မက္ကဆီကိုနိုင်ငံ မှ စစ်မှုထမ်းဟောင်း လူငယ် တစ်ဦးသည် Facebook တွင် တင်ရန် မိမိ ကိုယ် ကိုယ် သေနတ်ဖြင့် ချိန်ပြီး မိုဘိုင်းဖုန်း ကင်မရာဖြင့် ဓာတ်ပုံ ရိုက်စဉ် ကျည်ထွက် သွားသဖြင့် ကွယ်လွန် သွားခဲ့ကြောင်း The standard မီဒီယာ က ဖော်ပြထားသည်။
အော်စကာအိုတီယို အော်ဂူလီယာ အမည် ရှိ ထို စစ်သားဟောင်း လူငယ် သည် လူမှု ကွန်ရက် မီဒီယာပေါ် မှာ ဓာတ်ပုံ အဆန်း အပြားများ တင်ခြင်း ဝါသနာကြီး သူ ဖြစ်ပြီး ၎င်း ကွယ်လွန်ချိန် ၌ အသက် ၂၁ နှစ် ရှိပြီဖြစ်ကာ မက္ကဆီကို စီးတီး မြို့တော် သား တစ်ဦး ဖြစ်သည်။
Facebook ပေါ် တင်ထားသည့် ဓာတ်ပုံများတွင် ပြိုင်ကားများ၊ မိန်းမလှများ၊ တီးဝိုင်းပစ္စည်းများဖြင့် ထူးထူးဆန်းဆန်း ပုံစံများ ရိုက်ထားသည်ကို တွေ့ရသည်။
သေနတ်တစ်လက်ကို ငှားပြီး မိမိကိုယ်ကိုယ်ချိန်ပြီး ပြန်ရိုက်ခဲ့ရာ ကျည်ဆန် ရုတ်တရက် ထွက်သွားခဲ့ပြီး ကွယ်လွန်ခဲ့ရခြင်း ဖြစ်သည်။
အင်တာနက် လူမှုကွန်ရက် မီဒီယာများတွင် မိမိကိုယ်ကို ဖုန်းဖြင့် ဓာတ်ပုံရိုက်ခြင်း (Selfie) ရိုက်ခြင်းများ အလွန်အမင်း ခေတ်စားလာခဲ့ကာ အချို့မှာ အစွဲအလမ်းများပင် ဖြစ်လျက်ရှိပေသည်။
“သေနတ်သံ တစ်ချက် ကြားလိုက် ပါတယ်။ လူတစ်ဦး အော်လိုက် သံကို အသည်းအသန် ကြားလိုက် ရ ပါတယ်။ တစ်ယောက်ယောက်တော့ ထိသွားပြီ ဆိုတာ ကို သိလိုက် တာမို့ ရဲကို လှမ်းတိုင် လိုက်ပါတယ်။
ရဲတွေ ရောက်လာတဲ့ အထိ သူ အသက် ရှိပါသေးတယ်” ဟု အိမ်နီးချင်း တစ်ဦးဖြစ်သူ အသက် ၅၇ နှစ် အရွယ် ပေအက်စ်ပေအက်စ် က ပြောကြားခဲ့သည်။
အဆိုပါ လူငယ်လေးသည် ဆေးရုံ သို့ သွားနေသည့် လမ်းပေါ်တွင် ပင် ကွယ်လွန် အနိစ္စ ရောက် သွား ခဲ့သည်။
ရဲက မျက်မြင် သက်သေများ ကို မေးမြန်းစစ်ဆေး ခဲ့ရာ အော်စကာအိုတီယို ဟာ selfie ဓာတ်ပုံ ရိုက်ရင်း ကျည် ထွက်သွား ခဲ့ခြင်း ဖြစ်သည်ဟု ထွက်ဆိုကြသည်။
The Voice Weekly
From...Myanmar Online News
No comments:
Post a Comment