*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 23 August 2014

MPTက ဖုန်းခေါ်ဆိုခ ကို တစ်မိနစ် အနည်းဆုံး ကျပ် ၂၀ မှ အများဆုံး ကျပ် ၅၀ အတွင်း သာ သတ်မှတ်ကောက်ခံ ရန် စီစဉ်နေပြီး အင်တာနက် အသုံးပြုခ ကိုလည်း လက်ရှိဈေးထက် မပိုသည့်နှုန်းဖြင့်သာ ကောက်ခံရန် စီစဉ်နေ



မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း MPTမှ ပြည်တွင်း မိုဘိုင်းဖုန်းခေါ် ဆိုခနှုန်း ထားများ ပြောင်းလဲ သတ်မှတ် ရာတွင် ကနဦး သတင်းများ အရ တစ်မိနစ် လျှင် အနည်းဆုံး ကျပ် ၂ဝ မှ အများ  ဆုံး ကျပ် ၅ဝ အတွင်း၌ သာ သတ်မှတ်ကောက်ခံရန် စီစဉ်နေကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက် အလက် နည်းပညာ ဝန်ကြီး ဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအသိုင်းအဝိုင်း မှ စုံစမ်းသိရှိရသည်။

MPTအနေဖြင့် ဈေးကွက် ယှဉ်ပြိုင်မှု အရ ပြည်တွင်း မိုဘိုင်းဖုန်းခေါ်ဆိုခ များကို ပြောင်းလဲ သတ် မှတ်ကောက်ခံ ရန် စီစဉ်နေခြင်းဖြစ်ပြီး လက်ရှိ တွင် ပြည်တွင်းခေါ်ဆို ခ မှာ နံနက် ၇ နာရီမှ ည ၁၁ နာရီ အချိန် အတွင်း တစ်မိနစ် ကျပ် ၅ဝ ပုံသေနှုန်းဖြင့်လည်းကောင်း၊ သုံးစွဲမှု နည်းပါးသော ည ၁၁ နာရီ မှ နံနက် ၇ နာရီကြား အချိန်၌ သာ တစ်မိနစ် ၂၅ ကျပ်နှုန်းဖြင့်လည်းကောင်း သတ်မှတ်ကောက် ခံခြင်း ဖြစ် သည်။


 
ယခု ပြောင်းလဲကောက်ခံ ရန် စီစဉ်နေ သည့် အနေအထားအရ ဆိုပါက မိုဘိုင်းဖုန်း အထွက်ခေါ်ဆိုခ ကို တစ်မိနစ် အနည်းဆုံး ကျပ် ၂ဝ မှ အများ ဆုံး ကျပ် ၅ဝ အတွင်းသာ သတ်မှတ်ကောက်ခံ မည်ဖြစ်သည့် အတွက် ဖုန်းခေါ်ဆိုခ မှာ လက်ရှိ ထက် ထပ်မံ သက်သာ မည်ဖြစ်ကြောင်း ကနဦး သတင်းများ အရ သိရသည်။

ပြည်တွင်း ဖုန်းခေါ်ဆိုခ အပြင် SMS ပေးပို့ ခနှင့် အင်တာနက် အသုံးပြုခနှုန်းထား များကို လည်း ပြောင်း လဲကောက်ခံရန်  စီစဉ်နေကြောင်းနှင့် လက်ရှိတွင် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ ထံ ခွင့်ပြု ချက်တောင်းခံ ထားကြောင်း သိရသည်။

လက်ရှိ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မှ SMS ပေးပို့ခ အဖြစ် တစ်စောင်လျှင် ၂၅ ကျပ်နှုန်းဖြင့် ကောက် ခံနေခြင်းဖြစ်ကြောင်း၊ လက်ရှိ တစ်စောင် ၂၅ ကျပ် အစား SMS တစ်စောင် လျှင် ၁ဝ ကျပ် မှ ၂၅ ကျပ် အတွင်း သာ ပြောင်းလဲ သတ်မှတ်ကောက်ခံ ရန် စီစဉ်နေခြင်းဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

အင်တာနက် အသုံးပြုခ အနေဖြင့် လက်ရှိ တွင် 2G အတွက် တစ်မိနစ် နှစ်ကျပ်၊ 3G အတွက် တစ်မိ နစ် လေး ကျပ်နှုန်းဖြင့် ကောက်ခံလျက် ရှိသည်။ 

အင်တာနက် အသုံးပြုခ အား ပြောင်းလဲ သတ် မှတ်ကောက် ခံ ရာတွင် မူ လက်ရှိ ကျင့်သုံးနေသည့် Time Base ဖြင့် ဆက်ကောက်မည် ဆိုပါက လက် ရှိဈေး 2G အတွက် တစ်မိနစ် နှစ်ကျပ်၊ 3G အတွက် တစ်မိနစ် လေးကျပ်နှုန်း ထက် မပိုသော နှုန်းထားဖြင့် သာ သတ်မှတ်ကောက်ခံ ရန် စီစဉ် ထားခြင်းဖြစ် သည် ဟု သိရသည်။

အင်တာနက် အသုံးပြုခ အား Volume Base ဖြင့် ပြောင်းလဲကောက်ခံ ရန် စီစဉ်နေကြောင်း ကိုလည်း မြန် မာ့ ဆက်သွယ်ရေး အသိုင်းအဝိုင်း မှ စုံစမ်း သိရှိရသည်။ 

အင်တာနက် အသုံးပြုခ အပြင် လက်ရှိ အင်တာနက် ကနဦး တပ်ဆင်ခ ကျပ် ၁ဝဝဝဝ ကောက်ခံနေမှု ကိုလည်း ပြင်ဆင်ပြောင်းလဲရန် စီစဉ်နေပြီးနောက်ပိုင်း တွင် အင်တာနက် ကနဦး တပ်ဆင်ခ ကျပ် ၁ဝဝဝဝ ကို လုံးဝ ကောက်ခံခြင်း မပြုတော့ ဘဲ အခမဲ့ တပ်ဆင်ခွင့်ပေးရန် စီစဉ်နေသည် ဟု သိရသည်။

အော်ရီဒူး မှ လက်ရှိ ကောက်ခံနေသည့်နှုန်း များ မှာ ပြည်တွင်းဖုန်းခေါ်ဆိုခ  အော်ရီဒူးဖုန်း အချင်းချင်း ဆိုပါက တစ်မိနစ် ၂၅ ကျပ်၊ အခြား ဖုန်းများသို့ခေါ်ဆို ပါက တစ်မိနစ် ၃၅ ကျပ် ကောက်ခံ လျက်ရှိကြောင်း၊ SMS တစ်စောင်လျှင် ၂၅ ကျပ်နှုန်းဖြင့်ကောက် ခံနေပြီး အင်တာနက် အသုံးပြုခ အဖြစ် 1MB လျှင် ၂၅ ကျပ် (Package ဈေး မဟုတ်ပါ) ကောက်ခံလျက် ရှိသည်။

From...Search Myanmar


No comments:

Post a Comment