာတ် ကို ဗိုလ်ချုပ်အောင်ဆန်း က လာရောက်ကြည့်ရှုပြီး သဘောကျနေ ပုံကို ဖတ်ခဲ့ ရဖူးသည်။
 
 နှစ်ဆယ့် ငါးနှစ် မြောက်(ငွေရတု)မြန်မာနိုင်ငံ ရုပ်ရှင်နှင့်ပြဇာတ် အစည်းအရုံးကြီး ဖွင့်ပွဲ သို့ ဗိုလ်ချုပ် အောင်ဆန်း က လာရောက်၍ ဖွင့်လှစ်ပေး ခဲ့ ပုံကို သမိုင်း မှတ်တမ်း ဓာတ်ပုံများ တွင် မြင်တွေ့ ဖူးပါသည်။
 
ဗိုလ်ချုပ်အောင်ဆန်း ၏ ငယ်စဉ် ဘ၀သည် ထူးခြား လှသည်။ နတ်မောက် မြို့ဖွားဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်း ၏ ငယ်ဘ၀ကို စတင်ပြသ ရမည့်ပြကွက်ဖြစ် သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ငယ်စဉ် ကတည်း ကပင် အမှန် ကိုမြတ်နိုးသူ၊ ကြိုး စား ထက်မြက်သူ ၊ လူသားချင်း စာနာသနား တတ်သူ၊ စစ်တိုက်တန်း ကစားရသည်ကို ၀ါသနာထုံသူဖြစ်ရာ ရုပ်ရှင် အနေနှင့် သရုပ်ဖော် ရိုက်ပြရန် အလွန်ကောင်းသော ပြကွက် များဖြစ်သည်။
 
ဗိုလ်ချုပ်အောင်ဆန်း အတ္တူ   ပ္ပတိ္တ ရုပ်ရှင် ဇာတ်ကားကြီး သည် မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းနောက် ခံဖြစ်ရပ် များဖြစ် လေရာ ဗိုလ်ချုပ်အောင်ဆန်း ၏ စွန့်လွှတ် စွန့်စား ခဲ့ရပုံ များ၊ ဗိုလ်ချုပ်နှင့် အတူ ထို ခေတ် ၊ ထိုအခါက သက်ရှိ ထင်ရှား ရှိခဲ့သူ များ၏ ရုပ်ပုံလွှာ များသည် ၀တ္တူဇာတ် လမ်းထဲမှ ဇာတ်ကောင် များ မဟုတ်ကြ(သမိုင်းကြောင်း ထဲမှာ အမှန် လှုပ်ရှားခဲ့ကြ သူများ)သောကြောင့် သရုပ်ဆောင် များ ကို တကယ်ဖြစ်ရပ်နှင့် တစ်ထပ်တည်း ကျ စေရန် လိုပါသည်။ (ဆရာလုပ်ခြင်းမဟုတ်ပါ)
  
မြန်မာ ရုပ်ရှင်လောက ၌ ထင်ရှား ကျော်ကြားခဲ့သော ရုပ်ရှင် ဒါရိုက်တာကြီး ရွှေဒုံး ဘီအောင် သည် စစ်မဖြစ်မီ ကာလ က ဗြိတိသျှ ဘားမားရုပ်ရှင် ကုမ္ပဏီ မှ “စစ် သူကြီး မဟာဗန္ဓူ  လ”ရုပ်ရှင် ကားကို ရိုက်ကူး ရန်ကြိုးစား ခဲ့ပါသည်။ 
 
သို့သော် စစ်ကြီး ဖြစ်လာ သဖြင့် အကောင် အထည်မဖော် နိုင်တော့ချေ။ စစ်သူကြီး မဟာဗန္ဓုလ သည် မြန်မာ လူမျိုးများ အတွက် အတုယူစရာ၊ ဂုဏ်ယူ စရာ မြန်မာ စစ်သူကြီး တစ်ဦးဖြစ်ပါသည်။ နယ်ချဲ့ တို့ ကပင် လေးစား ခဲ့ရသော မြန်မာ သူရဲကောင်းဖြစ်သည်။ သို့သော် စစ်သူကြီး မဟာဗန္ဓူလ ကို သိမှီ လိုက်သူ မရှိသဖြင့် အလှမ်းဝေး လှသည်ဟု ဆိုရပါမည်။

ဗိုလ်ချုပ်အောင်ဆန်း ကိုတော့ သိမှီ လိုက်သူတွေက များလှသည်။ ဗိုလ်ချုပ် အတ္တူ  ပ္ပတိ္တစာအုပ် များ၊ သမိုင်း ၀င်မှတ် တမ်း ဓာတ်ပုံ များ၊ မှတ်တမ်း ရုပ်ရှင် မှ ပြန်လည် ကူးယူ ထားသည့် ဗိုလ်ချုပ်အောင်ဆန်း ၏ လှုပ်ရှား မှု များရှိနေရာ ဗိုလ်ချုပ် အောင်ဆန်းနှင့် ပတ်သက်၍ မသိ ရသေး သော ဖြစ်ရပ် များကို ရုပ်ရှင် ဇာတ်လမ်း ထဲ တွင်မြင်ချင် သိချင်နေကြသည်။ 
 
ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတိ္တ ရုပ်ရှင်ပေါ်ထွက် လာရေး ကို ပြည်သူ အားလုံးကမျှော်လင့် နေကြသည်။
ဗိုလ်ချုပ်အောင်ဆန်း ကို ချစ်မြတ်နိုး သူတိုင်း က ဗိုလ်ချုပ် ၏မြန်မာ ဆန်ခြင်း ကို လေးစားကြသည်။ မိသားစု ဘ၀ ကို အချိန် တို ကလေးသာ ရခဲ့သော ဗိုလ်ချုပ် ဘ၀ တွင်ကြည်နူး စရာလေးများ ရှိခဲ့သည်။ 
 
အထူး သဖြင့် ဇနီးဖြစ် သူ ကို စာတို ကလေး ရေးပြီး “ကြည်ရေ ပဲပြုတ်နဲ့ နံပြားစားချင် တယ်”ဟု ပြောခဲ့ ပုံ မှာ အမျိုးသားခေါင်းဆောင် တစ်ဦး ၏ ချစ်စရာကောင်းသော စိတ်ဓာတ် ကိုပြ သနိုင်သောပြ ကွက်လေး ဖြစ်နေ သည်။

ဗိုလ်ချုပ်အောင်ဆန်း အတ္တူ  ပ္ပတိ္တဇာတ် ကားသည် သမိုင်းနောက်ခံ ကျယ်ဝန်း သောကြောင့် နိုင်ငံတော် အစိုးရ ၏ ပံ့ပိုး ကူညီမှု ကလည်း အမှန်ပင် လိုအပ်ကြောင်း ယူဆမိပါသည်။ ဗိုလ်ချုပ်အောင်ဆန်း အတ္တုပတိ္တ ရုပ်ရှင်၌ ဗိုလ်ချုပ်ပြတိုက်အဖြစ် လုပ်ထားသော အိမ်သည်လည်း ရိုက်ကူး ရမည့်ဇာတ်ဝင်အိမ်ဖြစ်နေသည်။ 
 
ယခင် အတိုင်းရှိအောင် ထိန်းသိမ်း ထားသည်ကို ကျေးဇူး တင်မိသည်။ ထိုအိမ် တွင် ဗိုလ်ချုပ် တို့ မိသားစု ၏ ဘ၀ကို အသေးစိပ် ရိုက်ကူး ပြသရမည်ဖြစ်သည်။ သား အလတ်အောင်ဆန်းလင်းရေနစ်သေဆုံး သွားသော အခါ အမျိုးသားခေါင်းဆောင်ကြီး ၏ ကြေကွဲနေပုံ ကို ရင်နင့် ဖွယ်ဖြစ်အောင် ပြသ ရမည့်ပြကွက် ဟု ဆိုချင်သည်။

နိုင်ငံတကာ အဆင့်မီ ရုပ်ရှင်ဇာတ် ကားကြီးဖြစ်ရန် ကြိုးပမ်းကြမည် ဆိုပါ လျှင် မိတ်ကပ် အထူးကျွမ်း ကျင်သော ပညာရှင် များ၊ ကွန်ပျူတာ အထူးပြုလုပ် ချက်ကို ဖန်တီးပေးနိုင်သောပြည်တွင်း ပြည်ပ ပညာရှင်များ လိုအပ်ပါသည်။

သမိုင်းနောက်ခံ ကျယ်ပြန့်သော ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတိ္တ ရုပ်ရှင် ကို ဖန်တီး ရိုက်ကူး ကြရာတွင် ရသ လည်း မြောက် ရပါမည်။ အားမာန်လည်း ပါရ ပါ မည်။ ဇာတ်ကောင် များက သမိုင်းဖြစ်ရပ် များကို ဖော်ကြူး ကြမည်ဖြစ်ရာ သရုပ် ဆောင် များ၏ သရုပ်ဆောင် မှုများ ပီပြင် စေရန် အချိန်ယူ၍ စနစ်တကျ သင် ကြားပေးရန် လိုအပ် လှပါကြောင်း တင်ပြရင်း ဗိုလ်ချုပ်အောင်ဆန်း အတ်္ထုပ်္ပတိ္တ ရုပ်ရှင် ဇာတ်ကားကြီး ကို လွမ်းမော စွာကြို ဆိုလိုက် ရပါသတည်း။

မန္တလာမျိုးနွယ်
Hot News Journal
From...Myanmar Online News
 
 
 

No comments:

Post a Comment