*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 1 August 2014

Telenor မှ 4G ဆင်းကတ် သန်း (၃၀) စတင်ရောင်းချပေးမည်


00825 
 
Telenor မှ 4G အထိ အသုံးပြုနိုင်သည့် မိုဘိုင်း ဆင်းကတ် သန်း (၃၀) အား (၁၅၀၀) ကျပ်နှုန်းဖြင့် ရောင်း ချမည် ဖြစ်သည်။

အဆိုပါ ဆင်းကတ် များ တွင် Video Call, Voice Mail, Internet, SMS စသည့် ၀န်ဆောင်မှုများ ကိုလည်း ထည့်သွင်း ဆောင်ရွက် ထားကြောင်း Telenor Mynmar မှ သိရသည်။ Telenor အနေ နဲ့တော့ စပြီး ကတိ ပေးထားတဲ့ အတိုင်း လိုင်စင် ရပြီး ရှစ်လ အကြာမှ ရောင်းချပေးမယ်။ ဆင်းကတ် က 2G,3G သုံး လို့ ရပါတယ်။

ဈေးနှုန်း ချိုသာ တဲ့ ဟန်းဆက် ကိုပါ ရောင်းချပေး ဖို့ စီစဉ် ထားတယ် ဟု Telenor Mynmar မှ ပြန် ကြားရေး တာဝန်ခံ ကိုစိုးသူ က ပြောသည်။ 


4G အထိ အသုံးပြုနိုင် သည့် ဆင်းကတ် များအား တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ဖြန့်ဖြူးး ရောင်း ချပေး သွားမည် ဖြစ်ပြီး ဆင်းကတ် ၀ယ်ယူ ရာတွင် မှတ်ပုံတင် တစ်ခုဖြင့် လိုသ လောက် ၀ယ်ယူ နိုင် မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆင်းကတ် များ၏ ဈေးနှုန်း အားကျပ် (၁၅၀၀) သတ်မှတ် ထား သော်လည်း ငွေဖြည့်ကတ် မှာမူ တစ်မိနစ် (၂၅)ကျပ်နှုန်းဖြင့် အကြမ်းဖျင်း သတ်မှတ် ထားပြီး အင်တာနက် အသုံးပြု ခမှာ လက်ရှိ MPT ဈေးနှုန်း ထက် လျော့နည်း သွားမည် ဖြစ်ကြောင်း Telenor Mynmar မှ သိရသည်။
 
ဘယ်သူပဲ ရောင်းရောင်း ဈေး သက်သာပြီး လိုင်းကောင်း တဲ့ ဆင်းကတ် ကိုပဲ ၀ယ်မှာပါ။ အခု သုံးနေတဲ့ MEC ဆင်းကတ် ဆိုရင် လိုင်း မမိတာနဲ့ တော် တော် စိတ်ညစ် ရတယ် ဟု ကုမ္ပဏီ ၀န်ထမ်း မနွယ်နီဝင်း က ဆိုသည်။ 

လက်ရှိ မြန်မာနိုင်ငံ ၏ ဆက်သွယ်ရေး ကဏ္ဍ အဆင့်မြှင့်တင်ရန် မြန်မာ့ ဆက်သွယ် ရေးလုပ်ငန်း၊ ရတနာပုံ တယ်လီပို့ ၊ Ooredoo နှင့် Telenor တို့ ယှဉ်ပြိုင် လုပ်ကိုင်နေပြီး ယင်း ထဲမှ Ooredoo သည် ပြည်သူများ အား စိတ်ဝင် စားဖွယ် ၀န်ဆောင်မှု များဖြင့် စတင် ရောင်းချပေးလျက် ရှိသည်။
From...Messenger
 

No comments:

Post a Comment