*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 13 August 2014

ဒေါ်လာဖြင့် လုပ်ကိုင်ခွင့်ပြုသည့် ပုဂ္ဂလိက အာမခံ ကုမ္ပဏီ လေးခု အနက် IKBZ နှင့် Grand Guardian ကုမ္ပဏီ (ရွှေတောင်) တို့အား စတင် လုပ်ကိုင်ခွင့်ပြု

 

ဒေါ်လာဖြင့် လုပ်ကိုင် ခွင့်ပြုသည့် ပုဂ္ဂလိက အာမခံ ကုမ္ပဏီ လေးခု အနက် IKBZ နှင့် Grand Guardian ကုမ္ပဏီ (ရွှေတောင်) တို့အား ငွေဖြူ  ဟုတ်မဟုတ် စိစစ်ပြီးဖြစ်၍ စတင် လုပ်ကိုင်ခွင့်ပြု...
   
မြန်မာ့ အာမခံ လုပ်ငန်းက ပုဂ္ဂလိက အာမခံ ကုမ္ပဏီလေးခု ကို ဒေါ်လာဖြင့် အာမခံ လုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြုပေး ခဲ့ရာ အာမခံ ကုမ္ပဏီ များမှ ပေးသွင်း ရမည့် မ,တည် ရင်းနှီးငွေ ဒေါ်လာ ငါးသိန်း ကို ငွေဖြူ ဟုတ် မဟုတ် စိစစ်ပြီးဖြစ် ၍ IKBZ နှင့် Grand Guardian Insurance ကုမ္ပဏီနှစ်ခု အား လုပ်ငန်း စတင် ခွင့်ပြု လိုက်ကြောင်း မြန်မာ့ အာမခံ ကြီးကြပ်ရေး အဖွဲ့မှ သတင်းရရှိသည်။
  
 ဒေါ်လာဖြင့် အာမခံ လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိရန် ကုမ္ပဏီလေးခုဖြစ်သည့် Grand Guardian, IKBZ, First National Insurance နှင့် အောင်သစ္စာဦး ကုမ္ပဏီ တို့အား ခွင့်ပြုပေးခဲ့ ရာ ယင်း အနက်မှ IKBZ, Grand Guardian Insurance ကုမ္ပဏီနှစ်ခု အား လုပ်ငန်း လုပ်ကိုင်ခွင့် ပြုခဲ့ခြင်းဖြစ်သည်။


“ဒေါ်လာနဲ့ အာမခံ ထားခွင့်ပြု တဲ့ ကုမ္ပဏီလေးခု မှာ နှစ်ခု က ငွေဖြူ  ဟုတ်မဟုတ် စစ်ဆေးပြီးဖြစ်လို့ လုပ်ငန်း စတင်လုပ်ကိုင် လို့ ရပါပြီ ။ ကျန်တဲ့နှစ်ခုဖြစ် တဲ့ First National Insurance နဲ့ အောင်သစ္စာဦး ကတော့ စစ်ဆေးနေဆဲ ပါပဲ။

 စစ်ဆေးပြီးတဲ့ ကုမ္ပဏီနှစ်ခု အနေနဲ့ ညွှန်ကြားချက် ထုတ်ပြီး ရင် စလုပ်လို ရပါပြီ” ဟု အာမခံလုပ်ငန်း ကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်း က ပြောကြားသည်။

ပုဂ္ဂလိက အာမခံ ကုမ္ပဏီ ၁၂ ခုရှိသည့် အနက် လုပ်ငန်း စွမ်းဆောင်ရည်ပေါ် မူတည် ကာ ပုဂ္ဂလိက အာမခံ ကုမ္ပဏီလေးခု ကို ဒေါ်လာဖြင့် အာမခံ လုပ်ငန်း လုပ်ကိုင်ခွင့်ပြု ခဲ့ပြီး ယင်း ကုမ္ပဏီများမှ မ,တည် ရင်းနှီးငွေ ဒေါ်လာ ငါးသိန်း ကို လုပ်ငန်း လုပ်ကိုင်ရန် ပေးသွင်း ရမည်ဖြစ်ပြီး ယင်းငွေ များကို MICB ဘဏ် တွင် ငွေစာရင်း ထည့်သွင်း ရကြောင်း သိရသည်။

