*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 18 August 2014

ရန်ကုန် မြို့ပတ်လမ်း ဂျပန် က RBE အဲကွန်း ရထားတွဲ စပြေးပြီ

10603658_562555537189367_3808385738188333548_n 
 
ဂျပန်နိုင်ငံ က တင်သွင်း လာတဲ့ RBE Aircon ရထား တွဲ ၅တွဲ ကို ရန်ကုန်မြို့ပတ် မီးရထားလမ်း မှာ တစ်နေ့ ၇ခေါက်နှုန်း နဲ့ သြဂုတ် ၁၆ ရက်က စပြီး စတင်ပြေးဆွဲနေပြီ လို့ မြန်မာ့မီးရထား က ပြောလိုက် ပါပြီ။ 

ဂျပန် အဲကွန်း ရထားတွေ ရဲ့လက်မှတ်ဈေး က ဘယ်လောက်လဲ။ ခရီးသည် ၆၂ဝ တင်ဆောင်နိုင် တဲ့ ဒီ RBE Aircon ရထားတွဲတွေ ကို တစ်ယောက်ကို ကျပ် ၃ဝဝနဲ့ စီးနင်းနိုင်ပြီး မနှစ် က တင်သွင်းပြေးဆွဲနေတဲ့ ၆တွဲ ပါ အတွဲ ဆိုင်း နှစ်ဆိုင်း ကိုလည်း ကျပ် ၄ဝဝ ကနေ ၃ဝဝဖြစ်အောင် လျှော့ချ သွားမှာ ပါလို့ ဦးအောင်မြင့်လှိုင် က ပြောပါတယ်။ 


 လှော်ကား အပါအဝင် မြို့ပတ် ရထားလမ်း ခရီးစဉ် တစ်လျှောက် သက်တောင့် သက်သာ စီးနင်းနိုင် ဖို့ အတွက် တင်သွင်း ထားတဲ့ ဒီ ရထားတွဲတွေ ကို ခရီးသည်တွေ ကလည်း စည်းမဲ့ ကမ်းမဲ့ မလုပ် ဘဲ ရေရှည် ထိန်းသိမ်း ဖို့ စည်းကမ်း ရှိကြရင် နှစ်ဦးနှစ်ဖက် အကျိုး ရှိပါတယ်လို့ ဆိုပါတယ်။
 

ရုံးချိန် အတွင်း ရန်ကုန် ဘူတာကြီး ကိုသွားဖို့ အင်းစိန် နဲ့ မင်္ဂလာဒုံ ကနေ အနည်းဆုံး ရထား ၆စီး၊ တိုးကြောင် ကလေး ဘူတာ ကနေ ၃စီး ကို ၁၅ မိနစ်တစ်ကြိမ် ပြေးဆွဲနေပြီး ရုံးချိန် မဟုတ်တဲ့ နေ့လည်ပိုင်း မှာတော့ အခေါက်ရေ လျော့မှာဖြစ်တယ် လို့ ပြောပါတယ်။

ခရီးစဉ် အသွား အပြန် ကို ငွေ ၁ဝဝ နဲ့ စီးနေရတာ ထက် အဲကွန်း တပ်ထားတဲ့ ရထားကို သန့်သန့်ရှင်းရှင်း စီးနင်း ရတာကြောင့် ဈေးလည်း သင့်တော်ပြီး စီးဖြစ်မှာဖြစ်ပေမယ့် ရထား သန့်ရှင်း ဖို့ရေရှည် ထိန်း သိမ်းရေး အတွက် တွဲစောင့် ထားပေးရင် အဆင်ပြေမယ်လို့ ခရီးသည် တစ်ယောက်ဖြစ်တဲ့ ကိုမျိုးဇော်ဦး က ဆိုပါတယ်။ သူ အဓိက ပူပန်တာက ခရီးအချိန် မှန်ဖို့ပဲလို့ ပြောပါတယ်။


Kamayut Media
From...Search Myanmar

 

No comments:

Post a Comment