ဒေါ်လာဖြင့် အာမခံ ထားခြင်းမှာ အာမခံ ထားသူများ အနေဖြင့် ဒေါ်လာဖြင့် အာမခံထား ရှိလျှင် လျော်ကြေးပေး အပ်သည့် အခါတွင် ဒေါ်လာဖြင့်သာ ပေးလျော်ရမည်ဖြစ်သည်။

ထို့အပြင် အာမခံ ထားရှိ ရာတွင်လည်း ဖြစ်စဉ် တစ်ခုကို တစ်ကြိမ် လျှင် ဒေါ်လာ ငါးသောင်းသာ ထားခွင့် ရှိကြောင်း သိရသည်။ 

၂ဝ၁၃ ခုနှစ် မေ ၂၈ ရက်မှ စတင်ကာ ပုဂ္ဂလိက အာမခံ ကုမ္ပဏီ များကို လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ပေး အပ် ခဲ့ပြီး အသက် အာမခံ၊ မီးအာမခံ ၊ ငွေပို့ငွေသယ် အာမခံ၊ ငွေသား လုံခြုံမှု အာမခံ၊ သမာဓိ အာမခံ၊ အလုံး စုံမော်တော်ယာဉ် အာမခံ စသည့် အမျိုးအစား ခြောက်မျိုး ကိုသာ ကနဦး အနေဖြင့် လုပ်ကိုင် ခွင့်ပေး ခဲ့ပြီး ၂ဝ၁၄ ခုနှစ်မေတွင် အထူး ခရီးသွား အာမခံ ကို ထပ်မံ လုပ်ကိုင် ခွင့်ပြု ခဲ့ကြောင်း သိရသည်။

ပုဂ္ဂလိက အာမခံ ကုမ္ပဏီများ အနေဖြင့် အသက် အာမခံ သီးသန့်သာ လုပ်ကိုင် လိုလျှင် ကျပ်ငွေခြောက် ဘီလျံ ရင်းနှီး ရပြီး အထွေထွေ အာမခံ လုပ်ကိုင် လိုလျှင်မူ မ,တည်ရင်းနှီးငွေ အနေဖြင့် ကျပ် ၄၆ ဘီလျံ ကို မြန်မာ့ စီးပွားရေးဘဏ် သို့ စာရင်းပေးသွင်းရသည်။ 

ထိုငွေ ၏ ရာခိုင်နှုန်း ၆ဝ ကို လုပ်ငန်း အထွေထွေ စရိတ် အတွက် သုံးစွဲခွင့် ရှိပြီး ကျန်ရာခိုင်နှုန်း ၄ဝ မှာ လျော်ကြေးငွေ များ ပေါ်ပေါက် လာပါက ဖြေရှင်းနိုင်ရန် မြန်မာ့ အာမခံတွင် အပ်နှံ ထားရကြောင်း သိရသည်။

ကမ္ဘောဇဘဏ် သည် ယခုသုံးနှစ် အတွင်း ဘဏ် တစ်ခုတည်း အနေဖြင့် ပင် နိုင်ငံတော် သို့ အခွန်ငွေ ကျပ် ၅၅ ဘီလျံကျော် ပေးဆောင် ခဲ့ပြီး မြန်မာနိုင်ငံ အတွင်း လုပ်ငန်း ကုမ္ပဏီများ ထဲတွင် အခွန် အများ ဆုံး ပေးဆောင် ထားသော လုပ်ငန်းစုဖြစ်သည်။

Grand Guardian ကုမ္ပဏီ ကို အဓိက တည်ထောင်သော ရွှေတောင် ကုမ္ပဏီသည် ၎င်း တို့၏ ရင်းနှီးမြုပ်နှံငွေ မှာ ဒေါ်လာ သန်း ၅ဝဝ အထိ ရှိသည်ဟု နိုင်ငံတကာ သတင်းများ တွင် ဖော်ပြ ထားကြောင်း ၊ အခွန်ပေးဆောင် မှု အပိုင်းတွင် မူ ယခုနှစ် ပိုင်းမှ သာ ထိပ်ပိုင်း စာရင်းတွင် စတင် ပါဝင် လာကြောင်း သိရသည်။
 From...Eleven Media Group
 

No comments:

Post a Comment